အတုယူစရာ ကင်ညာနှင့် တိုးတက်မှုမှတ်ကျောက်

အတုယူစရာ ကင်ညာနှင့် တိုးတက်မှုမှတ်ကျောက်
April 27, 2017 Asian Fame

4:15 pm
အတုယူစရာ ကင်ညာနှင့် တိုးတက်မှုမှတ်ကျောက်

Kaung-Htet-Nyuntကမ္ဘာ့ဘဏ်က သတ်မှတ်ထား တဲ့ စီးပွားရေး လုပ်ငန်းများ လုပ် ကိုင်ရန် လွယ်ကူမှု အဆင့် (“Ease of Doing Business”) မှာ ကင်ညာ နိုင်ငံက တိုးတက်မှု အမြင့်ဆုံးနဲ့ ပြု ပြင်ပြောင်းလဲမှု အကောင်းဆုံး နိုင်ငံအဖြစ် နှစ်နှစ် ဆက်တိုက် ရပ် တည်နိုင်အောင် ဘယ်လို ကြိုးစားခဲ့ တယ်ဆိုတဲ့ အကြောင်းကို ဒေါက် တာ ချာရီတီ (Dr. Charity Wayua)u TED Talk က  TED Talk မှာ ဟော ပြောခဲ့တဲ့ “A few ways to fix a government”  ကို မှီငြမ်းပါသည်။

ကင်ညာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုး ရှင်သန်လာ အောင်၊ တိုးတက် ကောင်းမွန်လာ အောင်၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှု တွေ အလုံး အရင်းနဲ့ ဝင်လာအောင် လုပ်နိုင်ခဲ့လို့ ဒေါက်တာ ချာရီတီကို ကမ္ဘာ့ဘဏ်က အကောင်းဆုံး ပြု ပြင်ပြောင်းလဲနိုင်ခဲ့သူအဖြစ် အသိ အမှတ်ပြုခဲ့သည်။

ဒေါက်တာ ချာရီတီက အစိုးရ ဝန်ဆောင်မှု လုပ်ငန်းတွေ ကို့ယို့ ကားယား ဖြစ်နေတာတွေကို ကုန် ကျစရိတ်နည်းပြီး လက်တွေ့ ကျကျ ဖြစ်နိုင်တဲ့ နည်းသစ်တွေနဲ့ ပြုပြင် နိုင်ခဲ့ပြီး စီးပွားရေး လုပ်ငန်းသစ် တွေစတင်ဖို့ ရှင်သန် ဖွံ့ဖြိုးဖို့ ပတ် ဝန်း ကျင်ကောင်းတွေ ဖြစ်အောင် လုပ်ပေးနိုင်ခဲ့သည်။

အစိုးရဌာနများနှင့် ကုမ္ပဏီ များ ပူးပေါင်းပြီး အစိုးရဝန်ဆောင် မှုလုပ်ငန်းတွေ ပိုပြီးတော့ ထိထိ ရောက်ရောက်နဲ့ အကျိုးများစေတဲ့ (efficient and effective) နည်း လမ်းသစ်တွေကို သူတို့အဖွဲ့က ရှာ ဖွေဖော်ထုတ် နိုင်ခဲ့ပြီး ရလဒ် ကောင်း များရသည်အထိ ဆောင် ရွက်ပေး နိုင်ခဲ့သည်။ ကင်ညာနိုင်ငံ သည် နှစ်နှစ် အတွင်း ကမ္ဘာ့ဘဏ် အဆင့် (၄၄)ဆင့် မြင့်တက်သွားပြီး တတိယ အကောင်း ဆုံး ပြုပြင် ပြောင်းလဲနိုင် သည့်နိုင်ငံ ဖြစ်ခဲ့သည်။

