အသစ်ထုတ်ပြန်မည့် အခြေခံ လုပ်ခ လစာကို တိုင်းနှင့်ပြည်နယ်အလိုက် မခွဲခြားဘဲ တပြေးညီ သတ်မှတ်ရန်ဆုံးဖြတ်

အသစ်ထုတ်ပြန်မည့် အခြေခံ လုပ်ခ လစာကို တိုင်းနှင့်ပြည်နယ်အလိုက် မခွဲခြားဘဲ တပြေးညီ သတ်မှတ်ရန်ဆုံးဖြတ်
October 3, 2017 Asian Fame

12:03 pm
အသစ်ထုတ်ပြန်မည့် အခြေခံ လုပ်ခ လစာကို တိုင်းနှင့်ပြည်နယ်အလိုက် မခွဲခြားဘဲ တပြေးညီ သတ်မှတ်ရန်ဆုံးဖြတ်

2(နေပြည်တော်၊ အောက်တိုဘာ ၃)

၂၀၁၇ ခုနှစ်တွင် ပြင်ဆင် သတ်မှတ်ရန် စီစဉ်ထားသည့် အခြေခံ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်ကို တိုင်းဒေသကြီး နှင့်ပြည်နယ်များအလိုက် ခွဲခြား သတ်မှတ်မည် မဟုတ်ဘဲ တစ်နိုင်ငံလုံး အနှံ့ တပြေးညီ သတ်မှတ်ရန်ပေးရန် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ တတိယ အကြိမ် ညှိနှိုင်း အစည်းအဝေး အပြီးတွင် ဆုံးဖြတ်ခဲ့ ကြသည်။

“ကျနော်တို့ဖြစ်ချင်တာက အလုပ်အကိုင် အခွင့်အလမ်း တွေရှိလို့ နေရာတစ်ခု ကနေ တစ်ခုကိုရွေ့ပြောင်းပြီး လာလုပ်ကြတာမျိုးက သဘာဝကျပါတယ်၊ မဟုတ်ဘဲ လုပ်ရတာချင်း အတူတူကို ပဲခူးမှာ(၄၀၀၀)၊ ရန်ကုန်မှာ(၅၀၀၀)ရလို့ လာလုပ်တယ် ဆိုတာမျိုးကြ မဟုတ်ပြန်ဘူးလေ၊ ဒါကိုတော့ဆွေးနွေးခဲ့ပါတယ်”ဟု ပညာရှင် အဖြစ်ပါဝင်ခဲ့သည့် မြန်မာ့လူမှု စီးပွားဖွံ့ဖြိုး တိုးတတ်ရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှုး ဦးဇော်ဦးကဆိုသည်။

ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြပြီး ဒေသ အလိုက် လိုအပ်နေသည့် အခြေခံလုပ်ခ လစာများကိုတင်ပြခဲ့ကြသည် ။ညှိနှိုင်းဆွေးနွေးပွဲ သို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးလည်း တတ်ရောက် ဆွေးနွေးခဲ့သည်။

အနိမ့်ဆုံးတစ်ရက် လုပ်ခ ပြင်ဆင်ခြင်း သတ်မှတ်ချက်ကို ယခုနှစ်ကုန်ဝန်းကျင်မှ သာထုတ်ပြန်နိုင်ဖွယ် ရှိနေပြီး အနိမ့်ဆုံးသတ်မှတ်ချက်မှာ (၄၀၀၀)မှ(၄၈၀၀)ဝန်းကျင် ဖြစ်နိုင်ကြောင်း တတ်ရောက်လာသူများက ဆိုသည်။

အနိမ့်ဆုံးလုပ်ခလစာလိုအပ်ချက်မှာ ဒေသအလိုက် မတူညီနိုင်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တပြေးညီ သတ်မှတ်ရန်သာ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*