Tuesday, September 22, 2026

တိုက်ကြီးမြို့နယ်အတွင်း ပြည်-ရန်ကုန် DEMU ရထားအား...

တိုက်ကြီး၊ စက်တင်ဘာ ၂၂ အမှတ် (၇၄) အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားသည် တိုက်ကြီးမြို့နယ်အတွင်း၌ ခဲဖြင့် ပ-စ်ပေ-ါက်ခံရကြောင်းနှင့် အဆိုပါ ခဲဖြင့်ပ-စ်ပေ-ါက်သူကို...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ နိုင်ငံတော်အဆင့်ကျင်းပမည့် အစီအစဉ်ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၂ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ မဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ်...

စမ်းချောင်း၌ ကျောင်းသား ၂ ဦးကို...

Telegram ပေါ် နောက်ပြောင်ပြောဆိုမှုမှ စတင်ခဲ့ပြီး ပါဝင်သူတစ်ဦးကို ဆက်လက်ရှာဖွေနေ ရန်ကုန်၊ စက်တင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ စမ်းချောင်းလင့်ခ်ညဈေးတန်းရှေ့၌ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခြင်း၊...

Trump TV ရုပ်သံလိုင်း အိမ်ဖြူတော်...

သမ္မတ ဒေါ်နယ်ထရမ့်ဟာ CNN၊ MS NOW နဲ့ Politico တို့ကို အိမ်ဖြူတော်ထဲ ဝင်ခွင့်ပိတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အိမ်ဖြူတော်က “Trump...
HomeMusicဂီတရွေးကောက်ပွဲနဲ့ ဂီတအမှုဆောင်သစ်တို့အပေါ် ...

ဂီတရွေးကောက်ပွဲနဲ့ ဂီတအမှုဆောင်သစ်တို့အပေါ် ဂီတလောကသားတို့ဆန္ဒ(၁)

ဒီဇင်ဘာ ၁၉ရက်နေ့မှ ၂၂ အထိ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ရွေးကောက်ပွဲမှနေ၍ ဂီတအလုပ်အမှုဆောင်သစ် ထွက်ပေါ်လာတော့မည်ဖြစ်သည်။ အဆိုပါ ဂီတရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အလွှာစုံမှ ဂီတလောကသားများအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်တို့ကို ဖော်ပြလိုက်သည်။ သူတို့၏ အမှုဆောင်သစ်တွေက ဂီတလောကသားတို့အတွက် ဘာတွေလုပ်ဆောင်ပေးမလဲ၊ သူတို့ကကော ဂီတလောကအကျိုးကို ရှေးရှု၍ ဆောင်ရွက်ကြမည့် ဂီတအမှုဆောင်သစ်တို့အပေါ် ဘာတွေတောင်းဆိုမှုတွေရှိသလဲ၊ မကြာမီ ကျင်းပတော့မည့် ဂီတရွေးကောက်ပွဲနှင့်ပတ်သက်ပြီးကော စိတ်ဝင်စားမှု မည်ကဲ့သို့ရှိကြသလဲဆိုသည့် အချက်အလက်များနှင့်ပတ်သက်ပြီး ဂီတလောကသားတို့၏ အသံများအား စုစည်းမေးမြန်းဖြစ်ခဲ့ခြင်းဖြစ်သည်။

စိန်ဝင်းထွန်း

လောလောဆယ်တော့ ဂီတအစည်းအရုံးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့မှာ ကျွန်တော်ပါနေပါတယ်။ ကျွန်တော့်ဆန္ဒကတော့ အခုတက်မယ့်သူတွေ အားလုံး တာဝန်ကျေကျေနဲ့ လုပ်နိုင်တဲ့သူကိုမှရွေးပါ။ တချို့တွေက ရွေး ကောက်ပွဲကို ဝင်ရောက်အရွေးခံပြီးတော့ ဂီတအစည်းအရုံးကို မလာတဲ့သူတွေ များနေတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ စိစစ်ပြီးတော့ ဂီတလောက အကျိုးကို မှန်မှန်ကန်ကန်လုပ်နိုင်တဲ့သူကို ဂီတအစည်းအရုံးရဲ့ ခုံနေရာပေးဖို့ မဲပေးသွားမှာပါ။

ဗညားဟန်

ဂီတအစည်းအရုံးမှာ အမှုဆောင်အသစ်တွေ ဖွဲ့စည်းတော့မယ်ပေါ့နော်။ ဘယ်လိုမျိုးပဲဖွဲ့စည်း၊ ဖွဲ့စည်းပါ။ ကျွန်တော်တို့ မျှော်လင့်တာက ကျွန်တော်တို့ ဂီတသမားတွေရဲ့ဘဝတွေ၊ ဂီတသမားတွေရဲ့ ကိစ္စအဝဝတွေကို ဆောင်ရွက်ပေး နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေ လိုအပ်တယ်ပေါ့နော်။ ဂီတအစည်းအရုံး တစ်ခုဖြစ်နေပြီးတော့ ကျွန်တော်တို့အနုပညာသမားတွေအတွက် ဘာမှ မလုပ်ပေးနိုင်ဘူးဆိုရင်တော့ အလကားပဲလေ။ အဲဒီတော့ ဂီတအစည်းအရုံးမှာ ရှိတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဂီတသမားတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ လုပ်ပေးဖို့ သူတို့မှာတာဝန်ရှိပါတယ်။ ပြောရရင်အများကြီးပေါ့နော်။ အဓိက ကတော့ ကျွန်တော်တို့ ဂီတသမားတွေအတွက် ကောင်းကွက်၊ ဆိုးကွက်ကို ကြည့်ပြီး ဂီတသမားတွေရဲ့ အကျိုးကို ဖော်ဆောင်ပေးနိုင်မယ့် လူကြီးမျိုးတွေ ဖြစ်ပါစေလို့ပဲ ဆုတောင်းဖြစ်မှာ ပေါ့နော်။