ဒေါက်တာ ချာရီတီက ဘယ် လို ကြိုးစားခဲ့ရတယ်ဆိုတာကို အခုလိုပြောပြခဲ့ပါသည်။

”ကင်ညာနိုင်ငံက ကျွန်မရဲ့ ဇာတိမြေ ဖြစ်ပါတယ်။ ကျွန်မ ဇီဝ ဓာတုပညာရပ်ကို လေ့လာသင်ယူ ခဲ့ပါတယ်။ ငှက်ဖျားရောဂါ၊ သွေး လွန် တုတ်ကွေးရောဂါ စတဲ့ အလွန် ဆိုးတဲ့ ရောဂါပေါင်းစုံ ရှိတဲ့ ကင် ညာနိုင်ငံက ရောဂါသည်တွေကို ကုသပေးချင်တဲ့ ဆန္ဒနဲ့ အစွမ်းကုန် ကြိုးစားခဲ့တာကြောင့် အမေရိကန် နိုင်ငံမှာ ကင်ဆာရောဂါသု တေသန ပြုဖို့ စကောလားရှစ်ရခဲ့ ပါတယ်။ ကျွန်မ နှစ်သက်တဲ့ ကင်ဆာ သုတေ သီဘဝကို ရရှိပြီး ရောဂါသည်တွေ ကို ကုသဖို့ ဆေးသစ်တွေ တီထွင် ရှာဖွေခဲ့ပါတယ်။ (၁ဝ)နှစ်ကြာ ကင်ဆာသုတေသီ အဖြစ် ကြိုးစား လုပ်ကိုင်ပြီးနောက် ပါရဂူဘွဲ့ရခဲ့ပါ တယ်။ ကင်ညာနိုင်ငံကို ပြန်ဖို့ ဆုံး ဖြတ်ခဲ့တဲ့ အချိန်မှာ ကင်ညာနိုင်ငံ က သေမိန့်ကျထားတဲ့ လူနာ တစ် ယောက် လိုပါပဲ။

ကင်ညာ ပြန်ရောက်တော့ ဆေးရုံ၊ ဆေးကုမ္ပဏီမှာ အလုပ်မ လုပ်ဖြစ်ဘဲ သုတေသန အဖွဲ့မှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပါ တယ်။ နိုင်ငံသား တိုင်းကို ဒုက္ခပေးနိုင်တဲ့ လူနာ တစ်ယောက်ကို တွေ့ခဲ့ရ တယ်။ အဲဒီလူနာ ကတော့ ကင်ညာ အစိုးရပါပဲ။ ယနေ့ ကမ္ဘာ့နိုင်ငံ အ များစု ရဲ့ အစိုးရ ယန္တရားတွေ မကျန်း မာကြပါဘူး။ အဲဒီထဲမှာ ကင်ညာ နိုင်ငံလည်း ပါ, ပါတယ်။

ကျွန်မပြန်သွားတဲ့အချိန် ၂ဝ၁၄ ခုနှစ်မှာ ကင်ညာနိုင်ငံရဲ့ အစိုးရ ယန္တရား အခြေအနေက တော်တော် ဆိုးရွားနေတယ်။ လူ ငယ် ၁၇ ရာခိုင်နှုန်းက အလုပ်အ ကိုင် မရှိကြပါဘူး။ ကမ္ဘာ့လူနေမှု အဆင့် အတန်း(quality of living index) မှာ နံပါတ် (၁၇၇) ရောက် နေတယ်။

”ဌာနဆိုင်ရာ အဖွဲ့အစည်း တွေက ပရမ်းပတာနဲ့ စနစ်မကျဘဲ ကြုံသလို လုပ်ကိုင်နေ ကြတယ်။ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အ ခဲတွေ ကျော်လွှားနိုင်ဖို့၊ ခံစားနေရ တဲ့ ဒုက္ခတွေ ခဏတာ ပြေပျောက် စေဖို့ ဆေးမြီးတိုနဲ့ တစ်ပွဲတိုး အ ဆင်ပြေသလို လုပ်ကိုင်နေကြတာ ပါ။ အစိုးရမှာ ဘဏ္ဍာငွေ မလုံ လောက်လို့၊ တာဝန် မယူနိုင်လို့၊ မစွမ်းဆောင်နိုင်လို့ ကိုယ်ထူကိုယ် ထ ကျောင်းတွေ ဆောက်ကြ၊ လမ်း တွေဖောက်ကြ၊ ရေတွင်းတူးဖို့ အ လှူငွေတွေ ကောက်ခံကြစတဲ့ နည်း တွေနဲ့ တစ်ဦးချင်း တစ်ဖွဲ့ချင်းက အဆင်ပြေသလို ကြိုးစား ဖြေရှင်း နေကြပါတယ်”

