ရာဖာအရေး ဘိုင်ဒင်ထပ်လောင်းသတိပေး

0
52

ဝါရှင်တန်၊ဧပြီ ၂၉

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ဂါဇာနယ်စပ်မြို့ ရာဖာအားကျူးကျော်ဝင်ရောက်လာနိုင်သည့် အလားအလာနှင့်ပတ်သက်၍ ၎င်း၏ရှင်းလင်းပြတ်သားသောရပ်တည်ချက်ကို ထပ်လောင်း အတည်ပြုခဲ့သည်ဟု အိမ်ဖြူတော်ကပြောကြားခဲ့သည်။

အိမ်ဖြူတော်၏ကြေငြာချက်၌ အ သေးစိတ်အချက်အလက်များကို မဖော်ပြထားသော်လည်း  သင့်လျော်ပြီး ယုံကြည်ရလောက်သော လူသားချင်းစာနာထောက်ထားမှု အစီအစဉ်မရှိဘဲ ရာဖာစစ်ဆင်ရေးကို ဝါရှင်တန်က မပံ့ပိုးနိုင်ဟုလည်းပြောကြားခဲ့သည်။

အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေး ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂျွန်ကာဘီကမူ အစ္စရေးသည် ရာဖာကို ထိုးစစ်မစတင်မီ အမေရိကန်၏စိုးရိမ်ပူပန်မှုနှင့် အတွေးအမြင်များအားနားထောင်ရန် သဘောတူခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

“ဆက်လက်၍ သမ္မတက အစ္စရေး လုံခြုံရေးအတွက် ၎င်း၏ကတိကိုလည်းထပ်လောင်း အတည်ပြုခဲ့သည်” ဟုလည်း ကြေငြာချက်တွင်ဖော်ပြထားသည်။

ဟားမတ်စ်၏အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေး၏တုန့်ပြန်မှုများအတွင်း အထိနာခဲ့ရသည့် ဂါဇာကမ်းမြောင်၌ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့်အတူ ဖမ်းဆီးထားသည့့်ဓါးစာခံအချို့ လွတ်မြောက်ရေးကိုပါ ဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။

ထို့ပြင် ဂါဇာကမ်းမြောင်သို့ အကူအညီများပေးပို့နိုင်မည့် ထပ်တိုး ၍ဖွင့်လှစ်ရန် ပြင်ဆင်မှုများအပါအဝင် အကူအညီများပို့ဆောင်ရေး ကိုအရှိန်အဟုန်တိုးမြှင့်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှု၏တိုးတက်မှုကိုလည်း ရေရှည်တည်တံ့ခိုင်မြဲရန် မြှင့်တင်ဖို့လိုအပ်ကြောင်းကိုပါ သမ္မတဘိုင်ဒင်ကအလေးပေးပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here