အာဆီယံလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ့အရေးအားကိုင်တွယ်ဖြေရှင်းသင့်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်ဆို

0
284

ဘန်ကောက်၊စက်တင်ဘာ ၁၇

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးရစေရန်နှင့် ဒီမိုကရေစီကို မြှင့်တင်ရန်အတွက် အာဆီယံ ၏လုပ်ထုံးလုပ်နည်းကိုလိုက်နာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Panpree Pahitanukorn က ကြာသပတေးနေ့ကပြောကြားခဲ့သည်။

၎င်းကမူ ၂၀၂၁ ခုနှစ်ကစတင်ဖြစ်ပေါ်ခဲ့သော မြန်မာ့နိုင်ငံရေးအကျပ် အတည်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး မြန်မာ နိုင်ငံ၏တည်ဆဲဥပဒေများနှင့် အာဆီယံလုပ်ထုံးလုပ်နည်းများပူးပေါင်းကာ ဖြေရှင်းသင့်သည်ပြဿနာတစ်ခုဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

“အာဆီယံ မှာ ဒေသတွင်းစည်းလုံးညီညွတ်မှုရှိနေသေးတာကြောင့်
မြန်မာ့အရေးကို ဖြေရှင်းရာမှာ အာဆီယံကို  မပစ်ပယ် သင့်ပါဘူး” ဟုဆိုသည်။ အာဆီယံအဖွဲ့အတွင်း ၌လည်း မြန်မာ့ငြိမ်းချမ်းရေးအတွက် တညီတညွတ် တည်း သဘောတူထားသော အချက်ငါးချက် ရှိပါကြောင်း ၎င်းကပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည်လည်း မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေးဖန်တီးနိုင်ရန်အကောင်းဆုံးနည်းလမ်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနှင့်အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုမျိုးပြုလုပ်ရန်အစီအစဉ်ရှိပါသလားဟုမေးမြန်းသောအခါ လိုအပ်ပါကလုပ်ဆောင်မည်ဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှုမလုပ်မီ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဦးစွာဆွေးနွေးမည်ဖြစ်ကြောင်းလည်းအလေးအနက်ပြောကြားခဲ့သည်။

Source : သည်နေးရှင်း


LEAVE A REPLY

Please enter your comment!
Please enter your name here