550 KW မီးစက်အထိ သုံးနိုင်သော စပါးခွံလောင်စာတောင့်သုံး Gasifier ကိုပြည်တွင်း၌ အောင်မြင်စွာ တီထွင်ဖန်တီး

0
298

550 KW မီးစက်အထိ အသုံးပြုနိုင်သည့် ဒီဇယ်အစားထိုး စပါးခွံလောင်စာတောင့်သုံး Gasifier ကို မြန်မာနိုင်ငံရှိ ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကိုဦးက ကိုယ်ပိုင် ဒီဇိုင်းဖြင့် အောင်မြင်စွာ တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် စပါးခွံလောင်စာတောင့်သုံး Gasifier ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပြီး ဝယ်သူထံ ပို့ဆောင်ပေးတော့မည် ဖြစ်ကာ အဆိုပါ စပါးခွံလောင်စာတောင့်သုံး Gasifier ကို မြန်မာပြည်အထက်ပိုင်းရှိ ဝယ်ယူလိုသူတစ်ဦးမှ တီထွင်ပေးရန်ကမ်းလှမ်းလာခဲ့သဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုတီထွင်ထားတာက မီးပြင်းတစ်နာရီကြာဆက်တိုက်သုံးတိုင်း လောင်စာတောင့် ပိဿာ ၂၀ တစ်အိတ် ကုန်ပါတယ်။ဒီဟာက အရင်တုန်းက အဲဒါမရှိသေးဘူး။ ဘယ်မှာမှလည်းမရှိသေးဘူး။ စပါးခွံလောင်စာတောင့်သုံး Gasifier ဆိုတာပထမ ဦးဆုံးပဲ။ သူက အသုံးပြုတဲ့ပုံစံက အင်ဂျင်တွေအတွက် ဒီဇယ်အစားထိုးပြီးတော့ အသုံးပြုတာပေါ့၊ ဒီဇယ်မသုံးဘဲ စပါးခွံပဲထည့်ပြီး အင်ဂျင်တွေကို Gasifier မောင်းတာပေါ့။ စပါးခွံကို မာခဲနေအောင်လုပ်ထားတဲ့ အတောင့်နဲ့အင်ဂျင်တွေကို လောင်စာဆီအစားထိုးပေးတဲ့ ဓာတ်ငွေ့ထုတ်တဲ့ ဖိုပါ။ လိုချင်တဲ့သူက ဒီလိုမျိုးလေးတီထွင်ပေးပါဆိုပြီး အမှာရှိတဲ့အတွက် ပထမဆုံး စပါးခွံလောင်စာတောင့်သုံး Gasfier ထပ်မံတီထွင်ဖြစ်တာပါ”ဟု ဦးကိုဦးက ဆိုသည်။

၎င်းအနေဖြင့် ဝယ်သူမှာယူလိုသည့် အရွယ်အစားအပေါ် မူ တည်ပြီး ဈေးနှုန်းညှိနှိင်း၍ လုပ်ဆောင်ပေးနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် လပိုင်းက မီးသွေးဖုတ်လုပ်ငန်းကို အပြောင်းအလဲဖြစ်စေနိုင်မည့် မီးလောင်နိုင်သည့် မည်သည့် ပစ္စည်းမဆို မီးသွေးကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သည့် စက်ကိုလည်း ဖန်းတီးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here