Tuesday, June 16, 2026

Great Hall အတွင်း မြန်မာနိုင်ငံတော်သမ္မတအား...

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား တရုတ်နိုင်ငံက တရားဝင်ကြိုဆိုဂုဏ်ပြုမည့် အခမ်းအနားအတွက် ပေကျင်းမြို့ရှိ Great Hall of...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က...

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသောနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မကြာမီ တွေ့ဆုံကြတော့မည့်ထိပ်သီးခေါင်းဆောင်နှစ်ဦး၏ လတ်တလော နိုင်ငံတကာ သံတမန်ရေးရာ လှုပ်ရှားမှုများ ယခု ထိပ်သီးတွေ့ဆုံပွဲ...

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...
HomeCelebrities' Newsကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့...

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

ကျောင်းကပွဲတွေကနေ ပရိသတ်အားပေးမှုရရှိလာသူကတော့ သရုပ် ဆောင်ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ အနုပညာလောကထဲ ဝင်ရောက်လာချိန်မှာ အားပေးတဲ့ပရိသတ်တွေထက် ဝေဖန်တဲ့သူတွေပိုများနေတဲ့အပေါ် ဖြူဖြူထွေးက…

“အမှန်ဆို ဝေဖန်ပေးတဲ့သူတွေကို ချစ်လည်းချစ်တယ်။ ကျေးဇူးလည်းတင်တယ်။ဘာဖြစ်လို့လဲဆိုတော့ လမ်းကြောင်းမှန်ကို ရောက်သွားသလိုပဲ။ လူတစ်ယောက်က သူ့ကို နာကြည်းစရာတစ်ခုခုပြောလိုက်ရင် စိတ်ထဲမှာမှတ်ပြီးတော့ အဲဒီထက် ငါ ပိုကြိုးစားနိုင်တယ်ဆိုပြီးပြချင်တယ်။ ဝေဖန်တဲ့သူတွေက ခွန်အားတစ်ခု ထပ်ပေး လိုက်သလိုပါပဲ။ ပိုပြီးပြင်ဆင်နိုင်ပါတယ်။ အဲဒီလိုဝေဖန်တဲ့သူတွေအတွက် ကျေးဇူး လည်းတင်ပါတယ်”လို့ ပြောပါတယ်။

မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဖြစ်တဲ့အတွက် မိဘအပေါ် ဂရုစိုက်မှုတွေ၊ ထောက်ပံ့ပေးမှုတွေကောရှိလားလို့ မေးကြည့်တဲ့အခါမှာတော့ ဖြူဖြူထွေးက…

“ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ (ရယ်လျက်)။ ဒါပေမဲ့ မိဘတွေကိုတော့ စိတ်ညစ်အောင် မလုပ်ပါဘူး။ ညီမ ၁ဝ တန်းကတည်းက ရန်ကုန်ကိုပြောင်းလာတာ။ ၁ဝ တန်းဖြေပြီးတာနဲ့ သင်တန်းတွေလိုက်တက်တယ်။ သူနာ ပြုသင်တန်းလည်းတက်ခဲ့တယ်။ သူနာပြုအလုပ်လုပ်ရင်းနဲ့ပဲ ပထမနှစ်ကိုယ့် ပိုက်ဆံနဲ့ ကိုယ်ကျောင်းတက်တယ်။ ပြီးတော့MMDC မှာ TV Presenter ထပ်တက် တယ်။ ပြီးတော့ တခြားမှာ Presenter အလုပ်ရတယ်။ တစ်လကို ၂ သိန်းရတယ်။ အဲဒီကနေစပြီးတော့ ဖေ့စ်ဘုတ်ခ်မှာအကောင့်ဖွင့်ပြီး စသုံးရင်းနဲ့ အကဗီဒီယိုဖိုင်တင် လိုက်တာ။ ကျောင်းဆရာကန်တော့ပွဲမှာတင်လိုက်တဲ့ ဗီဒီယိုဖိုင်လေးကနေ ဒီနေရာ အထိရောက်လာခဲ့တာပါ။ ဒါပေမဲ့ လူသိများတာက ကောင်းသောလူသိများခြင်းနဲ့ မဟုတ်တော့ တော်တော်စိတ်ဓာတ်ကျခဲ့ရပါတယ်။ ဒါပေမဲ့လည်း မိဘကိုတော့ ညီ မအလုပ်လုပ်လို့ရတဲ့အနုပညာကြေးနဲ့ ထောက်ပံ့ပေးခဲ့တာပါ။

ညီမငယ်ငယ်ကတည်းက ဘယ်သွားသွားဘာပဲလုပ်လုပ် ပိုက်ဆံတစ်ကျပ်တစ်ပြားမှ မကိုင်ရဘူး။ တစ်ခါမှလည်း ပေးမကိုင်ဘူး။ အိမ်ကအစ်မတွေကပဲ Control လုပ်တယ်။ မိသားစုစားဝတ်နေရေး အတွက်ပေါ့။ ကိုယ်ရတဲ့ပိုက်ဆံကို ကိုယ်ဘယ်လောက် ပင်ပင်ပန်းပန်း နယ်ဘက်မှာ သီချင်းတွေသွားဆိုတာပဲဖြစ်ဖြစ်၊ ကတာပဲဖြစ်ဖြစ် အိပ်ရေးတွေလည်းပျက်တယ်လေ။ ဒါပေမဲ့ ကိုယ်က မိသားစုကိုထောက်ပံ့ရတဲ့အတွက် ပင်ပန်းရကျိုးလည်းနပ်တယ်။ ကိုယ့်ရဲ့ မိဘကို ကိုယ်စောင့်ရှောက်ခွင့်ရတဲ့အတွက် အရမ်းလည်းပျော်မိတယ်။ ဒါက ဘာနဲ့မှလည်း အစားထိုးမရတဲ့အတွက် ကိုယ့်ကိုယ် ကိုယ်လည်း ဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

သစ်ပင်ရဲ့ အနာထိတ်ဝပေါ်ကငှက်

ကဗျာဆရာကြီးဟာ သူ့တပည့် လေးတွေကိုတော့၊ ဒီလိုမေးခွန်း ထုတ် သတဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071