Wednesday, June 10, 2026

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ်...

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ...

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ...

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန်...

ပဲခူးတိုင်းလွှတ်တော်တွင် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်း (၄)...

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (ဇွန် ၉ ရက်) နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာ လျှပ်စစ်ကဏ္ဍနှင့်...
HomeArticlesအသက်ရှင်နိုင်ခြေနှုန်းကို ကြိုတင်ခန့်မှန်းပေးနိုင်မည့် AI...

အသက်ရှင်နိုင်ခြေနှုန်းကို ကြိုတင်ခန့်မှန်းပေးနိုင်မည့် AI မော်ဒယ်အသစ် အပိုင်း(၈)

ဗြိတိန်ကိုလံဘီယာတက္ကသိုလ်နှင့် BC ကင်ဆာဌာနမှ သုတေသီများသည် ယခင်နည်းလမ်းများနှင့်နှိုင်းယှဉ်ပါက အလွယ်တကူအဆင်သင့်ရယူနိုင်သောအချက်အလက်များကိုအသုံးပြုခြင်းဖြင့် ကင်ဆာလူနာတို့၏အသက်ရှင်နိုင်ခြေကို တိကျစွာကြိုတင်ခန့်မှန်းပေးနိုင်မည့် AI မော်ဒယ်အသစ်တစ်မျိုးကို ဖန်တီးခဲ့ကြသည်။

AI မော်ဒယ်အသစ်သည် လူနာတစ်ဦး၏ ကနဦးတိုင်ပင်ဆွေးနွေးမှုအပြီးတွင်ပြုလုပ်ခဲ့သော ကင်ဆာရောဂါဗေဒပညာရှင်၏ မှတ်ချက်များကို စစ်ဆေးရန်အတွက် လူသားဘာသာစကားကို နားလည်သော AI နယ်ပယ်တစ်ခုဖြစ်သည့် သဘာဝဘာသာစကားနည်းစနစ် Natural Language Processing (NLP) ကိုအသုံးပြုထားသည်။

အဆိုပါ AI မော်ဒယ်သည် လူနာတစ်ဦးချင်းစီ၏ ထူးခြားချက်များကို ဆန်းစစ်ပေးနိုင်စွမ်းရှိပြီး အသက်ရှင်သန်နိုင်ခြေ ၆ လ၊ ၃၆ လနှင့် လပေါင်း ၆၀ စသည်ဖြင့် ၈၀ ရာခိုင်နှုန်း ကျော်တိကျစွာ အဖြေထုတ်ခန့်မှန်းပေးနိုင်ပါသည်။

ကင်ဆာလူနာတို့၏ အသက်ရှင်နိုင်ခြေအားကြိုတင်ခန့်မှန်းပေးနိုင်ခြင်းသည် ကင်ဆာရောဂါ စောင့်ရှောက်မှုမြှင့်တင်ရေးအတွက်အသုံးပြုနိုင်သည့် အရေးကြီးသောအချက်တစ်ချက်ဖြစ်ကြောင်း BC ကင်ဆာဌာနနှင့် UBC စင်တာမှ စိတ်ရောဂါအထူးနှင့်သုတေသီခေါင်းဆောင် ဒေါက်တာ John-Jose Nunez ကဆိုသည်။

ကျန်းမာရေးဝန်ဆောင်မှုပေးသူများအနေဖြင့် AI မော်ဒယ်အသစ်ကိုအသုံးပြုခြင်းဖြင့် လူနာများကို သက်ဆိုင်ရာဆေးကုသမှုဌာနများသို့ ကြိုတင်လွှဲပြောင်းပေးခြင်း၊ သို့မဟုတ် ရောဂါဖြစ်စကပင် ပိုမိုထိရောက်သည့်ကုသမှုနည်းလမ်းပေးနိုင်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ယခုကိရိယာသည် လူနာတစ်ဦးအတွက် အကောင်းဆုံးကျန်းမာရေးကုသမှုနည်းလမ်းရရှိစေရန် ကူညီထောက်ပံ့ပေးမည် ဖြစ်ကြောင်း ဒေါက်တာ Nunez က ဆိုသည်။

AI မော်ဒယ်အသစ်ကို ဒေါက်တာ Nunez နှင့် BC ကင်ဆာဌာနနှင့် UBC စင်တာမှ ကွန်ပျူတာပညာရှင်များ၊ စိတ်ကျန်းမာရေးပညာရှင်များနှင့် သုတေသီများ ပူးပေါင်းတီထွင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ AI မော်ဒယ်သည် ပိုမိုတိကျသည့်ကုသမှုနည်းလမ်းကိုအကြံပြုနိုင်ရန်အတွက် လူနာ၏ ကနဦးတိုင်ပင်ဆွေးနွေးချက်မှတ်တမ်းများထဲမှ ထူးခြားသည့်သဲလွန်စများကို ကောက်ယူနိုင်စွမ်းရှိပါသည်။

ယခင် မော်ဒယ်အမျိုးအစားသည် အချို့သောကင်ဆာအမျိုးအစားများအတွက်သာအသုံးပြုရန်ထွင်ခဲ့ခြင်းဖြစ်သော်လည်း ယခုမော်ဒယ်အသစ်သည် ကင်ဆာရောဂါအမျိုးအစားအားလုံးအတွက်အသုံးပြုနိုင်စေမည်ဖြစ်ကြောင်းသိရှိရသည်။

ဥာဏ်​ဝေ

https://i-hls.com/archives/118811

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောင်းသားလူငယ်များတွင် စနစ်တကျ အမှိုက်စွန့်ပစ်သည့် အသိစိတ်ဓာတ် ရရှိလာသည်အထိ ပညာပေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ မှာကြား

ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်သည့် အသိစိတ်ဓာတ် (Mindset) ရရှိလာသည်အထိ ပညာပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် ရေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကျောင်းနေအရွယ်မှစတင်၍ ရေ၏တန်ဖိုးကို နားလည်သိရှိစေရန် လိုအပ်ကြောင်း၊ အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာရသည်ကိုလည်း သိရှိနားလည်စေရန် ပညာပေးသင်ကြားရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထို့ကြောင့်...

ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စုစုပေါင်းပမာဏမှာ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးပြီး စုစုပေါင်းအလားအလာ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိရောက်စွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့်...

နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားအဖြစ် MSME ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရမည်ဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို အခြေခံကာ စီးပွားရေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများမှာ MSME လုပ်ငန်းများဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလေးထားကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံအခြေအနေအရ MSME ကို ဗဟိုပြုပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071