YBS ယာဉ်မောင်းများ ယာဉ်မောင်းနှင်နေစဉ်အတွင်း ဆေးလိပ်သောက်ခြင်း၊ ဖုန်းပြောခြင်းများပြုလုပ်ပါက ငွေကျပ် ၃၀၀၀၀ ဒဏ်ရိုက်မည်

0
110

ရန်ကုန်မြို့တွင်းမောင်းနှင်နေသည့် YBS ယာဉ်မောင်းများအနေဖြင့် ယာဉ်မောင်းနှင်နေစဉ်အတွင်း ဆေးလိပ်သောက်ခြင်း၊ ဖုန်းပြောခြင်းများကို စစ်ဆေးတွေ့ရှိပါက ဒဏ်ကြေး ငွေ (၃၀၀၀၀) ဒဏ်ရိုက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ထံမှ သိရသည်။ 

YBS စီးနင်းသည့် ခရီးသည်များအနေဖြင့်လည်း ယာဉ်မော င်းများ ယာဉ်မောင်းနေစဉ်အတွင်း ဆေးလိပ်သောက်ခြင်းနှင့် ဖုန်းပြောခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိပါက တိုင် ကြားနိုင်ကြောင်းလည်း အသိပေးထားသည်။ 

” YBSယာဉ်မောင်းတွေကို ကားပေါ်မှာ ဆေးလိပ်မသောက်ဖို့နဲ့ ဖုန်းမပြောဖို့ကို ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဘယ်လိုပဲကြည့်ကြည့် မသင့်တော်ဘူး။ အမြင်လည်း မသင့်ဘူး။ ခရီး သည်တွေအတွက်လည်း အန္တရာယ်ရှိတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မ တီ (YRTC) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရီးသည်များအနေဖြင့် ဆက်သွယ်တိုင်ကြားလိုပါက ရန်ကု န်တိုင်းဒေသကြီးပုဂ္ဂလိ ကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏ call centre နံပါတ်ဖြစ်သည့် ဖုန်းနံပါ တ် 094 48147149 ၊ 09448147153 တို့၏ Viber များမှတဆင့်ဓာတ်ပုံနှင့်တကွ တိုင်ကြားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here