Sunday, August 2, 2026

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေး-လားရှိုးရထားလမ်းပိုင်း၌ RBE ရထားတစ်စင်းလမ်းချော်ခဲ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မန္တလေး-လားရှိုးရထားလမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တွဲ(၂)တွဲပါ ဂုတ်ထိပ်-၁ အဆန် ပြင်ဦးလွင်-ဂုတ်ထိပ်ပြေးဆွဲပေးနေသော RBE ရထားလမ်းချော်ကျခဲ့မှု သြဂုတ် ၁ ရက်နံနက်...

ခမ်းပါတ်မြို့သို့ အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများရောက်ရှိလာ

ပြန်လည်တည်ငြိမ်အေးချမ်းလာသည့် ခမ်းပါတ်မြို့၌ အစိုးရယန္တရားများပြန်လည်လည်ပတ်နိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ သြဂုတ် ၁ ရက်နေ့လည်ပိုင်းက ခမ်းပါတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အစိုးရ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်နိုင်ရန် ဌာနဆိုင်ရာရုံးများအင်အားဖြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊...

မန္တလေးရှိ “မီလျှံနာ”ရွှေဆိုင်နှင့် “ပေါ်ဦး”ရွှေဆိုင်တို့အား ဓားပြတိုက်ခဲ့သူ(၁၃)ဦးကို...

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်အား ဇူလိုင် ၂၀ ရက်နှင့် မဟာအောင်မြေမြို့နယ်ရှိ "ပေါ်ဦး"ရွှေဆိုင်အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ကသေနတ်ပစ်ဖောက်၍...

၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် ဓာတ်အားလိုင်းပြုပြင်မည်ဖြစ်၍...

နေပြည်တော်၊ ဩဂုတ် ၂ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့ဧရိယာများသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၁၃၂ ကေဗွီ ကလော-ရေပေါင်းဆုံ-သာစည် အမှတ် (၁+၂)...
HomeArticlesတရားစီရင်ရေးတွင်အသုံးဝင်လာမည့် AIChatGPT(အပိုင်း ၆)

တရားစီရင်ရေးတွင်အသုံးဝင်လာမည့် AI
ChatGPT(အပိုင်း ၆)

AI တွေကိုအသုံးပြုပြီး ယခင်ကဖြစ်ပျက်ခဲ့ဖူးတဲ့ အမှုအခင်းဖြစ်စဉ်တွေကိုဖတ်ခိုင်းတာ၊ စိစစ်ခိုင်းတာတွေကိုပြုလုပ်နိုင်တဲ့အပြင် ဘယ်လိုအမှုအခင်းဆိုရင် ဘယ်လိုစီရင်ထုံးတွေရှိခဲ့တယ်ဆိုတာတွေကို AI ကဖြေရှင်းပေးနိုင်စွမ်းရှိတာကြောင့် ရှေ့နေတွေအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်မှာဖြစ်ပါတယ်။

ဒါဆိုရင် ရှေ့နေကိုယ်တိုင် တရားခွင်မှာလုပ်ဆောင်ရမည့် စစ်ဆေးမေးမြန်းတာတွေနဲ့ ငြင်းခုန်ရတာတွေစတဲ့အပိုင်းတွေကိုရော AI က အလိုအလျောက်ဖြေကြားပေးမှာလားလို့မေးစရာရှိလာပါတယ်။ တရားခွင်မှာအပြန်အလှန် ပြောကြားထားတဲ့စကားတွေကို AI ရဲ့ Deep Learning နည်းပညာအသုံးပြုပြီး အသေးစိတ် စိစစ်ပေးတာတွေ ဆောင်ရွက်ပေးနိုင်ပါတယ်။

မကြာသေးမီကပဲ အမေရိကန်မှာရှိတဲ့ တရားခွင်တစ်ခုမှာတော့ စီရင်ထုံးတစ်ခုချမှတ်ဖို့အတွက် ChatGPT ကိုအသုံးပြုခဲ့ပါတယ်။ အမှုဖြစ်စဉ်ကတော့ ကျန်းမာရေးအာမခံကုမ္ပဏီတစ်ခုက အော်တစ်ဇင်ကလေးငယ်များဆေးကုသမှုခံယူခွင့် ရသင့်လား/မရသင့်ဘူးလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရားရုံးမှာသဘောထားကွဲလွဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။

တရားသူ ကြီးဖြစ်သူ Juan Manuel Padilla Garcia က အမှုနဲ့ပတ်သက်တဲ့ ဥပဒေကြောင်းအရမေးခွန်းတင်သွင်းရာမှာ AI ကိုအသုံးပြုခဲ့ပြီး အမှုဆုံးဖြတ်ရာမှာလည်း AI ရဲ့ဆုံးဖြတ်ချက်တွေကိုပါ ထည့်သွင်းစဉ်းစားခဲ့တယ်လို့ဆိုပါတယ်။

