ဒုက္ခသည်ဘဝမှ အော်စကာဆုရ သရုပ်ဆောင်ဖြစ်လာသည့် အာရှနွယ်ဖွား သရုပ်ဆောင် ကီဟွေ့ကွမ်

0
140

ဗီယက်နမ်နိုင်ငံဖွား အမေရိကန် သရုပ်ဆောင် ကီဟွေ့ကွမ် သည် “Everything Everywhere All at Once” ဇာတ်ကားဖြင့် လော့ဆန်းဂျလိစ်မြို့တွင် ကျင်းပခဲ့သော အော်စကာဆုပေးပွဲကြီးတွင် အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ကွမ်သည် အဆိုပါဆုကို ဒုတိယမြောက် ဆွတ်ခူးရရှိခဲ့သော အာရှနွယ်ဖွား သရုပ်ဆောင်ဖြစ်လာခဲ့သည်။ အသက် ၅၁ နှစ်အရွယ် ကွမ်သည် အော်စကာဆုပေးပွဲ မကျင်းပမီကတည်းက အဆိုပါဆုအတွက် စကာတင် သရုပ်ဆောင်စာရင်းထဲတွင် ဆုရရှိရန် ရေပန်းအစားဆုံးသူ ဖြစ်ခဲ့သည်။

ထို့ပြင် ကွမ်သည် “Everything Everywhere All at Once” အမည်ရ စိတ်ကူးယဉ် သိပ္ပံ ရုပ်ရှင်ကားတွင် ဝေ့မွန် ဝေါင်ဟူသော ဇာတ်ကောင်ဖြင့် ရွှေကမ္ဘာလုံး ဆုပေးပွဲကဲ့သို့သော အခြားရုပ်ရှင်ဆုပေးပွဲကြီးများတွင်လည်း အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

“ကျွန်တော့်ဘဝဟာ အခြားနိုင်ငံဆီ သွားတဲ့ လှေပေါ်မှာ စတင်ခဲ့တာပါ။ ဒုက္ခသည်စခန်းမှာပဲ တစ်နှစ်လောက် နေထိုင်ခဲ့ရပြီး အခုတော့ ဘာကြောင့်မှန်းမသိ ဟောလီးဝုဒ်ရဲ့ အကြီးကျယ်ဆုံး ဆုပေးပွဲမှာ ဆုရရှိခဲ့ပါပြီ။ ဒီလိုဇာတ်လမ်းမျိုးဟာ ရုပ်ရှင်တွေမှာပဲ ဖြစ်တတ်တယ်လို့ လူတွေက ပြောကြတယ်။ ကျွန်တော်ကိုယ်တိုင် ဒီလိုမျိုးဖြစ်လာတာကို မယုံနိုင်သေးပါဘူး” ဟု ကွမ်က ဆုရရှိကြောင်း ကျေးဇူးတင်စကားပြောရာတွင် ပြောကြားခဲ့သည်။

ကီဟွေကွမ်သည် ကလေးဘဝကတည်းက အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အနေဖြင့် ရောက်ရှိလာခဲ့သူဖြစ်ပြီး “Indiana Jones” နှင့် “The Temple Of Doom” ကဲ့သို့သော နာမည်ကျော် ရုပ်ရှင်ကားများတွင်လည်း ကလေးသရုပ်အဖြစ် ပါဝင်ခဲ့ဖူးသူ ဖြစ်သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here