၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်မလှုပ်ခတ်မီနှင့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း E-Submission မှတဆင့် ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် (လုပ်ငန်းသစ်/လုပ်ငန်းတိုး) လျှောက်ထားလာသော လုပ်ငန်းများအား ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် ကိုက်ညီမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် GMP စံနှုန်းနှင့် ကိုက်ညီသော လုပ်ငန်းများအား ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထောက်ခံချက်ထုတ်ပေးပြီးနောက်ပိုင်းတွင်လည်း နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းများကို “Risk-Based Sampling System” ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းစနစ်အား E-Submission System တွင် ၂၀၂၆ ခုနှစ် မေ ၂၇ ရက်နေ့၌ Launching ပြုလုပ်ကာ စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း FDA က ထုတ်ပြန်ထားသည်။
အဆိုပါစနစ်အသုံးပြုခြင်းဖြင့် အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများအား စနစ်တကျ စောင့်ကြည့်စစ်ဆေးနိုင်မည်ဖြစ်ပြီး အစားအသောက်ဘေးကင်းလုံခြုံရေးကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။