 AI ကထုတ်ပေးလိုက်တဲ့စီရင်ထုံးတွေကို တရားသူကြီးတွေရဲ့တရားစီရင်တဲ့နေရာမှာ အစားထိုးလိုက်ဖို့ ရည်ရွယ်ပြီး အခုလိုသုံးတာတော့ မဟုတ်ပါဘူး၊AI ကထောက်ပံ့ပေးတဲ့အချက်အလက်တွေကို စိစစ်ဆန်းစစ်ပြီးတဲ့နောက် အမှုကိုဆုံးဖြတ်ချက်ချဖို့လိုအပ်တဲ့အချိန်ပမာဏကို လျှော့ချဖို့အတွက်သာသုံးပါတယ်လို့ တရားသူကြီး Garcia ကဆိုခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာပညာ၊ ဗိသုကာပညာ၊ သို့မဟုတ် စိတ်ပညာဘာသာရပ်တွေမှာလည်း AI ကစွမ်းဆောင်ပေးနိုင်မလားဆိုပြီး မေးလာခဲ့ရင်တော့ အဆိုပါနယ်ပယ်တွေ အတွက်လည်း အကောင်းဆုံးစွမ်းဆောင်ပေးနိုင်မှာပါလို့ ဖြေရပါလိမ့်မယ်။ ရှေ့မှာဖော်ပြခဲ့သလိုပဲ AI နည်းပညာဟာ လူတွေမလုပ်ချင်တဲ့ ပုံမှန်ထပ်တလဲလဲလုပ်ဆောင်ရတဲ့ ပျင်းရိငြီးငွေ့စရာအလုပ်တွေကို အစားထိုးလုပ်ပေးနိုင်ယုံတင်မကဘဲ ရှုပ်ထွေးနက်နဲတဲ့ လုပ်ငန်းတွေနဲ့ ဖန်တီးမှုတွေကိုပါ လုပ်ဆောင်ပေးနိုင်စွမ်းရှိနေပါပြီ။

ဥာဏ်​ဝေ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မန္တလေး-လားရှိုးရထားလမ်းပိုင်း၌ RBE ရထားတစ်စင်းလမ်းချော်ခဲ့

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မန္တလေး-လားရှိုးရထားလမ်းပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တွဲ(၂)တွဲပါ ဂုတ်ထိပ်-၁ အဆန် ပြင်ဦးလွင်-ဂုတ်ထိပ်ပြေးဆွဲပေးနေသော RBE ရထားလမ်းချော်ကျခဲ့မှု သြဂုတ် ၁ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ကျော်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရထားသည် ပြင်ဦးလွင်ဘူတာမှထွက်ခွာလာစဥ် ပြင်ဦးလွင်ဘူတာနှင့် ပွဲကောက်ဘူတာကြား၏ မိုင်တိုင်အမှတ် ၄၂၆/ ၃နှင့် ၄၂၆/ ၄ ကြား ပြင်ဦးလွင်မှ မိုးကြိုးပစ်ကျေးရွာသို့ဖောက်လုပ်ထားသော မြေသားလမ်းနှင့် ရထားသံလမ်းတရားမဝင်လမ်းကူးကိုဖြတ်သန်းစဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားသံလမ်းပေါ် သဲများနှင့် မြေသားများဖုံးလွှမ်းနေသဖြင့် ရထားတွဲဆိုင်းပါ ဦးဆောင်တွဲ RBE-30106...

ခမ်းပါတ်မြို့သို့ အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများရောက်ရှိလာ

ပြန်လည်တည်ငြိမ်အေးချမ်းလာသည့် ခမ်းပါတ်မြို့၌ အစိုးရယန္တရားများပြန်လည်လည်ပတ်နိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ သြဂုတ် ၁ ရက်နေ့လည်ပိုင်းက ခမ်းပါတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အစိုးရ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်နိုင်ရန် ဌာနဆိုင်ရာရုံးများအင်အားဖြည့်ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ၊ ဆေးရုံများဖွင့်လှစ်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်း(၃၅)ဦး၊ မှီခို(၂)ဦးတို့သည် ကူညီထောက်ပံ့ရေးပစ္စည်းများနှင့်အတူရောက်ရှိလာရာ နယ်မြေခံတပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံများကကြိုဆိုခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်၌ စစ်ရေးပဋိပက္ခဖြစ်ပွားချိန်က မြို့မှယာယီစွန့်ခွာသွားခဲ့ကြသော ခမ်းပါတ်မြို့ဒေသခံများသည်လည်းနေရပ်သို့ ပြန်လည်ဝင်ရောက်လာလျက်ရှိကြောင်း သိရသည်။

မန္တလေးရှိ “မီလျှံနာ”ရွှေဆိုင်နှင့် “ပေါ်ဦး”ရွှေဆိုင်တို့အား ဓားပြတိုက်ခဲ့သူ(၁၃)ဦးကို ပစ္စတိုသေနတ်အပါ အဝင် သက်သေခံပစ္စည်းများနှင့်အတူဖမ်းမိ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ "မီလျံနာ"ရွှေဆိုင်အား ဇူလိုင် ၂၀ ရက်နှင့် မဟာအောင်မြေမြို့နယ်ရှိ "ပေါ်ဦး"ရွှေဆိုင်အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၀ ရက်ကသေနတ်ပစ်ဖောက်၍ ဓားပြတိုက်လုယက်ခဲ့ကြသော ပြစ်မှုကျူးလွန်သူ(၁၃)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းက "မီလျံနာ"ရွှေဆိုင်အား သေနတ်ပစ်ဖောက်၍ ဓားပြတိုက်ကာ ငွေကျပ်သိန်း(၆,၀၀၀)ခန့်တန်ဖိုးရှိ ရွှေထည်ပ စ္စည်းများကိုလုယက်ယူဆောင်သွားသူ(၆)ဦးအား (ပ) ၁၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ထက်ဝေကျော်(ခ)ကိုထက်(၂၂)နှစ်၊ ရှိုင်းကို(ခ)ငရှိုင်း(၃၀)နှစ်၊ အောင်ကျော်ဇော(ခ)အောင်ကျော်(ခ)အကြီးကောင် (၃၃)နှစ်၊ ကောင်းခန့်ကျော်(ခ)ဘိုကောင်း(၂၁)နှစ်၊ သိန်းမြင့်(ခ)ရွှေဘိုမောင်နိုင်(ခ)မျိုးခိုင်(ခ)ကိုနိုင်(၅၈)နှစ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071