တိုက်ကြီး၊ စက်တင်ဘာ ၂၂
အမှတ် (၇၄) အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားသည် တိုက်ကြီးမြို့နယ်အတွင်း၌ ခဲဖြင့် ပ-စ်ပေ-ါက်ခံရကြောင်းနှင့် အဆိုပါ ခဲဖြင့်ပ-စ်ပေ-ါက်သူကို ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်သည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီကျော်ခန့်က ပြည်ဘူတာမှ ရန်ကုန်သို့ မောင်းနှင်လာသည့် အမှတ် (၇၄) အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားသည် တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာနှင့် သနပ်ချောင်းဘူတာကြား မိုင်တိုင်အမှတ် ၄၈/၂ဝ ရေကျော်ဘူတာအနီးသို့ အရောက်တွင် အုတ်ခဲကျိုးဖြင့် ပ-စ်ပေ-ါက်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းသို့ ပ-စ်ပေ-ါက်ခံရမှုကြောင့် ရထား၏ ပထမတန်းတွဲ (၂) ဝဲဘက်ခြမ်း ပြတင်းပေါက်မှန်တစ်ချပ် ထိမှန်ပေါက်ကွဲ ပျ-က်စီးခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းရာ ရထားကို ပ-စ်ပေ-ါက်သူမှာ ဖလုံဘူတာအုပ်စု၊ ဒုံးခိုက်ကျေးရွာနေ မီးရထားဂိတ်စောင့် ဝန်ထမ်းဖြစ်ကြောင်း သိရပြီး အရက်သောက်စား မူးယစ်ကာ သံလမ်းဘေးရှိ အုတ်ခဲကျိုးဖြင့် ရထားကို ပ-စ်ပေ-ါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရထားအား အုတ်ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူကို တိုက်ကြီးမြို့မရဲစခန်းက (ပ) ၁၄၇/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၄ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
