Wednesday, May 27, 2026

မေ ၂၆ ရက်တစ်ညတည်းတွင် မြန်မာနိုင်ငံ၌...

ယမန်နေ့ မေ ၂၆ ရက်ညပိုင်းက မြန်မာနိုင်ငံရှိ မြို့(၃) မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်စီရှိသော ငလျင်လှုပ်ခတ်မှု(၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ည ၁၁...

၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုရစာရင်းတွင်...

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆုတို့ ပါဝင် နှစ်စဥ် ဇွန်လ(၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အစီအစဉ်တစ်ရပ်အနေဖြင့်ထည့်သွင်း၍...

ငလျင်ကြီး ကာလနောက်ပိုင်း မဟာမုနိဘုရားကြီးထံ ခရီးသွားဖူးမြှော်သူ...

မန္တလေး ငလျင်ကြီးပြီးနောက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ထံသို့ လာရောက်ဖူးမြှော်သည့် ခရီးသွားများ ပိုမိုများပြားလာသည်ဟု သိရသည်။ မန္တလေးငလျင်ကြီး မလှုပ်ခတ်ခင် ပုံမှန်ရက်များတွင် ခရီးသွားထောင်ဂဏန်းမျှသာရှိခဲ့သော်လည်း လက်ရှိတွင် နေ့စဉ်...

မကွေးမြို့နယ် နှင် ပြည်ကြီးတံခွန်မြို့နယ်မှာ စိတ်ကြွရူးသွ...

မကွေးမြို့နယ်၌ ငွေကျပ်သိန်း (၄၅၀၀) တန်ဖိုး၊ ပြည်ကြီးတံခွန် မြို့နယ်၌ ငွေကျပ် ၂၀၇ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွ ပ်ဆေးပြားများနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိခဲ့ကြောင်း မြန်...
HomeNewsLocal Newsတောင်သူဦးကြီးများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းကာ...

တောင်သူဦးကြီးများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းကာ ကမ္ဘောဇဘဏ်မှ စိုက်ပျိုးရေးချေးငွများပံ့ပိုး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သည်။ လူဦး‌ရေအများစုသည် စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်လျက်ရှိပြီး GDPအရ နိုင်ငံတော်ထုတ်ကုန်၏ အဓိကအပိုင်းတွင် စိုက်ပျိုးရေးကဏ္ဍလည်းပါဝင်လျက်ရှိသည်။ မြန်မာ့စီးပွားရေးတိုးတတ်‌စေရန် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိသော တောင်သူဦးကြီးများနှင့် လယ်ယာများဟာ ပြည်သူများ၏ အားကိုးအားထားရာဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မှ “ပြည်သူများဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် တောင်သူလယ်သမားများ၏ဘဝ မြှင့်တင်ရေးသည် အဓိကကျတဲ့ ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအပေါ် အဓိကမှီခိုနေသူများဖြစ်၍ တောင်သူလယ်သမားဘဝမြှင့်တင်ဖို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ဖို့အတွက် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း လမ်းညွှန်မိန့်ကြားခဲ့သည်။

အဆိုပါ နိုင်ငံတော်မူဝါဒ လမ်းညွှန်ချက်များနှင့်အညီ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာအရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို သက်သာသော အတိုးနှုန်းများဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိသည်။

ပုဂ္ဂလိကပိုင်ဘဏ်ဖြစ်‌သော ကမ္ဘောဇဘဏ် (KBZ Bank)မှလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းကာ မြန်မာ့တောင်သူလယ်သမား ၁.၈ သန်းအား စိုက်ပျိုးရေးချေးငွေများ ထုတ်ချေးမည့် အစီအစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

ယခု ပူးပေါင်းဆောင်ရွက်မှုအရ စိုက်ပျိုးရေးချေးငွေများကို ကနဦးအနေဖြင့် တောင်သူလယ်သမား ၈၀,၀၀၀ ကျော်သို့ ငွေသား ၅၀% နှင့် KBZPay မှတဆင့် ဒစ်ဂျစ်တယ်ငွေကြေး ၅၀% ဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးအတွက် လိုအပ်သော ငွေကြေးအထောက်အပံ့ကို အချိန်မီရရှိနိုင်မည့်အပြင် လုံခြုံစိတ်ချရသော Digital Financial Services များကိုလည်း
အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန် ကွင်းဆင်းလေ့လာခဲ့ရာ လက်ရှိတွင် ခရိုင်မြို့နယ် ၁၆ ခု၌ စမ်းသပ်ကာလအဖြစ် စတင်ဆောင်ရွက်နေပြီး နောင်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဆောင်ရွက်သွားဖို့ ကမ္ဘောဇဘဏ်ဘက်မှ ရည်ရွယ်ထားသည်။