တစ်ပွဲတိုး ဆေးမြီးတို ဆိုတာက နာတာရှည် ရောဂါကို အမြစ်မကျန် ပျောက်စေနိုင်တာ မျိုးမှ မဟုတ် တာ။ ရေရှည် ဖွံ့ဖြိုး တိုးတက်ဖို့၊ စီး ပွားရေး လုပ်ငန်းတွေ အလွယ်တ ကူ စတင်နိုင်ဖို့၊ တန်းတူညီမျှ အ ခွင့်အရေးရရှိဖို့၊ လုပ်ငန်းတွေ တည် တံ့ရှင်သန်ဖို့၊ လုပ်ငန်း လုပ်ကိုင်တဲ့ အခါ လုံခြုံတယ် စိတ်ချရတယ်လို့ ခံစားစေနိုင်တဲ့ ပတ်ဝန်းကျင် ကောင်းတွေ ဖန်တီးပေးရပါမယ်။ ကြိုးစား ရှာဖွေလို့ ရလာတဲ့ ပစ္စည်း ဥစ္စာတွေကို အကာအကွယ် ပေး နိုင်တဲ့ စနစ်ကောင်းတွေ ရှိရမယ်။ ဒီကိစ္စတွေ အားလုံးကို အစိုးရက သာ ဖြည့် ဆည်း ဆောင်ရွက်ပေး နိုင်ပါတယ်လို့ ကျွန်မ အခိုင်အမာ ပြောချင်ပါတယ်။

ပြည်သူတွေ အလုပ်အကိုင် အဆင်ပြေရင်၊ လုပ်ငန်းကိုင်ငန်း တွေကို အလွယ်တကူ စတင်နိုင် ရင်၊ တိုးချဲ့နိုင်ရင် နိုင်ငံ့ စီးပွားရေး သေချာပေါက် ဖွံ့ဖြိုးလာမှာပါ။ လုပ် ငန်းရှင်တွေ ဝင်ငွေကောင်းလာ ရင် အလုပ်အကိုင် အသစ်တွေ ပေါ များလာမယ်။ အခွန်ငွေတွေ ပိုများ လာမယ်။ ပြည်သူတွေ အတွက် လမ်း၊ တံတား၊ လျှပ်စစ်မီး စတဲ့ စီမံကိန်းတွေ ပိုလုပ်နိုင်လာမယ်။ လုပ်ငန်း အသစ်တွေ များလာတာ ဟာ အားလုံး အတွက် အကျိုးရှိတာ ကြောင့် ကမ္ဘာ့ဘဏ်က နိုင်ငံတစ် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို တိုင်းတာဖို့ လုပ်ငန်းလုပ်ကိုင် ရာမှာ လွယ်ကူမှု အဆငfh(“Ease of Doing Business Ranking”) ကို သတ်မှတ် အသုံးပြုခဲ့တယ်။ နိုင်ငံ တစ်နိုင်ငံမှာ လုပ်ငန်း အသစ် စတင်ဖို့ ဘယ်လောက် လွယ်ကူ တယ်၊ ခက်ခဲတယ် ဆိုတာကို ဖော် ပြတဲ့အဆင့် ဖြစ်ပါတယ်။ အဘက် ဘက်က ယိုယွင်းပြီး နာမကျန်းဖြစ် နေတဲ့ နိုင်ငံတစ်ခုမှာ လုပ်ငန်း အ သစ်တစ်ခု စတင်လုပ်ကိုင်ဖို့၊ ရှင် သန်ရပ်တည် နိုင်ဖို့ဆိုတာ လုံးဝ နီးပါး မဖြစ်နိုင်တဲ့ ကိစ္စပါ။

၂ဝ၁၄ ခုနှစ်မှာ ကင်ညာ သမ္မတကြီး ကိုယ်တိုင် ကျွန်မတို့ရဲ့ သုတေသန ဌာနကို လာရောက်ပြီး တော့ နိုင်ငံ စီးပွားရေး ဖွံဖြိုးတိုး တက်ဖို့ အတူပူးပေါင်းပြီး အရှိန် အဟုန်မြှင့် စတင် လက်တွဲလုပ်ကိုင် ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သမ္မတကြီးရဲ့ ရည်ရွယ်ချက်က ကင်ညာနိုင်ငံကို ကမ္ဘာ့ဘဏ်အဆင့် (World Bank Ranking) (၅ဝ)အတွင်း ဝင်နိုင်ဖို့ ပါ။ အဲဒီအချိန် ၂ဝ၁၄ ခုနှစ်မှာ ကင်ညာနိုင်ငံက ကမ္ဘာ့ နိုင်ငံပေါင်း (၁၈၉)နိုင်ငံအနက် အဆင့်(၁၃၆) ရောက်နေပါတယ်။ ကံကောင်း တယ်လို့ ဆိုရမလားပဲ သမ္မတကြီး က နေရာမှန်ကို အရောက်လာနိုင် ခဲ့ပါတယ်။

