MNL League Cup 2024 ဗိုလ်လုပွဲတွင် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်တို့ တွေ့မည်

0
298

MNL League Cup 2024 ဗိုလ်လုပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ မေ(၂၆)ရက် ညနေပိုင်းက နောက်ဆုံး ဗိုလ်ပွဲအတွက် ယှဉ်ပြိုင်ကစားခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့၏ ပွဲစဉ်တွင် ရှမ်းယူနိုက်တက်က ပြိုင်ဘက် ဒဂုံစတားယူနိုက်တက်အသင်းအား (၂)ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်သွားခဲ့ခြင်းဖြစ်သည်။

ယနေ့ပွဲစဉ်၏ ပထမပိုင်းအချိန်တွင် ဒဂုံယူနိုက်တက်အသင်းက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ဒုတိယပိုင်းပွဲစဉ် (၁၀)မိနစ်ခန့်အလိုတွင် ရှမ်းယူနိုက်တက်အသင်းက ပြစ်ဒဏ်ဘောဖြင့် ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ကာ ပွဲစဉ်ပြီးဆုံးခဲ့သည်။

ပြိုင်ဘက်အသင်းနှစ်သင်း သရေကျခဲ့သည့်အတွက် မိနစ် (၄၀)အချိန်ပိုကစားခဲ့ကြပြီးနောက် ရှမ်းယူနိုက်တက်က တစ်ဂိုးထပ်မံသွင်းယူကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ရခြင်းဖြစ် သည်။

ဗိုလ်လုပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့်လည်း ယမန်နေ့ မေ (၂၅) ရက်က ရတနာပုံယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

MNL League Cup 2024 ဘောလုံးပြိုင်ပွဲမှာ မကြာမီရက် ပိုင်းအတွင်း ကျင်းပပြုလုပ်မည့် ရာသီပိတ်ဗိုလ်လုပွဲစဉ်နှင့်အတူ ပြီးဆုံးတော့မည်ဖြစ်ရာ ဗိုလ်လုပွဲစဉ်အား မည်သည့်ရက်တွင် ပြုလုပ်မည်ဆိုသည်ကို မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေဖြင့် အသိပေးကြေညာခြင်းမရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here