Tuesday, September 22, 2026

စမ်းချောင်း၌ ကျောင်းသား ၂ ဦးကို...

Telegram ပေါ် နောက်ပြောင်ပြောဆိုမှုမှ စတင်ခဲ့ပြီး ပါဝင်သူတစ်ဦးကို ဆက်လက်ရှာဖွေနေ ရန်ကုန်၊ စက်တင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ စမ်းချောင်းလင့်ခ်ညဈေးတန်းရှေ့၌ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခြင်း၊...

Trump TV ရုပ်သံလိုင်း အိမ်ဖြူတော်...

သမ္မတ ဒေါ်နယ်ထရမ့်ဟာ CNN၊ MS NOW နဲ့ Politico တို့ကို အိမ်ဖြူတော်ထဲ ဝင်ခွင့်ပိတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အိမ်ဖြူတော်က “Trump...

ပေါက်ခေါင်းမြို့နယ် လဝကရုံးသစ်ဆောက်လုပ်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင်...

ပျ-က်စီး၊ အိုမင်းဟောင်းနွမ်းနေသည့် ရုံးနှင့်ဝန်ထမ်းအိမ်ရာများကို ရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်မည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရုံးအဆောက်အဦသစ် ဆောက်လုပ်နိုင်ရေးကို...

မလေးရှားရှိ မြန်မာနိုင်ငံသား ၈၆ ဦးကို...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၂ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ Tanah Merah ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃...
HomeMoviesချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ နိုင်ငံတော်အဆင့်ကျင်းပမည့်...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ နိုင်ငံတော်အဆင့်ကျင်းပမည့် အစီအစဉ်ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၂

နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ မဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည့် အစီအစဉ် ထုတ်ပြန်ထားကြောင်း သိရသည်။

အန္တိမအဂ္ဂိဈာပန အစီအစဉ်အရ စက်တင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲသဘင်ကို စတင်ကျင်းပမည် ဖြစ်သည်။ မွန်းလွဲ ၂ နာရီတွင် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်

ထို့နောက် ဥတုဇရုပ်ကလာပ်တော်ကို သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းရှိ သုဝဏ္ဏဘူမိ Event Park သို့ ပင့်ဆောင်ကာ ဆရာတော်၊ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများက နောက်ဆုံးဖူးမြော်ပူဇော်ကန်တော့ကြမည်ဖြစ်ပြီး အန္တိမအဂ္ဂိဈာပနပူဇော်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံတော်အဆင့်တာဝန်ရှိသူများ၊ ဆရာတော် သံဃာတော်များ၊ ပြည်တွင်းပြည်ပမှ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ပူဇော်နိုင်ရေးနှင့် လာရောက်ကြမည့် ရဟန်းရှင်လူပြည်သူများ သွားလာရေး၊ နေထိုင်ရေး၊ စားသောက်ရေးနှင့် အခြားလိုအပ်ချက်များ အဆင်ပြေစေရေးတို့ကိုလည်း သက်ဆိုင်ရာကဏ္ဍအလိုက် စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် အန္တိမအဂ္ဂိဈာပနပူဇော်ပွဲသို့ တက်ရောက်လာကြမည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များအတွက် လုံခြုံရေး၊ ယာဉ်ရပ်နားရေးနှင့် ယာဉ်ကြောစီမံခန့်ခွဲရေးတို့ကိုလည်း သတ်မှတ်အစီအစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါ ရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် စက်တင်ဘာ ၁၉ ရက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲကို စည်ကားသိုက်မြိုက်၍ ဂုဏ်သိက္ခာရှိသည့် နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပနိုင်ရေး ကော်မတီများဖွဲ့စည်းကာ တာဝန်များခွဲဝေဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စမ်းချောင်း၌ ကျောင်းသား ၂ ဦးကို ဓားဖြင့်ထိုး၍ ဝိုင်းဝန်းရိုက်နှက်မှု ၈ ဦးဖမ်းဆီးရမိ

Telegram ပေါ် နောက်ပြောင်ပြောဆိုမှုမှ စတင်ခဲ့ပြီး ပါဝင်သူတစ်ဦးကို ဆက်လက်ရှာဖွေနေ ရန်ကုန်၊ စက်တင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ စမ်းချောင်းလင့်ခ်ညဈေးတန်းရှေ့၌ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့်ရိုက်ခြင်းနှင့် ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူငယ်ရှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Telegram လူမှုကွန်ရက်ပေါ်တွင် နောက်ပြောင်ပြောဆိုမှုကို မကျေနပ်ရာမှ အချင်းများကာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်ခံရသည့် ကျောင်းသားနှစ်ဦးအနက် တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ကျန်တစ်ဦးမှာ အဆုတ်နေရာ၌ ဓားဖြင့် နှစ်ချက်ထိုးခံရကာ...

Trump TV ရုပ်သံလိုင်း အိမ်ဖြူတော် စတင်မိတ်ဆက်

သမ္မတ ဒေါ်နယ်ထရမ့်ဟာ CNN၊ MS NOW နဲ့ Politico တို့ကို အိမ်ဖြူတော်ထဲ ဝင်ခွင့်ပိတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အိမ်ဖြူတော်က “Trump TV: The Essentials Station” လို့ အမည်ပေးထားတဲ့ ၂၄ နာရီပတ်လုံး လွှင့်တဲ့ သူ့ရဲ့ကိုယ်ပိုင် ရုပ်သံလိုင်းကို စတင်မိတ်ဆက်လိုက်ပါတယ်။ ​ဒီရုပ်သံလိုင်းကို တနင်္လာနေ့ ည ၇ နာရီ (အရှေ့ပိုင်းစံတော်ချိန်) မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး၊ ထရမ့်အစိုးရရဲ့ "အကြီးမားဆုံး အခိုက်အတန့်တွေကို တစ်နေရာတည်းမှာ ကြည့်နိုင်မယ့် နည်းလမ်း" လို့...

ပေါက်ခေါင်းမြို့နယ် လဝကရုံးသစ်ဆောက်လုပ်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လျာထားတင်ပြမည်

ပျ-က်စီး၊ အိုမင်းဟောင်းနွမ်းနေသည့် ရုံးနှင့်ဝန်ထမ်းအိမ်ရာများကို ရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်မည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရုံးအဆောက်အဦသစ် ဆောက်လုပ်နိုင်ရေးကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လျာထားတင်ပြသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက ပြောကြားသည်။ စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပေါင်းတည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေသင်းက ပေါက်ခေါင်းမြို့နယ် လဝကရုံးအဆောက်အဦသစ်ကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို မေးမြန်းရာ ဒုတိယဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးဌာနအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071