မြောက်ကိုရီးယားကရေငုပ်သင်္ဘောမှ နျူကလီးယားခရုဇ်ဒုံးကျည်များစမ်းသပ်ပစ်ခတ်ခဲ့

0
172

ဆိုးလ်၊မတ် ၁၃

အမေရိကနှင့်တောင်ကိုရီးယားတို့စစ်ရေးလေ့ကျင့်မှုစတင်ချိန်၌ မြောက်ကိုရီးယားဘက်မှ ရေငုပ်သင်္ဘောမှ မဟာဗျူဟာမြောက်ခရုဇ်ဒုံးကျည်နှစ်စင်းအား စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန KCNA ကဖော်ပြခဲ့သည်။

“မဟာဗျူဟာ” ဟူသောစကားလုံးအား များသောအားဖြင့် နျူစွမ်းရည်ရှိသောလက်နက်များအတွက် အသုံးပြုခြင်းဖြစ်သည်ဟုလည်းဖော်ပြထားပြီး အဆိုပါစမ်းသပ်ပစ်လွှတ်မှုမှ ၎င်းတို့၏ယုံကြည်စိတ်ချရမှုအားအတည်ပြုခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

အဆိုပါဒုံးကျည်၏အသေးစိတ်အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာ လေ့လာ နိုင်ရန်အတွက် တောင်ကိုရီးယားထောက်လှမ်းရေးအေဂျင်စီအနေဖြင့် အမေရိကနှင့်ပူးပေါင်းဆောင်ရွက်နေပြီး စစ်ရေးအရအထူးသတိထားနေရသည်ဟုလည်း ပူးတွဲစစ်ဦးစီးချုပ်ကပြောကြားခဲ့သည်။

ယနေ့မတ်လ ၁၃ ရက်နေ့တွင်လည်း အမေရိကနှင့်တောင်ကိုရီးယားတို့သည် ၁၁ ရက်ကြာပြုလုပ်မည့် “ လွတ်လပ်ရေးဒိုင်း ၂၃” ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်းစတင်ခဲ့သည်ဟုသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here