ပြည်ပအလုပ်အကိုင် အေဂျင်စီ (၅၆၀) အထိရှိလာ

0
109

ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ အရေအတွက် (၅၆၀)အထိရှိလာပြီဖြစ် ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ပြည်ပအလုပ်အကိုင်အေဂျင်စီ (၅၆၀) တွင် အေဂျင် စီ (၇) ခုသည် လိုင်စင်ယာယီရုပ်သိမ်းခံထားရကြောင်း စာရင်းအချက်အလက်များအရ သိရသည်။

ယခုနှစ်တွင် ပြည်ပအလုပ်အကိုင် ဈေးကွက်ပေါ်မူတည်၍ အေဂျင်စီ အသစ်လျှောက်ထားမှုများရှိသော်လည်း ပြည်ပအလုပ်အကိုင်အေဂျင်စီအသစ်လျှောက်ထားမှု လျော့နည်းလာကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ အသစ် လျှောက်ထားမှုသည် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် များပြားခဲ့ပြီး၊ ၂၀၂၁ ခုနှစ်ဆန်းပိုင်းတွင် အေဂျင်စီ ၃၀၀ ရှိရာမှ နှစ်နှစ်ကျော်ကာ လအ တွင်း နှစ်ဆကျော်တိုးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ယင်းအေဂျင်စီများထဲမှ တစ်ဝက်နီးပါးသည် လုပ် သားစေလွှတ်နိုင်ခြင်း မရှိသလို အချို့အေဂျင်စီများသည် အလုပ်သမားအနည်းငယ်သာ စေလွှတ်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here