ကျွန်မတို့အဖွဲ့က သိပ္ပံပညာ ရှင်တွေ၊ သင်္ချာပညာရှင်တွေ၊ အင် ဂျင်နီယာတွေ၊ ကင်ဆာ သုတေသီ တွေ ပါဝင်တဲ့အဖွဲ့ပါ။ ကျွန်မတို့ အဖွဲ့က အစိုးရလို ကြီးမားတဲ့ အဖွဲ့ အစည်းတွေ နာမကျန်းဖြစ်ရင်၊ ပုံ မှန် အလုပ်မလုပ်ရင် ဘယ်လိုရောဂါ ရှာဖွေရမယ်၊ ကုသရမယ်ဆိုတာ ကျွမ်းကျင်စွာ လုပ်ပေးနိုင်တဲ့ အဖွဲ့ပါ။ ခန္ဓာကိုယ် တစ်ခုလုံးကို စစ်ဆေး မယ်၊ ပြီးတော့ အင်္ဂါ အစိတ်အပိုင်း တစ်ခုစီကို စစ်ဆေးမယ်။ ပြီးတော့ တစ်သျှူးတွေကို စစ်ဆေးမယ်။ ပြီး တော့ ဆဲလ်တစ်ခုချင်း စီကို စစ်ဆေး မယ်။ ဒါဆို ဒုက္ခပေးနေတဲ့ ရောဂါ ဆိုးကို ရှာဖွေပြီး ကုသနိုင်ပြီပေါ့။

သမ္မတကြီးက ခွင့်ပြုလိုက် တယ်ဆိုရင်ပဲ ကျွန်မတို့အဖွဲ့က ဒေတာတွေကို သိပ္ပံနည်းကျ စတင် စုဆောင်းပါတယ်။ ဒေတာတွေရရှိ ပြီးနောက် ခွဲခြမ်း စိတ်ဖြာမှုတွေ ပြု လုပ်ပြီး အပြန်အလှန်ဆက်စပ် နေ ပုံတွေကို လေ့လာခဲ့ပါတယ်။ပြဿ နာတစ်ခုချင်း စီရဲ့ အဖြေကို ရှာ ဖွေဖို့ ကြိုးစား အားထုတ်ခဲ့ပါတယ်။

အခွန်ဌာန၊ မြေစာရင်း၊ လျှပ် စစ်ဖြန့်ဖြူးရေး၊ စည်ပင်စတဲ့ ဌာန ဆိုင်ရာအဖွဲ့အစည်း တွေက အ လွှာပေါင်းစုံ နေရာပေါင်းစုံက တာ ဝန်ရှိသူ ရာပေါင်း များစွာနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ အစိုးရ ဝန်ထမ်းတွေက သူတို့ဌာနဆီ ရောက်လာတဲ့ ပြည် သူတွေကို ဘယ်လို ဝန်ဆောင်မှု မျိုးတွေပေးတယ်။ ပြည်သူတွေကို ဘယ်လို ဆက်ဆံတယ်။ ဌာနတွေ က စာရွက် စာတမ်းတွေကို ဘယ် လိုလက်ခံတယ်။ လွှဲပြောင်းတယ်။ သိမ်းဆည်းတယ် ဆိုတာတွေကို လေ့လာခဲ့ပါတယ်။ ဌာနအများစု က ကွန်ပျူတာ ကွန်ရက်နဲ့ အလိုအ လျောက် လုပ်ကိုင် နည်းတွေကို မသုံး ကြဘဲ သမာရိုးကျ နည်းတွေနဲ့ပဲ လုပ်ကိုင်နေကြတာပါ။

သူတို့ဆီက စာရွက်စာတမ်း ပုံစံ နမူနာတချို့ကို ယူခဲ့ပြီး ရုံး ရောက်တော့မှ ဘာကြောင့် ဒီလို လုပ်ရတယ်၊ ဒီလိုလုပ်ဖို့ လိုအပ် တယ်၊ မလိုအပ်ဘူး ဆိုတာကို ကျွန်မ တို့ အဖွဲ့ နားလည်အောင် ကြိုးစား ရပါတယ်။ ဘာကြောင့် ကမ္ဘာ့ဘဏ် အဆင့် (World Bank Ranking) (၁၃၆)ရောက်နေ ရသလဲဆိုတဲ့ ရောဂါကိုကုသဖို့ ဆေးကောင်း ရှာ ဖွေရပါတယ်။