ဒ်ါမာမာအေး

ရွေးကောက်ပွဲကိုတော့ စာရေးမိပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး တော့ ပြောဖြစ်တယ်။ အရွေးခံတဲ့သူကလည်း ကိုယ်ကိုယ်တိုင် မြတ်မြတ်နိုးနိုးနဲ့ ဂီတလောက အကျိုးကို လုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ချမှ ဝင်ရောက် အရွေးခံစေချင်တယ်။ အခုက နာမည်ထားပြီးတော့ မလာတဲ့သူတွေက အများကြီးလေ။ လူများပြီး ပွဲမစည်တာတွေတွေ့ရပါတယ်။ မဲထည့်တဲ့ သူကလည်း ဒီလိုပဲ။ ကိုယ့်အုပ်စုတွေ၊ သူ့အုပ်စုတွေဘေးဖယ်ထား၊ ကိုယ့်လောက ကြီး တစ်ခုလုံးကို ဘယ်လိုမျိုး ကောင်းအောင်လုပ်နိုင်မလဲ၊ ဘယ်သူကရှေ့ ဆောင်ပြီးလုပ်နိုင်သလဲ၊ ဘယ်သူကသည်းခံပြီး လုပ်နိုင်သလဲ၊ ဘယ်သူက အမြဲတမ်း ရုံးကိုလာပြီးတော့ အလုပ်ကို ပီပီပြင်ပြင်လုပ်နိုင်သလဲ၊ အဲဒီလို လူမျိုးကို ရှာရွေးကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ လည်းလုပ်ခဲ့တာကြာပြီလေ။ ၁၉၆၃ ခုနှစ်မြန်မာနိုင်ငံ တေးဂီတကောင်စီလက်ထက် ကတည်းက စပြီးတော့အလုပ်လုပ်ခဲ့တာပဲ။ နောက်ပိတ်ဆုံး ဟိုကိုလွင့်သွားခဲ့ ရတဲ့အထိပဲ (ရယ်လျက်)။ အဲဒီလို အလုပ်ကောင်းလို့လည်း နှိပ်တာပေါ့။ အဲဒီ လိုလည်းခံရပြီးပြီ။ ခံရပါစေ။ ကိုယ့်လောက ကောင်းဖို့ ကိုယ်လုပ်ပေးခဲ့တာ အမြတ်ပဲဟာ။ နောက်ပိုင်းလုပ်တဲ့ ကလေးတွေဟာ ဒီလိုမျိုးအသိစိတ်ဝင်လာ ပြီးတော့ ကိုယ့်လောက ကိုယ်ကောင်းအောင်လုပ်နိုင်တယ်ဆိုရင်ပဲ ဝမ်းသာ တယ်။ အဲဒီလိုမျိုးလည်း ဖြစ်စေချင်တယ်။ ဒီမှာလာတိုင်းလည်း အစည်းအရုံးကို သွားဖြစ်ပါတယ်။

သျှန်ထွန်း(မြန်မာစာ)

ကျွန်တော်တို့က အခုရုပ်ရှင်ရယ်၊ ဂီတရယ်၊ သဘင်ရယ် အစည်း အရုံးတွေ အများကြီးရှိပါတယ်။ ဂီတဆိုရင်လည်း ဂီတလောကသားတွေပေါ့။ ရုပ်ရှင် ဆိုရင်လည်း ရုပ်ရှင်လောကသားတွေပေါ့။ သဘင်ဆိုရင်လည်း သဘင်လောက သားတွေပေါ့။ ကိုယ့်လောက တိုးတက်ဖို့အတွက် အများကြီးပဲ ဝိုင်းဝန်းပြီးတော့ ကြိုး စားနေကြပါတယ်။ အဓိကကတော့ဗျာ၊ ဦးဆောင်တဲ့သူတွေက အရည် အချင်းရှိရှိနဲ့ သစ္စာရှိရှိနဲ့ ကိုယ့်လောကတိုးတက်ဖို့အတွက်ကို အနစ်နာခံပြီးတော့ ဂီတလောက တစ်လောကလုံး အဆင်ပြေဖို့အတွက်ကို ဦးဆောင်နိုင်တဲ့သူတွေ အရွေးခံရပါစေလို့ ဆုတောင်းပါတယ်။

စိုးစန္ဒာထွန်း

အေးအေးချမ်းချမ်းနဲ့ ဘဝတစ် ခုကို အစ်မတို့က ဖြတ်သန်းရတာ ကြိုက်တယ်လေ။ အဲဒီအတွက်ကြောင့် မို့လို့ ဂီတရွေးကောက်တဲ့ နေရာမှာ လည်း တိကျမှန်ကန်သော လူကြီးလူ ကောင်း ရောက်ရှိလာပါစေလို့ အစ်မ တို့က ဆုတောင်းပေးရမှာပေါ့။ ဂီတလောကအတွက် မိခင်၊ ဖခင်ဖြစ် မယ့်သူတွေကို မျှော်လင့်ပါတယ်။

 

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071