ပဲခူးရွှေမော်ဓော ဘုရားပွဲတော်တွင် ခွေ-းရူ-းကို-က်ခံရသူများအား ကာကွယ်ဆေးနှင့် အဆိပ်ကျဆေးများ ထပ်မံထို-းနှံပေးသွားမည်

0
71

ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်နေသည့် ဗုဒ္ဓပူဇနိယ ဘုရားပွဲဈေးအတွင်း ယမန်‌နေ့ ဧပြီ (၂၇)ရက် ညပိုင်းက ဘုရားပွဲလာပြည်သူများအား ခွေ-းရူ-းတစ်ကောင်မှ လိုက်လံကို-က်ခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး ခွေးရူးကို-က်ခံရသူများအား ပဲခူးပြည်သူ့ဆေးရုံးကြီး၌ ခွေ-းရူ-းကာကွယ်ဆေးနှင့် အဆိပ်ကျဆေးများ ထပ်မံထို-းနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ခွေ-းရူ-းကို-က်ခံရသူများကို ပဲခူးပြည်သူ့ဆေးရုံကြီးမှ ခွေ-းရူ-းပြန်ကာကွယ်ဆေးနှင့် အဆိပ်ကျဆေး တစ်ကြိမ် ထို-းနှံပေးထားပြီး ဧပြီ (၃၀) ရက်တွင် တစ်ကြိမ်၊ မေလ (၄) ရက်နှင့် (၅) ရက်တို့တွင် တစ်ကြိမ်စီ ထပ်မံထို-းနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခွေ-းရူ-းကိုက်ခံရသူများမှာ ပဲခူးမြို့နန်းတော်ရာ ရပ်ကွက်၊ ဥဿာမြို့သစ်၊ ကျွန်းသာယာရပ်ကွက် ၊ရှင်စောပုရပ်ကွက် ၊ ပန်းလှိုင်ရပ်ကွက်နှင့် ဟင်္သာကုန်းရပ်ကွက် အစသည့်ရပ်ကွက်များတွင်နေထိုင်သူ အမျိုးသား (၁၆) ဦးနှင့် အမျိုးသမီး (၂၉) ဦးတို့ ဖြစ်ကြောင်း သိရသည်။

“အခုထိ ခွေးကို မဖမ်းမိသေးဘူး။ မနေ့ကလည်း သူသွားတဲ့လမ်းတစ်လျှောက်က လူတွေကို ကို-က်သွားသေးတယ်” ဟု ဒေသခံ ပရဟိတအသင်းတာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါ ခွေ-းရူ-းသည် ယမန်နေ့ ဧပြီ (၂၇)ရက်ကပင် ပဲခူးမြို့ကျွန်းသာရပ်ကွက်အတွင်းရှိ လမ်းသွားလမ်းလာ (၁၃)ဦးကိုလည်း ကို-က်ခဲ့သေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here