ငလျင်ဒဏ်သင့် ပုဂံရှိ စေတီ နှစ်ရာကျော်ကို မကြာမီ ပြုပြင် ထိန်းသိမ်းတော့မည်

ငလျင်ဒဏ်သင့် ပုဂံရှိ စေတီ နှစ်ရာကျော်ကို မကြာမီ ပြုပြင် ထိန်းသိမ်းတော့မည်
November 23, 2016 Asian Fame

7:58 am
ငလျင်ဒဏ်သင့် ပုဂံရှိ စေတီ နှစ်ရာကျော်ကို မကြာမီ ပြုပြင် ထိန်းသိမ်းတော့မည်
In Travel

photo-kyaw-kyaw-af-copy

မေဇင်ဝင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၇

ငလျင်ဒဏ်သင့် ဘုရားများအနက်  အသေးစား ထိခိုက်ပျက်စီးသော စေတီ နှစ်ရာကျော်ကို  မကြာမီ ပြုပြင်ထိန်းသိမ်း တော့ မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂာံနခွဲ) မှသိရသည်။

သြဂုတ်လအတွင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက် ပျက်စီးခဲ့သော စေတီ၊ ပုထိုး ၃၈၉ ဆူရှိခဲ့ပြီး  ပြည်တွင်း/ ပြည်ပ ပညာ ရှင်များပါဝင်သောအဖွဲ့ များက ထိခိုက်ပျက်စီးမှုပမာဏနှင့် တန် ဖိုးပေါ်မူတည်၍ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးနှင့် တတိယ ဦးစားပေးဟူ၍ ခွဲ ခြားထားပြီးဖြစ်ကြောင်း၊ ပထမနှင့် ဒုတိယ ဦးစားပေး ပြုပြင်မည့် ၈၉ ဆူအား  ပြည် တွင်း/ပြည်ပ ပညာရှင်များ၏ အကြံပြု ချက်နှင့်အညီ ၂ဝ၁၇ ခုနှစ်မှသာ ဆောင် ရွက်ရန် UNESCO  နှင့် ညှိနှိုင်းလျာထား ကြောင်း၊ အသေးစား ထိခိုက်ပျက်စီးသော ဘုရား  ၂၂၄ ဆူကိုမူ ပညာရှင်များဧ။် အကြံÓဏ်များရယူ၍ ရှေးဟောင်းသုတေ သနက ပြုပြင်သွားမည်ဖြစ်ကြောင်း သိရ သည်။

”နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဆရာ တော်ကြီးတွေရဲ့ သြဝါဒခံယူပါမယ်။ ၂၃ ရက်နဲ့ ၂၄ ရက် မှာတော့ ပညာရှင်တွေနဲ့ အစည်းအဝေးရှိ ပါတယ်။ စေတီတွေကို ပြုပြင်တဲ့အခါ အရင်ကလို မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ပညာရှင်တွေရဲ့ အကြံဥာဏ်ရယူဖို့ အစည်း အဝေးခေါ်ထား တာပါ၊ အဲဒီအစည်းအဝေးကလည်း သုံး ကြိမ်မြောက်ပါ။ ပညာရှင်တွေရဲ့ အကြံပြု ချက်၊ ဆရာတော်ကြီးတွေရဲ့ သြဝါ ဒတွေ ခံယူပြီးရင်တော့ ဘယ်နေ့စပြီး လုပ်မလဲ ဆိုတာ ပြုပြင်ထိန်းသိမ်းရေးကော်မတီက ဆုံးဖြတ်မှာပါ” ဟု ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင် အောင်ကျော်က ပြောသည်။

အဆိုပါဘုရား ၂ဝဝ ကျော်သည် ထီး တော်စောင်းခြင်း၊ စိန်ဖူးတော် ထိခိုက် ခြင်းစသည်ဖြင့် အသေးစား ပျက်စီးသော ကြောင့် ဦးစွာပြုပြင်ရန် စီစဉ်ခြင်း ဖြစ် ကြောင်း ရှေး/သုမှ သိရသည်။

ငလျင်ဒဏ်သင့်စေတီများကို မိုးကာ အုပ်ခြင်း၊ ဝါးငြမ်းဆင်ခြင်းနှင့် ငြမ်းဖြင့် ညှပ်ထိန်းခြင်း၊ ခါးပတ်ပတ်ခြင်း၊ အက် ကြောင်းများ ယာယီပိတ်ခြင်း (ကြားသိပ် ခြင်း)၊ ပြိုပျက်အစိတ်အပိုင်းများ အလေး ချိန် လျှော့ချခြင်း၊ ယာယီ ရေပိတ်လွှာ လောင်းခြင်းစသည့် အခြေခံ လုပ်ငန်းများ နှင့် UNESCO ၏ အကြံပြု ပူးပေါင်း ဆောင်ရွက်သည့် မှတ်တမ်းတင်ခြင်း စသည်တို့ကို လုပ်ဆောင်ပြီးဖြစ်၍ စတင် ပြုပြင် ထိန်းသိမ်းတော့မည်ဖြစ်ရာ လုပ် အားဒါနပြုလိုသူများနှင့် တစ်ဆူချင်းအ နေဖြင့် တာဝန်ယူ လှူဒါန်းလိုသူများကို ဖိတ်ခေါ်ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

လှူဒါန်းလိုသူများအနေဖြင့် ဖုန်း – ဝ၆၇ – ၄ဝ၈၄၁၈၊ ဝ၉ – ၇၉၉၁၁၆ဝဝ၉၊ ဝ၆၁  – ၆ဝ၅၅၆၊ ဝ၉ – ၄၄၄ဝ၄၇၁၂၃ တို့သို့ ဆက်သွယ်နို င်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*