ကွမ်ကျိုး တစ်ခေါက်

ကွမ်ကျိုး တစ်ခေါက်
November 9, 2016 Asian Fame

5:32 am
ကွမ်ကျိုး တစ်ခေါက်
In Articles

khin-mg-nyo

ဒီတစ်ခေါက် ကွမ်ကျိုးမှာလုပ်တဲ့ တရုတ်အာဆီယံဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံက စက်မှုဝန်ကြီးတက်ရောက်ဆွေးနွေးတာ ကြားရတယ်။ သူက မြန်မာနိုင်ငံ အနေနဲ့ တရုတ်နိုင်ငံကနေ သင်ခန်းစာယူ စရာတွေရှိတယ်လို့ပြောတော့ တရုတ်သု တေသီတွေက မြန်မာဝန်ကြီးဟာ မဝင့်ဝါဘူး (လျှိုတယ်)လို့ မှတ်ချက်ချတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အကြောင်း၊ မကြာခဏ ကြားရသလို၊ မြန်မာနိုင်ငံက ပြန်လာတဲ့လုပ်ငန်းတွေနဲ့လည်း တွေ့ပါတယ်။ ခက် တာက သူတို့အများစုဟာ အင်္ဂလိပ်လို မပြောတတ်လေတော့၊ စကားပြန်မပါဘဲ၊ စကားပြောလို့မရဘူး။ နန်းရှာ အထူးစီးပွား ရေးဇုန်ကို ကွမ်ကျိုးကနေ တစ်နာရီလောက် သွားကြရတာလမ်းမှာ ပါမောက္ခနှစ်ယောက် က သူတို့အချင်းချင်းပဲ တရုတ်လို ပြောကြတယ်။ ညစာစားတဲ့အခါကျမှ စကားပြန် ခေါ်ပြီး စားပွဲမှာလာထိုင် စကားပြောတယ်။ ကံအားလျော်စွာ၊ အာဆီယံနိုင်ငံတွေထဲက စင်ကာပူ၊ ဗီယက်နမ်တို့က တရုတ်လိုပြောနိုင်ကြလို့ တော်သေးတယ်။

အခု ခရီးစဉ်မှာ တိုက်ရိုက်လေယာဉ် ၃ နာရီလောက်ပဲ စီးရတာမို့ ကွမ်ကျိုးဆို တာ အနီးလေးပဲလို့ သဘောပေါက်သွား တယ်။ လေယာဉ်ပေါ်မှာကတည်းက တရုတ် သတင်းစာတွေယူဖတ်ကြည့်တော့ ရပ်ဝန်း တစ်ခုလမ်းကြောင်းတစ်ခု (Belt and Road) ဆိုတဲ့တရုတ်ရဲ့ မဟာစီမံကိန်းကြီးအကြောင်း ဟိမဝန္တာချီးမွမ်းခန်းတွေ စဖွင့်နေတာ တွေ့ရပါတယ်။ ဒီမဟာ စီမံကိန်းကြီးဟာ တရုတ်နိုင်ငံ ရော၊ အခြားပါဝင်ပတ်သက်တဲ့ နိုင်ငံတွေ အားလုံးပါ အကျိုးရှိမယ်လို့ တရုတ်ကပြောပေမယ့် သံသယရှိသူတွေက အများကြီးပါ။ ဒီစီမံကိန်းကြောင့် GEကုမ္ပဏီကနေ တရုတ်ကုမ္ပဏီတွေက ပစ္စည်းအမှာတွေ တိုးလာတယ်။ စက်ပစ္စည်းတွေ၊ ဆောက်လုပ်ရေး ပစ္စည်းတွေဝယ်ကြတာမှာ အရင်နှစ်ကထက် (၃) ဆတိုးလာတယ်။ ပစ္စည်းတွေရဲ့ လေး ဆယ်ရာခိုင်နှုန်းကတော့ တရုတ်နိုင်ငံမှာ ထုတ်လုပ်တာလို့ ဆိုပါတယ်။ တရုတ်ယွမ် ငွေက၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ရဲ့ သတ်မှတ်ချက်အရ၊ အထူးငွေထုတ်ယူခွင့် (SDR)ထဲမှာ ပါလာလေတော့ တရုတ်ကူးသန်းရောင်းဝယ်ရေးဘဏ်တွေအတွက်၊ ပြည်တွင်းပြည်ပက ဖောက်သည်တွေအ တွက်၊ ဝန်ဆောင်မှုတွေ ပိုပေးနိုင်တော့မှာ ဖြစ်လို့အခွင့်အလမ်းကောင်းတွေ ဖြစ်အောင်ပြင်ဆင်နေကြကြောင်း ရေးထားတာကိုလည်း ဖတ်ရတယ်။

