ပြည်ပမှသရက် အကြမ်းသီးများကြောင့် ပြည်တွင်းဈေးကွက်ပျက်

ပြည်ပမှသရက် အကြမ်းသီးများကြောင့် ပြည်တွင်းဈေးကွက်ပျက်
May 24, 2017 Asian Fame

2:58 pm
ပြည်ပမှသရက် အကြမ်းသီးများကြောင့် ပြည်တွင်းဈေးကွက်ပျက်

MDY(မန္တလေး၊ မေ ၂၃)

ပြည်ပမှ ဝင်လာသော သရက် (အကြမ်းသီး) များကြောင့် ပြည် တွင်း သရက် အကြမ်းစိုက် တောင် သူများ ထိခိုက် နစ်နာနေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများ အသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးနေလင်းမောင်မောင်က ပြောသည်။

”သရက်အကြမ်းတွေက တစ် ပိဿာငါးရာ (ကျပ်)လောက်နဲ့ ပြည်ပကနေ ဒလဟော ဝင်နေတာ ဆိုတော့ ပြည်တွင်း ကသရက် အ ကြမ်းဈေးနှုန်းက နှစ်ရာ(ကျပ်)လောက်အထိ ထိုးကျသွားတယ်။ သရက်အကြမ်း ဆိုတာက စိန်တစ် လုံး အသီးတို့လို အချိုသီး မဟုတ်ပါ ဘူး။ ဥပမာ ချဉ်ပေါင်း လုပ်ရောင်းတဲ့ အကြမ်းသီးတွေပေါ့။ ဒီမှာတောင် ကောင်းကောင်း မပေါ်သေးတဲ့အ ချိန်မှာ ပြည်ပကနေ ဒလဟောဝင် လာတော့ အကြမ်းသီးစိုက်တဲ့ တောင်သူတွေမှာ တော်တော်လေး ကို နစ်နာနေကြပါတယ်” ဟု ၄င်း က ဆိုသည်။

သရက် အကြမ်းသီးများသည် မြဝတီ၊ မဲဆောက် ဘက်မှဝင် ရောက် လာခြင်းဖြစ်ပြီး ယမန်နှစ်မှစ၍ ဈေးကွက်သို့ ရောက်ရှိခဲ့ခြင်း ဖြစ် ကြောင်း၊ ယခုနှစ်တွင်လည်း သင်္ကြန် မတိုင်ခင်ရက် များအတွင်း ယမန် နှစ်ကထက် ပိုမို ဝင်ရောက်လာ သ ဖြင့် ပြည်တွင်း သရက်အကြမ်းဈေး ကွက်ပျက်နေကြောင်း ၄င်းက ပြောသည်။

ပြည်ပ သရက် အကြမ်းသီးများ သည် အခွန် ရှောင်ဝင်လာသည့် အခြေအနေဖြစ်သဖြင့် ပြည်တွင်းဈေး ကွက်တွင် အောက်ဈေးဖြင့်ချ ရောင်းနိုင်ကြောင်း၊ ပြည်တွင်း၌ သရက်အကြမ်း ပေါ်ချိန်တွင် တောင်သူများက စိုက်ပျိုးစရိတ်ကာ မိရုံမျှဈေးဖြင့် ချရောင်းနေကြရ ကြောင်း၊ ထိုအခြေအနေ သည်ရေ ရှည် ရပ်တည်နိုင်ရန်မလွယ်ကူနိုင် ကြောင်း သရက် အကြမ်းစိုက် တောင်သူများ ပြောစကား အရ သိရသည်။

”ကျွန်တော်တို့လည်း (အစိုးရ ကို) တိုက်တွန်းတယ်ဗျ။ ကျွန်တော် တို့သိသလောက်က အရင်တုန်းက ဆိုရင် အစိုးရဘက် က လုံးဝတား ဆီး ပိတ်လိုက်လို့ရ တယ်။ ဒါပေမယ့် အခုက အာဆီယံ ကုန်သွယ်ရေး ကိစ္စဘာညာ ဆိုတော့ ပိတ်လို့မရဘူး။ တရုတ်ပြည်မှာ ကြက်သွန်ပေါ်ချိန် မြန်မာဘက်က သွားရောင်းရင် အ ခွန်တစ်ရာ ရာခိုင်နှုန်း ကောက် တယ်။ ဥပမာ တစ်ပိဿာ တစ်ရာ ဆိုရင် အခွန်တစ်ရာ ရာခိုင်နှုန်း ကောက်တယ်။ ဆိုလိုတာကမပိတ် ဘူး။ အခွန်တစ်ရာ ရာခိုင်နှုန်း ကောက်လိုက်တယ်။ အခွန်ဆောင် နိုင်ရင်လာ၊ မဆောင်နိုင် ရင်မလာ နဲ့ ဆိုတဲ့ သဘော လုပ်လိုက်တာပါ။ ဒါက သူ့ပြည်တွင်းက တောင်သူ တွေအတွက် အကာအကွယ် ပေးတဲ့ သဘောပေါ့။ ကျွန်တော်တို့ဆီမှာ လည်း ဒါမျိုး လုပ်သင့်တယ်” ဟု ဦးနေလင်းမောင်မောင်က အကြံ ပြုသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*