သရုပ်ဆောင်မီရှယ်လ်ယိုး အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အော်စကာဆုရရှိ  

0
218

အသက် ၆၀ အရွယ်ရှိ မလေးရှားကြယ်ပွင့်တစ်ဦးဖြစ်သည့် သရုပ်ဆောင်မီရှယ်လ်ယိုးသည် ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲ၌ “Everything Everywhere all at Once” ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အော်စကာဆုအားဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးအာရှအမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်လာခဲ့သည်။

၎င်း၏ဆုလက်ခံကျေးဇူးတင်စကား၌ မစ္စမီရှယ်လ်ယိုးက “ကျွန်မဒီဇာတ်ကားကနေဆုရခဲ့ပြီး ဒီဆုဟာ ကျွန်မအမေအပါအဝင် ကမ္ဘာပေါ်ကမိခင်တွေအားလုံးကိုကိုယ်စားပြုပါတယ်၊မိခင်တွေသာမရှိခဲ့ရင် ဒီနေ့၊ဒီအချိန်၊ဒီနေရာမှာ ကျွန်မတို့အခုလိုရပ်တည်နေနိုင်မှာမဟုတ်ပါဘူး” ဟုပြောကြားခဲ့သည်။

“ဒီဆုဟာ ကျွန်မအတွက် မျှော်လင့်ချက်နဲ့ဖြစ်နိုင်ခြေတို့ရဲ့ မီးရှူးတန်ဆောင်ဖြစ်တာမို့ ဒီနေ့ပွဲကိုကြည့်နေကြတဲ့ လူငယ်အမျိုးသမီး၊အမျိုးသားလေးတွေအနေနဲ့လည်း အိပ်မက်တွေကိုမက်ပါ၊ အကောင်အထည်ဖော်ပါ၊ သင့်အိပ်မက်တွေကတကယ်ဖြစ်လာပါလိမ့်မယ် ပြီးတော့အမျိုးသမီးတွေအနေနဲ့ ကိုယ်လင်းလက်တောက်ပရမဲ့အရွယ် ကျော်လွန်နေပြီလို့လာပြောတာကို လက်မခံပါနဲ့” ဟုလည်းပြောကြားခဲ့သည်။

မီရှယ်လ်ယိုးနှင့်အတူ “Everything Everywhere all at Once” ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့အော်စကာဆုအတွက် အာရှနွယ်ဖွားသရုပ်ဆောင်တစ်ဦးဖြစ်သူ ကီဟွေ့ကွမ်နှင့် ဂျန်မလီကားတစ်ဇ်တို့လည်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုများဖြင့်အသီးသီးရရှိခဲ့ကြသည်။

“Everything Everywhere all at Once” ရုပ်ရှင်ဇာတ်ကားသည် ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲ၌ ဆန်ခါတင် ၁၁ ဆုအထိလျာထားခံရပြီး အားလုံး ၇ ဆုအထိရရှိခဲ့သည်။

ယင်းတို့မှာ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊အကောင်းဆုံး တည်းဖြတ်ဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု၊အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနှင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုတို့ဖြစ်ကြသည်။

Source : စီအင်န်အေ/အက်စ်အာ


LEAVE A REPLY

Please enter your comment!
Please enter your name here