တရုတ် China Daily အင်္ဂလိပ်သတင်းစာထဲမှာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာက စတော့ဒိုင်မှာ စာရင်းဝင်ထားတဲ့ကုမ္ပဏီတွေရဲ့ စတော့ရှယ်ယာတွေကို အရောင်းအဝယ် လုပ်ရာမှာ ဘာလို့ချမ်းသာတဲ့သူတွေက အကျိုးအမြတ်တွေရနေ ကြသလဲဆိုတာကို မေးထားဖြေထားတာပါ။ အဖြေကလည်း လွယ်ပါသတဲ့၊ ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှုပ်နှံမှု လုပ်ရာမှာ တခြားသူတွေထက် ပိုတော်လို့ပါတဲ့။ စတော့ရှယ်ယာတွေ ဈေးကျပြီဆိုရင် ဈေးမကျခင်ကတည်းက ချမ်းသာတဲ့သူတွေဟာ ရှယ်ယာတွေကို အမြင့်ဈေးနဲ့ ထုတ်ရောင်း ပြီးနေပြီး သာမန်လူတွေကတော့ ရှယ်ယာ ဈေးတွေကျပြီဆိုမှ ထုတ်ရောင်းတတ်ကြ တယ်တဲ့။ အဲဒါ တရုတ်နိုင်ငံရဲ့ ဆယ်နှစ်အ တွေ့အကြုံပဲတဲ့။ ရှယ်ယာဈေး မကျရင်တောင်မှ အကျိုးရှိနေတာပါ။ တရုတ်နိုင်ငံ ရဲ့ ဥပဒေအရစာရင်းပေါက်ကုမ္ပဏီက ရှယ် ယာရှင်တွေဟာ သူတို့ရဲ့ မူလရှယ်ယာတွေ ကို စာရင်းပေါက်ကုမ္ပဏီဖြစ်ပြီး သုံးနှစ်အတွင်း ရောင်းချခြင်း၊ လွှဲပြောင်းခြင်းမလုပ်ရလို့ တားမြစ်ထားပါသတဲ့။ ၂ဝ၁၄ အောက်တိုဘာလရောက်မှ၊ အဲဒီဥပဒေကိုဖျက်ပစ် လိုက်တော့ ရှယ်ယာဈေးတွေ နေ့ချင်းညချင်း ခုန်တက်သွားခဲ့တယ်။

တရုတ်လုပ်ငန်းရှင်တွေဟာ ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ဒေသခံတွေအပေါ် ထိခိုက်မှုတွေကို အခုထိ သိပ်အလေးထားရကောင်း မှန်းမသိသေးဘူး။ တရုတ်ရင်းနှီး မြှုပ်နှံမှု တွေမှာ ပြဿနာတွေဖြစ်ကြတာဟာ၊ ကိုယ့်ဘက်က အားနည်းချက်တွေကြောင့် ဖြစ် တယ်။ သက်ဆိုင်ရာနိုင်ငံနဲ့ ဒေသကသတင်း တွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ် သက်လို့ ကောင်းသတင်းတွေ ကြားရဖို့ အ ရေးကြီးတယ်လို့ လုပ်ငန်းရှင်တစ်ယောက်က ပြောတာမျိုးကို ဒီတစ်ခေါက်ပဲ ကြားဖူးတယ်။ ပြည်နယ်အစိုးရတွေ ကိုယ်တိုင်က ဒေသတွင်းမှာရှိတဲ့ တရုတ်စီးပွားရေးလုပ် ငန်းတွေ၊ ပြည်ပကို သွားရောက်ရင်းနှီးမြှုပ်နှံ ဖို့ အားပေးအားမြှောက်လုပ်နေတာ တွေ့ ရတယ်။ လုပ်ငန်းရှင်တွေကို ပွဲထုတ်တယ်။ ပြည်ပက ပညာရှင်တွေကို သူတို့နိုင်ငံရဲ့ စီးပွားရေးအခြေအနေအကြောင်း၊ ဖိတ် ခေါ်ဟောပြောရာမှာ ပါဝင်နားထောင်ဆွေး နွေးစေတယ်။ မေးခွန်းတွေ မေးကြတယ်။

