Tuesday, August 11, 2026

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား...

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ...

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀...

၂၀၂၆ – ၂၀၂၇ ပညာသင်နှစ်...

နေပြည်တော်၊ ဩဂုတ်-၁၀ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျောင်းပြင်ပရောက်ကလေးများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးနှင့် ကျောင်းပြင်ပအလယ်တန်းပညာရေး အတန်းနေရာ ချထားမှု...
HomeMovies​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး...

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။

သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။

​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ “မသင်္ကာစရာ” ပစ္စည်းတွေ ပါလာတယ်ဆိုတဲ့ သတင်းရခဲ့တဲ့အတွက် လနဲ့ချီပြီး စောင့်ကြည့်နေခဲ့ရတာလို့ အမျိုးသား မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီ အကြီးအကဲ Suyudi Ario Seto က ပြောပါတယ်။

​အဲဒီသင်္ဘော အင်ဒိုနီးရှားရေပိုင်နက်ထဲ ဝင်လာတဲ့ ကြာသပတေးနေ့မှာပဲ ရေတပ်စစ်သင်္ဘောက တားဆီးစစ်ဆေးခဲ့တာပါ။

​”သြဂုတ်လ ၇ ရက်နေ့မှာ ပူးပေါင်းအဖွဲ့က သင်္ဘောပေါ်မှာ ဝှက်ထားတဲ့ ဆာလာအိတ် ၆၅ အိတ်ကို ရှာတွေ့ခဲ့ပါတယ်။ စမ်းသပ်စစ်ဆေးကြည့်တော့မှ ကက်တမင်းတွေမှန်း သိလိုက်ရတာပါ” လို့ ဘာတမ်ကျွန်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Suyudi က ရှင်းပြပါတယ်။

​ဖမ်းဆီးရမိတဲ့ ခန့်မှန်းခြေ ၁.၃ တန်လောက်ရှိတဲ့ မူးယစ်ဆေးတွေဟာ တန်ဖိုးအားဖြင့် ရူပီယာ ၂.၀၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁၆.၂ သန်း) လောက် တန်ကြေးရှိပါတယ်။ အခုချိန်မှာတော့ အခြားပစ္စည်းတွေ ကျန်သေးလားဆိုတာ သိရဖို့ သင်္ဘောကို ဆက်ရှာဖွေနေတုန်းပါပဲတဲ့။

​ကက်တမင်းဆိုတာက အဓိကအားဖြင့် အမြန်အစွမ်းပြတဲ့ မေ့ဆေးအဖြစ် သုံးကြပေမယ့် ပါတီတွေမှာ တရားမဝင် မူးယစ်ဆေးအဖြစ်လည်း အလွဲသုံးလေ့ရှိကြပါတယ်။ အင်ဒိုနီးရှားမှာတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်စောင့်ကြည့်ထားတာပါ။

​နိုင်ငံပိုင် Antara သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ ဒီသင်္ဘောဟာ တန်ဇန်းနီးယား (Tanzania) နိုင်ငံအလံကို လွှင့်ထူထားတာဖြစ်ပြီး စင်ကာပူအနီးက ရီအော (Riau) ကျွန်းစု ရေပြင်မှာ အဖမ်းခံခဲ့ရတာပါ။

​”ဒီမူးယစ်ဆေးတွေ ဘယ်ကလာတာလဲ၊ ဘယ်ဆိပ်ကမ်းကို သွားမှာလဲ၊ ဘယ်သူကပို့ပြီး ဘယ်သူက လက်ခံမှာလဲ ဆိုတာတွေကို ကျွန်တော်တို့ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲပါ” လို့ Suyudi က ဆက်ပြောပါတယ်။

​ပြီးခဲ့တဲ့လကလည်း ထိုင်းနိုင်ငံကနေ မှောင်ခိုသွင်းဖို့ကြိုးစားတဲ့ ဆေးခြောက်ဖူး ၃.၃၇ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ပြီး သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

​၂၀၂၁ တုန်းကဆိုရင်လည်း အာဖဂန်နစ္စတန်ကနေ မက်သာဖက်တမင်း(Ice) ၂.၅ တန် သွင်းလာတဲ့ မှောင်ခိုဂိုဏ်းကို နှိမ်နင်းနိုင်ခဲ့ပြီး လူ ၁၇ ဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။

​အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် အပြင်းထန်ဆုံး ဥပဒေတွေရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး မှောင်ခိုကူးသူတွေကို သေဒဏ်အထိ ပြစ်ဒဏ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေကစလို့ သေဒဏ်စီရင်တာကိုတော့ ခေတ္တရပ်ဆိုင်းထားခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရန် စီစဉ်

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင် ၁၇ ဦးအနက် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့သူ မြန်မာ့မျိုးဆက်သစ် မြင်းစီးအားကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် Club House ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပိုးပိုးဟန်၏ ဓာတ်ပုံနှင့်...

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀ ရက်ကကျင်းပသည့် တတိယအ ကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်း အ ဝေး(ပထမနေ့)တွင် မြဝတီမြို့၌ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုများလာ၍ ယင်း အနှိပ်ခန်းနှင့် ပြည့်တန်ဆာရုံများကိုပိတ်သိမ်းပြီး ဖမ်းဆီးအရေးယူရန် ရှိ/မရှိကရင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌဦးအေးမင်းထွေး၏မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရန် ဖော် ထုတ်ဖမ်းဆီးအရေးယူခြင်းများကို မိတ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း ၍ ထိထိရောက်ရောက်အရေးယူသွားမည်ဟု ပြောသည်။ ထို့ပြင် အသိပညာပေးလုပ်ငန်းများကိုလည်း ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားမည်ဖြစ်ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071