Home News Local News ဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ငလျင်ဒဏ်ခံ EradiQuake Bearing တပ်ဆင်၍ ၂၀၂၆ နှစ်ကုန်မတိုင်မီ အပြီးဆောက်မည်

ဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ငလျင်ဒဏ်ခံ EradiQuake Bearing တပ်ဆင်၍ ၂၀၂၆ နှစ်ကုန်မတိုင်မီ အပြီးဆောက်မည်

0
242

မန္တလေး၊ ဩဂုတ် ၉
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၈/၁) ရှိ ဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ငလျင်ဒဏ်ခံ EradiQuake Bearing တပ်ဆင်ကာ ၂၀၂၆ ခုနှစ် နှစ်ကုန်မတိုင်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါ ဒုဋ္ဌဝတီတံတားအသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ယနေ့ (ဩဂုတ် ၉ ရက်)နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက အဆိုပါတံတားအား Steel Box Girder နှင့် ကြိုတင်အားဖြည့် ကွန်ကရစ်ရက်မ အမျိုးအစားဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး Myanmar National Building Code 2025 ပါ ငလျင်ဒဏ်ခံစံနှုန်းများအတိုင်း တွက်ချက်ထားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပင်မတံတားတွင် EradiQuake Bearing နှင့် ချဉ်းကပ်တံတားတွင် High Damping Rubber Bearing (HDRB) များကို အသုံးပြုထားကာ အပြန်လမ်းဘက်မှ ၂ လမ်းသွားတံတားကို ၂၀၂၆ နှစ်ကုန်မတိုင်မီ အပြီးဆောက်လုပ်ရန် ညွှန်ကြားခဲ့သည်။
ထို့အပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ စကားအင်းတိုးလ်ဂိတ်၌ လမ်းအသုံးပြုခ ကောက်ခံမှုများနှင့် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်လမ်းပေါ်ရှိ ၈၀ ပေ တံတားအမှတ် (၃/၅) တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကိုပါ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here