တိုက်ပွဲပြင်းထန်ခဲ့သည့် ကော့ကရိတ်မြို့အတွင်း ကြွင်းကျန်စစ်လက်နက်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားနေပြီ ဟုဆို

0
66

တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ကြွင်းကျန်နေသော စစ်လက်နက်ပစ္စည်းများကို ယမန်နေ့ ဧပြီ (၂၅) ရက် မှစတင်၍ ရှင်းလင်းဖယ်ရှားနေပြီဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦး ပေါ်ပြူ လာနယူးစ်ကို ‌ပြောသည်။

“တပ်ကနေပြီး ရှင်းနေတာ။တိုက်ပွဲဖြစ်တုန်းက ကျန်ခဲ့နိုင်တဲ့ လက်နက်ကြီးတွေ၊ မိုင်းတွေကို ရှင်းလင်းနေကြတာ။ အဲဒါပြီးမှ တိုက်ပွဲရှောင်တွေ ပြန်နေလို့ရမယ်။ မြို့ပေါ် ပြန်လာနေလို့ရပြီဆိုတာမျိုးတော့ တရားဝင်သတင်းထုတ်တာမျိုးမရှိပါဘူး”ဟု ၎င်းက ဆိုသည်။

ဧပြီ(၂၆)ရက်မှ စတင်ကာ ကော့ကရိတ်မြို့အတွင်းသို့ ဒေသခံတိုက်ပွဲရှောင်ပြည်သူများ ပြန်လည်ဝင်ရောက်လာနိုင်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော် လည်း ပေါ်ပြူ လာနယူးစ်အနေဖြင့် အတည်ပြုနေဆဲဖြစ်သည်။

ကော့ကရိတ်မြို့ ဒေသခံစစ်ရှောင်တစ်ဦးက” မြေမြှပ်မိုင်းတွေ ရှင်းနေတယ်လို့တော့ သတင်းကြားတယ်။ ဒါပေမဲ့ မပြန်ရဲသေးဘူး၊ အားလုံးရှင်းပြီးမှ တိုက်ပွဲတွေလည်းလုံးလုံးမရှိတော့မှဘဲ ပြန်ရဲမှာလေ”ဟု ဆိုသည်။

KNLA ပူးပေါင်းတပ်များ တစ်လကြာစခန်းချခဲ့သည့် ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကိုလည်း တပ်မတော်က ယမန်နေ့က ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

ပြီးခဲ့သော၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁)ရက်က ဖြစ်ပွားခဲ့သော ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ကော့ကရိတ်မြို့ရှိ ဒေသ ခံများအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူ များ ရွာလုံးကျွတ်စစ်ရှောင်နေကြရခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here