ယခုအစီအစဉ်မှတဆင့် လယ်တစ်ဧကလျှင် ၃၀၀,၀၀၀ ကျပ်နှုန်းဖြင့် အများဆုံးချေးငွေ သိန်း(၃၀)ထိ ရယူနိင်မည်ဖြစ်ပြီး တောင်သူလယ်သမားဦးရေ ၁.၈ သန်းသို့ ကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

ယခုလို ဆောင်ရွက်နေခြင်းသည် KBZ Bank ၏ မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများကို အားပေးကူညီပံ့ပိုးရန်၊ တောင်သူလယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံ၏ Inclusive Digital Economy ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ဖော်ဆောင်နေခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မေ ၂၆ ရက်တစ်ညတည်းတွင် မြန်မာနိုင်ငံ၌ ငလျင်(၃) ကြိမ်လှုပ်ခတ်ခဲ့

ယမန်နေ့ မေ ၂၆ ရက်ညပိုင်းက မြန်မာနိုင်ငံရှိ မြို့(၃) မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်စီရှိသော ငလျင်လှုပ်ခတ်မှု(၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ည ၁၁ နာရီ ၅၄ စက္ကန့်က ကလေးဝမြို့၏ အရှေ့ဘက် (၁၀)မိုင်ခန့်အကွာ၊ အနက်(၇၈)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ည ၈ နာရီ ၃၇ မိနစ် ၄၇ စက္ကန့်ကလည်း မော်လိုက်မြို့၏ အရှေ့မြောက်ဘက်(၂၃)မိုင်ခန့်အကွာ၊ အ နက်(၇၀)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄ ဒသမ...

၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုရစာရင်းတွင် ဧရာဝတီတိုင်းမှ ဆု ၃ ဆု ရရှိ

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆုတို့ ပါဝင် နှစ်စဥ် ဇွန်လ(၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အစီအစဉ်တစ်ရပ်အနေဖြင့်ထည့်သွင်း၍ ဆုများပေးအပ်ချီးမြှင့်လျက်ရှိရာ ၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုသတ်မှတ်ချက်များတွင် ဧရာဝတီတိုင်းမှ ဆု ၃ ဆု ရရှိခဲ့ကြောင်း သိရသည်။          ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါးဆုရရှိသူများစာရင်းနှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးဆုရရှိသူများထုတ်ပြန်ကြေငြာခဲ့ရာ ဧရာဝတီတိုင်း၊ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းမှ မောင်သန့်ထူးလွင်( grade 9)က အခြေခံပညာ...

ငလျင်ကြီး ကာလနောက်ပိုင်း မဟာမုနိဘုရားကြီးထံ ခရီးသွားဖူးမြှော်သူ ပိုမိုများပြားလာ

မန္တလေး ငလျင်ကြီးပြီးနောက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ထံသို့ လာရောက်ဖူးမြှော်သည့် ခရီးသွားများ ပိုမိုများပြားလာသည်ဟု သိရသည်။ မန္တလေးငလျင်ကြီး မလှုပ်ခတ်ခင် ပုံမှန်ရက်များတွင် ခရီးသွားထောင်ဂဏန်းမျှသာရှိခဲ့သော်လည်း လက်ရှိတွင် နေ့စဉ် ခရီးသွားဦးရေ၊ ပျမ်းမျှ တစ်သောင်း၀န်းကျင်ဝင်ရောက်လျက်ရှိကြောင်းလည်း ဘုရားကြီးဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ မတ္တရာ-စဉ့်ကူး-မိုးကုတ်လမ်းပိုင်း၊ မန္တလေး - ပြင်ဦးလွင် - လားရှိုးလမ်းပိုင်း၊ မန္တလေး-စစ်ကိုင်းလမ်းပိုင်းတို့ ပြန်လည်သွားလာရန် အဆင်ပြေပြီးနောက်ပိုင်း ထိုကဲ့သို့ ဖူးမျှော်သူ ပြန်လည်များပြားလာခြင်းဖြစ်သည်ဟုလည်း ၎င်းကပြော သည်။ “မန္တလေးကို လာလည်ကြရင်း၊ ကုန်ပစ္စည်းတွေ လာယူကြရင်း ဘုရားကြီးကို ဦးတိုက်ကြတာပေါ့၊ ကျောင်းပိတ်ရက်တွေလည်းရှိနေခဲ့တော့ ငလျင်နောက်ပိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071