ပြည်မြို့ ကားကြီးကွင်းအနီးတွင် နေအိမ် (၁)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား

0
148

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကားကြီးကွင်းအနီးတွင် နေ အိမ် (၁)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ နယ်မြေခံမီး သ တ်တပ်ဖွဲ့၊ ဒေသခံများ၊ ပြည်မြို့ပေါ်ရှိ ပရဟိတလူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသ ည်။ 

ဧပြီ (၂၆)ရက်၊ည (၈)နာရီ၊ မိနစ် (၅၀) အချိန်ခန့်က ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ အမှတ်(၆)လမ်းအနီး၊ ဧကရာဇ်လမ်းသွယ်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ပြ ည်ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊  မီးငြှိမ်းသ တ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပြည်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ အရန်မီးသတ်စခ န်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ မီးသတ်ရေသယ်ယာ ဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) အပါဝင်၊ ဒေသခံများ၊ ပြည်မြို့ပေါ်ရှိ ပရဟိတလူမှုကူညီရေးအ သင်းများမှ ဝိုင်းဝန်းကူညီ ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သည့်အတွက် ည (၉)နာရီ (၁၂) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here