ပြည်ပကို သွားရောက်ရင်းနှီးမြှုပ်နှံကြရာမှာတော့ တချို့ကဒေသခံ တရုတ်မျိုး နွယ်တွေကို အားကိုးကြတယ်။ ဒါပေမယ့် တရုတ်အချင်းချင်းကို မယုံကြည်ကြတဲ့သူ တွေကတော့ အစိုးရတွေကတစ်ဆင့် သူ တို့နဲ့ လက်တွဲမယ့်သူကို ရှာဖွေကြတယ်။ ထိုင်းနိုင်ငံ၊ တရုတ်-ရယောင်းစက်မှုဇုန်က ပုဂ္ဂိုလ်က သူတို့စက်မှုဇုန်မှာ ရာနှုန်းပြည့် ပိုင်ဆိုင်မှုကိုခွင့်ပြုပြီး ၈ နှစ် အခွန်လွတ်ငြိမ်း ခွင့်ပေးတယ်လို့ဆိုတယ်။ နိုင်ငံခြားကိုသွား ပြီး ရင်းနှီးမြှုပ်နှံတဲ့အခါ လုပ်ခတစ်ခုတည်း သာမဟုတ် တခြားအကြောင်းတွေပါထည့် စဉ်းစားဖို့လိုတယ်။ ပြည်ပနိုင်ငံတွေက တရုတ် နည်းပညာတွေဟာ ပတ်ဝန်းကျင်ကို ညစ် ညမ်းစေတယ်။ ပြီးတော့ လောင်စာတွေ၊ စွမ်းအင်တွေ၊ သုံးစွဲမှုများတဲ့ ခေတ်မမီ တော့တဲ့ နည်းပညာတွေကို ပြန်ပေးနေတယ် လို့ အထင်လွဲခံရသတဲ့။ တရုတ်ပစ္စည်း တွေကို အနောက်တိုင်းထုတ်ပစ္စည်းတွေနဲ့ မယှဉ်နိုင်တဲ့ ခပ်ညံ့ညံ့ပစ္စည်းတွေလို့ အ ထင်ခံရသတဲ့။ သက်ဆိုင်ရာ နိုင်ငံက စာရွက်စာတမ်းတွေဟာ တရုတ်ဘာသာနဲ့ရေး ထားတာ မရှိလို့ နားလည်အောင်ကြိုးစား ဖို့ လိုတယ်။ တချို့နိုင်ငံတွေက ဝန်ဆောင်မှုပေးရာမှာ စကား ပြန်တွေ၊ ဘာသာပြန်တွေပါ ထားပေးတယ်လို့ သိရတယ်။ အခု ကွမ်ကျိုး နိုင်ငံခြားလေ့လာရေး (ဘာသာစကားတည်း မဟုတ်) တက္ကသိုလ်မှာ ဘာသာပြန်တာကို ဘာသာရပ်တစ်ခု သတ်မှတ်ပြီး မဟာဘွဲ့ပေးတာ ကို သတိထားမိတယ်။

ပထဝီနိုင်ငံရေးရဲ့ အကျိုးသက်ရောက်မှုလည်းရှိတယ်။ ဒါကြောင့် ကမ္ဘာကြည့် ကြည့်မြင်ဒေသလို မဟာဗျူဟာချမှတ် နည်းဗျူဟာက ပြည်တွင်းနည်းလို့ဆိုတာ ကိုလည်း ကြားသိရတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်တဲ့အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နဲ့ ကုန်သွယ်မှု ဘယ်လောက်ဆက်စပ်သ လဲ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်လို့ကုန် သွယ်မှု ဘယ်လောက်တက်သလဲဆိုတာ လည်း စဉ်းစားဖို့လိုတယ်။ ပြည်တွင်းရေး တွေကို နားလည်အောင် ကြိုးစားဖို့လိုပေ မယ့်ဝင်မပါဘဲ၊ လက်ရှောင်ဖို့ အကြံပေးတာလို့လည်း ကြားသိရတယ်။ ထူးခြားတဲ့ ဆွေးနွေးမှုတစ်ခုကတော့ ဆိပ်ကမ်းတွေ၊ သင်္ဘောကျင်းတွေကိုပေါင်း ပြီး ရေကြောင်းသွားလာရေးကဏ္ဍရယ်လို့ ကဏ္ဍတစ်ခုခွဲပြီးစာရင်းအင်းတွက်ချက်တာတွေ့ရတယ်။ သူတို့ရဲ့ သင်္ဘောကျင်းကို ရောက်တော့လည်း သင်္ဘောအသေး၊ အ ကြီး မြောက်မြားစွာ တည်ဆောက်နေတာကို မျက်မြင်ကိုယ်တွေ့ တွေ့ရတယ်။

