Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeArticlesGoogle ရဲ့ AI...

Google ရဲ့ AI Chatbot က ပရိုဂရမ်ကုတ်များ ရေးသားနိုင်ပြီ အပိုင်း(၉)

ယခုအခါ Google ကုမ္ပဏီသည် သုံးစွဲသူများ၏ တောင်းဆိုမှုကိုတုံ့ပြန်သည့်အနေဖြင့် ဆော့ဖ်ဝဲ ရေးဆွဲသူများကိုကူညီပေးနိုင်မည့် စွမ်းဆောင်ရည်သစ်တစ်မျိုးကို Bard AI Chatbot တွင် ထပ်မံ ထည့်သွင်းပေးလိုက်ပြီဖြစ်သည်။

အဆိုပါစွမ်းဆောင်ရည်သစ်တွင် ပရိုဂရမ်ကုတ်ရေးဆွဲခြင်း၊ ပရိုဂရမ် အမှားရှာပေးခြင်းနှင့်ပရိုဂရမ်ကုတ်များနှင့်ပတ်သက်၍ရှင်းပြပေးခြင်းတို့ပါဝင်မည်ဖြစ်သည်။

Google အနေဖြင့် သုံးစွဲသူများထံမှ အများဆုံးတောင်းဆိုခြင်းခံရသည့်စွမ်းဆောင်ရည်များထဲမှ တစ်ခုမှာ ပရိုဂရမ်ကုတ်ရေးသားခြင်းဖြစ်ကြောင်း Google ၏ထုတ်ကုန်များကိုသုတေသနပြုလုပ်ရာတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် Paige Bailey က ဆိုသည်။

“ အခုကစပြီး Bard အနေနဲ့ ပရိုဂရမ်ကုတ်ရေးတာ၊ ပရိုဂရမ်အမှားရှာပေးတာနဲ့ ကုတ်တွေ အကြောင်းကိုရှင်းပြပေးတာတွေကို ကူညီပေးနိုင်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေကို C++, Go, Java, Javascript, Python နဲ့ Typescript အပါအဝင် ပရိုဂရမ်ဘာသာရပ် ၂၀ ကျော်နဲ့ စတင်ဆောင်ရွက်နေပါပြီ”ဟု Google က တရားဝင်ကြေညာခဲ့သည်။

Bard AI Chatbot သည် သုံးစွဲသူများအတွက် ပရိုဂရမ်ကုတ်တစ်ကြောင်းချင်းစီကို စစ်ဆေး၍ အမှားရှာရာတွင် ကူညီပေးနိုင်သည်။ ပရိုဂရမ်ရေးသူများအနေဖြင့်”ဤပရိုဂရမ်ကုတ်သည် အလုပ် မလုပ်ပါ။ ကျေးဇူးပြု၍ ပြန်ပြင်ပေးပါ” ဟု Bard ကိုပြောလိုက်ပါက ပရိုဂရမ်ရှိ မှားနေသော အချက်များကိုရှာဖွေပေးမည်ဖြစ်ကြောင်း Google ကဆိုသည်။

ထို့အပြင် Bard AI Chatbot သည် ပရိုဂရမ်ကုတ်များကို ဘာသာရပ်တစ်ခုမှ တစ်ခုသို့ပြောင်းလဲပေးနိုင်ပြီး ပရိုဂရမ်အသစ်ရေးသားသူများအတွက် ကုတ်တစ်ကြောင်းချင်းစီကိုလည်းရှင်းပြပေးနိုင်မည် ဖြစ်ပါသည်။

ယခုအခါ Bard AI Chatbot သည် လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်ခြင်း၊ ချက်ပြုတ်နည်းအသစ် ဖန်တီးခြင်း၊ သင်ခန်းစာအစီအစဉ်ရေးသားခြင်းများအပါအဝင် လူတို့၏နေ့စဉ်လုပ်ငန်းကိစ္စအဝဝကို ဆောင်ရွက်ရာတွင် ကူညီပေးနေပြီဖြစ်ကြောင်းသိရှိရသည်။

https://i-hls.com/archives/119047

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ သံရုံးသို့ စာရွက်စာ တမ်းအထောက်အထားဆိုင်ရာများလာရောက်ပြုလုပ်နေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နှုတ်ဆက်အားပေးစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြပြီး လုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သည့်အခက်အခဲပင်ဖြစ်စေ သံရုံး၊ စစ်သံရုံးများသို့ အချိန်မရွေးအကူအညီတောင်းခံကြရန်၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်း ကမ်းများနှင့်အညီဖြစ်စေရေးအတွက် စနစ်တကျနေ ထိုင်လုပ်ကိုင်ကြရန် ပြောကြားသည်။ " မြန်မာနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အခွင့်အ ရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံအချင်းချင်းဆက်ဆံရာမှာ သံတမန်ဆက်ဆံရေးက များစွာအရေးပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာခွဲခြားမရနိုင်သည့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကြား၊ တပ်မတော်နှစ်ရပ်ကြားတွေမှာ ခိုင်မာတဲ့ချစ်ကြည်ရေးနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေရှိခဲ့တယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ နိုင်ငံတော်တွင် လက်နက်ကိုင်အကြမ်းဖက်မှုများကြုံ...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ ဆွေးနွေးပြောဆို

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော်အားကြည့်ရှုလေ့လာစဥ် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌမှ ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘ ဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်ကာ လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်ဆံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောဆိုသည်။ ထို့အတူ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071