Sunday, August 9, 2026

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့်...

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့်...

ဧရာဝတီအက်ဖ်စီ ၃-၀ ဖြင့် ရှမ်းယူနိုက်တက်ကို...

ရန်ကုန်၊ ဩဂုတ် ၉မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၀၂၇ ရာသီပွဲစဉ် (၉) ရာသီဝက်နောက်ဆုံးပွဲစဉ်အဖြစ် ဧရာဝတီအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်အက်ဖ်စီတို့ ယနေ့ညနေပိုင်းက သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိချန်ပီယံ...

ဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ငလျင်ဒဏ်ခံ...

မန္တလေး၊ ဩဂုတ် ၉ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၈/၁) ရှိ ဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ငလျင်ဒဏ်ခံ EradiQuake Bearing...
HomeNewsLocal Newsမုဒုံမြို့နယ်တွင် နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းသစ်တည်ဆောက်မည်

မုဒုံမြို့နယ်တွင် နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းသစ်တည်ဆောက်မည်

မုဒုံ၊ ဩဂုတ် ၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ မြေဧက ၃,၂၈၅ ကျော်တွင် နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းသစ်တည်ဆောက်မည်ဖြစ်ကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ (၄၂၇/၂၀၂၆) ကို ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (၁) အရ မြေဧက ၃,၂၈၅ ဒသမ ၃၁ ကို အများပြည်သူအကျိုးငှာ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းအသစ် တည်ဆောက်ရေးစီမံကိန်းတွင် ပင်မလေယာဉ်ကွင်းနှင့် လေယာဉ်ကွင်းအဝင်လမ်းမြေအဖြစ် အသုံးပြုရန် ပို့ဆောင်ရေးဝန်ကြီးဌာနက အလိုရှိခြင်းဖြစ်ကြောင်း အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

အဆိုပါမြေများမှာ မုဒုံမြို့နယ်ရှိ တော်ကူးကျေးရွာအုပ်စု၊ ကျိုက်ရွဲကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ဘဲရမ်းကျေးရွာအုပ်စုနှင့် ဝက်တဲကျေးရွာအုပ်စုတို့မှ မြေများဖြစ်ပြီး စုစုပေါင်း ကျေးရွာအုပ်စု ၅ ခု၊ ကွင်းပေါင်း ၁၄ ကွင်းနှင့် ဦးပိုင်ပေါင်း ၄၉၁ ခု ပါဝင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ပြီးစီးပါက မွန်ပြည်နယ်အတွင်း အပြည်ပြည်ဆိုင်ရာလေကြောင်းဆက်သွယ်ရေးနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပြီး ဒေသတွင်း သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဲမွီနှင့် သန့်ဇင်တို့ ၅ ချီပြည့် ထိုးသတ်ပြီး ပူးတွဲသရေဖြင့် ပွဲပြီးဆုံး

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး(11th Myanmar Lethwei World Championship- MLWC 11) ၏ စတုတ္ထတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည့် ၆၀ ကီလိုတန်း လက်ဝှေ့ပွဲတွင် အဲမွီ (အဲကညော) နှင့် သန့်ဇင် (Python Taw Win Ayar) တို့ ပူးတွဲသရေ ရရှိခဲ့သည်။ အဆိုပါပွဲစဉ်တွင် အဲမွီ (အဲကညော) ကို အနီရောင်ထောင့်မှ ကိုယ်စားပြုကာ သန့်ဇင် (Python Taw Win Ayar) က အပြာရောင်ထောင့်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ နှစ်ဦးစလုံး...

ထွန်းမင်းအောင်နှင့် ရာမန်တို့ ၅ ချီပြည့် ယှဉ်ပြိုင်ပြီး ပူးတွဲသရေဖြင့် ပွဲပြီးဆုံး

ရန်ကုန်၊သြဂုတ်-၉ (၁၁) ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (11th Myanmar Lethwei World Championship- ML WC 11) ၏ ခေါင်တွဲဆိုင်းအဖြစ်ကျင်းပသည့် ၇၅ ကီလိုတန်းပြိုင်ပွဲတွင် မြန်မာလက်ဝှေ့သမား ထွန်းမင်းအောင် (Top One) နှင့် ရာမန် (ရိုးရာစွမ်းအား) တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။ အဆိုပါပွဲစဉ်ကို ၇၅ ကီလိုတန်း၊ ၅ ချီ သတ်မှတ်ထားပြီး နှစ်ဦးစလုံး အဆုံး အဖြတ်ရရှိရန် အပြင်းအထန် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။ သို့သော် ၅ ချီပြည့်သည်အထိ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသော်လည်း အနိုင်အရှုံး အ...

ဧရာဝတီအက်ဖ်စီ ၃-၀ ဖြင့် ရှမ်းယူနိုက်တက်ကို အနိုင်ယူပြီး ရာသီဝက်ကို Clean Sheet ဖြင့် အဆုံးသတ်

ရန်ကုန်၊ ဩဂုတ် ၉မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၀၂၇ ရာသီပွဲစဉ် (၉) ရာသီဝက်နောက်ဆုံးပွဲစဉ်အဖြစ် ဧရာဝတီအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်အက်ဖ်စီတို့ ယနေ့ညနေပိုင်းက သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီက ရှမ်းယူနိုက်တက်အက်ဖ်စီကို ၃-၀ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ ဧရာဝတီအက်ဖ်စီအတွက် အနိုင်ဂိုးများကို မေထက်လူနှင့် နန်းခိုင်ဇင်မြင့်တို့က တစ်ဂိုးစီ သွင်းယူခဲ့ပြီး ကျန်တစ်ဂိုးမှာ ရှမ်းယူနိုက်တက် ကစားသမား ခိုင်သဇင်၏ ကိုယ့်ဂိုးကိုယ် သွင်းမိမှုမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအက်ဖ်စီသည် တိုက်စစ်နှင့် ခံစစ်ပိုင်း၌ ထိရောက်စွာ ကစားနိုင်ခဲ့ပြီး ရှမ်းယူနိုက်တက်ကို ဂိုးမပေးရဘဲ အနိုင်ရရှိခဲ့သည့်အတွက် ရာသီဝက်နောက်ဆုံးပွဲစဉ်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071