ကျွန်မတို့ တွေ့ရှိချက် ကတော့ ကင်ညာနိုင်ငံမှာ လုပ်ငန်းရှင်တစ် ယောက်က ပိုင်ဆိုင်မှု စာရင်းသွင်း ဖို့ (၇၂)ရက် ကြာပါတယ်။ ကမ္ဘာ့ ဘဏ်အဆင့်(၂)ဖြစ်တဲ့ နယူးဇီလန် နိုင်ငံမှာ (၁)ရက်ပဲကြာပါတယ်။ လျှပ်စစ်မီးရဖို့၊ မီးကြိုးသွယ်တန်း ပြီး မီတာ တပ်ဆင်ဖို့ ကင်ညာနိုင်ငံ မှာ (၁၅၈)ရက်ကြာပါတယ်။ ကိုရီး ယားနိုင်ငံမှာ (၁၈)ရက်ပဲ ကြာပါ တယ်။ အဆောက်အအုံ ဆောက် လုပ်ရန် ခွင့်ပြုမိန့်ကျဖို့ ကင်ညာ နိုင်ငံမှာ (၁၂၅)ရက် ကြာပါတယ်။ အဆင့်(၁)ဖြစ်တဲ့ စင်ကာပူ နိုင်ငံမှာ (၂၆)ရက်ပဲ ကြာပါတယ်။ ကန်ထ ရိုက် လုပ်ငန်း ဆိုင်ရာ ငြင်းခုံမှုအ တွက် တရားရုံးမှာ ဥပဒေအရ ဖြေ ရှင်းဖို့ ကင်ညာနိုင်ငံမှာ (၄၆၅) ရက် ကြာပါတယ်။ အနိုင် ရခဲ့ရင်တောင်မှ တရားရုံးကြေး၊ ဥပဒေဝန်ထမ်း ကြေး၊ စာရွက်စာတမ်း တံဆိပ် ခေါင်းကြေး စုစုပေါင်း ကပြန်ရမယ့် ငွေရဲ့ ၄ဝ ရာခိုင်နှုန်းကျော်ပါတယ်။

ပြဿနာ အားလုံးရဲ့ အဓိက အကြောင်းက လာဘ်စားခြင်းလို့ ရှင်တို့ တွေးကောင်း တွေးနေကြမှာ ပါ။ လေ့လာမှု တွေပြီးဆုံးတဲ့ အခါ မျှော်လင့်ထားတဲ့တွေ့နေကျ မြင် နေကျ ချမ်းသာဖို့ သက်သက်အ တွက် ပိုက်ဆံယူတဲ့ လာဘ်စားမှုမျိုး မတွေ့ရပါဘူး။ ဝန်ထမ်း အများစုက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့ အဖြစ်မျိုးပါ။ လုပ်နေကျထက် ပို ကောင်းအောင် လုပ်ကိုင်ဖို့ ကူညီ ညွှန်ပြပေးမည့်သူ မရှိဘူးလို့ ခံစား ရတာပါ။

အစိုးရ နာမကျန်းဖြစ်နေရတဲ့ အကြောင်းက ဝန်ထမ်းတွေက မ လုပ်တတ် မကိုင်တတ်တာပါ။ အ ကူအညီ မရဘူးလို့ ခံစားနေကြရ တာပါ။ပြုပြင်ပြောင်းလဲဖို့ ဆုံး ဖြတ်ပိုင်ခွင့် မရှိဘူး၊ လုပ်ကိုင်ခွင့် တွေ မရထားဘူးလို့ ခံစားနေကြရ တာပါ။ ယန္တရားတစ်ခုလုံး အနေ နဲ့ကြည့်ရင် သူတို့ဘယ်နေရာ၊ ကဏ္ဍ ကနေ ပါဝင်ရမယ်ဆိုတာ မတွေး တတ် မမြင်တတ်အောင် ဖြစ်နေကြ တာပါ။ ဝန်ထမ်းတွေက သူတို့ ဘာ လုပ်လုပ် ဘာမှအရာ ထင်မှာ မဟုတ်ဘူး။ ဘာမှ ပိုပြီးထူးလာမှာ မဟုတ်ဘူးလို့ စတင်စဉ်းစားတွေး တောလာကြတာပါပဲ။ တစတစနဲ့ ယန္တရားတစ်ခုလုံး နှေးကွေးလာပြီး အဘက်ဘက်က ယိုယွင်း ပျက်စီး လာတာပါပဲ။

ကောင်းထက်ညွန့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*