Home News Local News ၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုရစာရင်းတွင် ဧရာဝတီတိုင်းမှ ဆု ၃ ဆု ရရှိ

၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုရစာရင်းတွင် ဧရာဝတီတိုင်းမှ ဆု ၃ ဆု ရရှိ

0
99

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆုတို့ ပါဝင်

နှစ်စဥ် ဇွန်လ(၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အစီအစဉ်တစ်ရပ်အနေဖြင့်ထည့်သွင်း၍ ဆုများပေးအပ်ချီးမြှင့်လျက်ရှိရာ ၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုသတ်မှတ်ချက်များတွင် ဧရာဝတီတိုင်းမှ ဆု ၃ ဆု ရရှိခဲ့ကြောင်း သိရသည်။         

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါးဆုရရှိသူများစာရင်းနှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးဆုရရှိသူများထုတ်ပြန်ကြေငြာခဲ့ရာ ဧရာဝတီတိုင်း၊ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းမှ မောင်သန့်ထူးလွင်( grade 9)က အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၆ ခုနှစ် အမျိုးသားအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ဆု၊ ကျေးရွာဆု၊ စက်ရုံ/ လုပ်ငန်းဆု သတ်မှတ်ပေးအပ်ရာ ဧရာဝတီတိုင်း၊ညောင်တုန်းမြို့ Shwe Wah Nadi Agriculture Co.,ltd ဆန်စပါးကြိတ်ခွဲသန့်စင် ထုတ်လုပ်ခြင်းလုပ်ငန်းမှ ဆုရရှိခဲ့ကြောင်း သိရသည်။   

အလားတူ၂၀၂၆ ခုနှစ်၊ အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆု- National Clean and Green School Award – 2026ရရှိခဲ့သည့်မူလတန်းအဆင့် ကျောင်းများအမည်စာရင်း ထုတ်ပြန်ခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီး၊ရေကြည် မြို့နယ် ရွာသစ် ကျေးရွာအခြေခံပညာ မူလတန်းကျောင်း (ရောင်ပစ်ကွင်း)မှ ပထမဆု ရှိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထုတ်ပြန်ကြေငြာချက်များအရ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here