လွတ်လပ်စွာ ကုန်သွယ်မှုဇုန်ကိုသွား တော့ ထူးခြားတာက ကိုယ်မျှော်လင့်ထား သလို၊ ဘာမှကို ထူးထူးခြားခြား မတွေ့ရတာ ပါ။ ပစ္စည်းအဝင်အထွက်၊ ကားအဝင်အ ထွက်တွေကို ဖွင့်ဖောက်စစ်ဆေးတာမျိုးမရှိ ဘဲ၊ အီလက်ထရွန်းနစ်နည်းစနစ်နဲ့ မှတ် တမ်းတင်၊ စစ်ဆေး၊ ဝင်ခွင့်ထွက်ခွင့်ပြုတာ မျိုးဖြစ်နေလို့ပါ။ သင်္ဘောတွေ ဆိပ်ကမ်းမှာ အခမဲ့ ရပ်နားခွင့်ရက်တိုးပေးလိုက်တယ် ဆိုတာမျိုးကပါသေး။ နန်းရှာ ကုန်သွယ်မှု ဇုန်နဲ့ ဟောင်ကောင်တို့၊ မကာအိုတို့က တစ်ဆက်တည်းလို ရှိနေတာပါ။ အထူး စီးပွားရေးဇုန်နဲ့ပတ်သက်လို့ ဆွေးနွေးရာ မှာတော့ တည်ဆောက်တာက လွယ်တယ်။ စီမံခန့်ခွဲရတာက ပိုခက်တယ်။ လုပ်သား ရေးရာမှာလည်း လုပ်သာကိုင်သာရှိဖို့လို တယ်။ ရင်းနှီးမြှုပ်နှံသူတွေလာအောင် ဖိတ်ရတာ၊ အလွန်လက်ဝင်တယ်။မြန်မာနိုင်ငံမှာ အခုတလော ဆွေး နွေးနေကြသလို၊ နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်အကျအပြောင်းအလဲရဲ့ ဒဏ်ကို တရုတ် လုပ်ငန်းတွေလည်း ခံနေရတယ်ဆို တော့ ပြုံးမိတယ်။ အစိုးရခေါင်းဆောင်တွေ ရဲ့ ဆွေးနွေးပွဲမှာ၊ ထိုင်းဝန်ကြီးချုပ်ဟောင်း ပါဝင်ဆွေးနွေးပြီး၊ သူကတော့ ပူးပေါင်း ဆောင်ရွက်မှု (Cooperation) အကြောင်းကိုပဲ ထပ်ခါတလဲလဲ ပြောသွားခဲ့တယ်။

ကွမ်ကျိုးအကြောင်းပြောရင် လမ်းဘေး မှာ အလှဆင်နေကြတဲ့ စွယ်တော်တွေအကြောင်းမပါလို့မဖြစ် အပွင့်ပြာတွေ ပွင့်နေ တာ ဘာပင်ပါလိမ့်လို့ကြည့်လိုက်တော့ အရွက်တွေ အပွင့်တွေ ပိုကြီးနေတဲ့ စွယ်တော်တွေဖြစ်နေတာ တွေ့လိုက်ရတယ်။ နံနက်ပိုင်း လမ်းလျှောက်တဲ့အခါ ပြည်သူ့ ရင်ပြင်မှာ အပွင့်တြွေေ<ွကနေတာ မြင်တွေ့ နေကြလေ။ အရွက်ကြီး အပွင့်ကြီးနေလို့ ရုတ်တရက် မမှတ်မိတာ။ ကြီးဆိုလို့ လူဦး ရေများတဲ့ နိုင်ငံဆိုတော့ ဆောက်ထားတဲ့ ခန်းမကြီးတွေက အကြီးကြီး၊ လုပ်အားပေး လူငယ်တွေကလည်း အပြည့်၊ အဖွင့်မိန့် ခွန်းလည်းပြောပါ၊ ခေါင်းစဉ်နှစ်ခုလည်း ဆွေးနွေးပေးပါဆိုတော့ တစ်ရက်ခွဲအတွင်း သုံးခုပြင်ရပြောရတာကတော့ မသက်သာ။ ကွမ်ကျိုး နိုင်ငံခြားလေ့လာရေးတက္ကသိုလ်ထဲက Roden – Thinkerရုပ်ထုနဲ့ မာ့က်စ်အစ အိုင်စတိုင်းအဆုံး ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ရုပ်တုတွေကလည်း အမှတ်ရစရာ။ ပြီးတော့ နန်းရှာကုန်သွယ်ရေးဇုန်က အပြန်ညဘက်မှာ ရောက်ခဲ့ရတဲ့ ကန်တုန် မျှော်စင်ပေါ် ၁ဝ၇ ထပ် ကနေကြည့်ခဲ့ရတဲ့ မီးရောင်စုံ မြို့အလှတွေကို ချန်ထားခဲ့လိုမရ။

ခင်မောင်ညို (ဘောဂဗေဒ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*