Tuesday, September 22, 2026

တိုက်ကြီးမြို့နယ်အတွင်း ပြည်-ရန်ကုန် DEMU ရထားအား...

တိုက်ကြီး၊ စက်တင်ဘာ ၂၂ အမှတ် (၇၄) အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားသည် တိုက်ကြီးမြို့နယ်အတွင်း၌ ခဲဖြင့် ပ-စ်ပေ-ါက်ခံရကြောင်းနှင့် အဆိုပါ ခဲဖြင့်ပ-စ်ပေ-ါက်သူကို...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ နိုင်ငံတော်အဆင့်ကျင်းပမည့် အစီအစဉ်ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၂ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ မဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ်...

စမ်းချောင်း၌ ကျောင်းသား ၂ ဦးကို...

Telegram ပေါ် နောက်ပြောင်ပြောဆိုမှုမှ စတင်ခဲ့ပြီး ပါဝင်သူတစ်ဦးကို ဆက်လက်ရှာဖွေနေ ရန်ကုန်၊ စက်တင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ စမ်းချောင်းလင့်ခ်ညဈေးတန်းရှေ့၌ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခြင်း၊...

Trump TV ရုပ်သံလိုင်း အိမ်ဖြူတော်...

သမ္မတ ဒေါ်နယ်ထရမ့်ဟာ CNN၊ MS NOW နဲ့ Politico တို့ကို အိမ်ဖြူတော်ထဲ ဝင်ခွင့်ပိတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အိမ်ဖြူတော်က “Trump...
HomeNewsLocal NewsFIFA ASEAN Cup...

FIFA ASEAN Cup 2026 အတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်

လူငယ်ကစားသမားသစ်များနှင့် စီနီယာကစားသမားများ ပေါင်းစပ်ရွေးချယ်

ရန်ကုန်၊ စက်တင်ဘာ ၂၁

FIFA ASEAN Cup 2026 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို ထုတ်ပြန်လိုက်ရာ လူငယ်ကစားသမားသစ်များနှင့် အတွေ့အကြုံရှိ စီနီယာကစားသမားများ ပေါင်းစပ်ပါဝင်လာကြောင်း သိရသည်။

Head Coach Jörn Andersen ဦးဆောင်မည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းတွင် ကောင်းခန့်ကျော်၊ မိုးဆွေနှင့် ပြည့်စုံအောင်တို့သည် FIFA ASEAN Cup အတွက် စီနီယာလက်ရွေးစင်အသင်း လူစာရင်း၌ ပထမဆုံးအကြိမ် ပါဝင်လာကြခြင်းဖြစ်သည်။

ကောင်းခန့်ကျော်သည် မကြာသေးမီက မြန်မာယူ-၂၀ အသင်းနှင့်အတူ ယှဉ်ပြိုင်ခဲ့သည့် ခြေစစ်ပွဲများတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် စီနီယာလက်ရွေးစင်အသင်းသို့ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

မိုးဆွေသည် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများတွင် ပါဝင်ကစားခဲ့သူဖြစ်ပြီး ပြည့်စုံအောင်မှာလည်း ယူ-၁၆ နှင့် ယူ-၁၉ လူငယ်လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရဖူးသူဖြစ်သည်။

ထို့အပြင် ရှိုင်းဝဏ္ဏအောင်နှင့် မြတ်ဖုန်းခန့်တို့သည်လည်း ယခုနှစ်အတွင်း စီနီယာလက်ရွေးစင်အသင်း၌ ဆက်တိုက်ပါဝင်လာခဲ့ကြသည်။

သို့သော် အတွေ့အကြုံရှိ ကစားသမားများဖြစ်သည့် မောင်မောင်လွင်နှင့် ဟိန်းဖြိုးဝင်းတို့မှာ ဒူးဒဏ်ရာများကြောင့် FIFA ASEAN Cup 2026 လူစာရင်းတွင် ပါဝင်နိုင်ခြင်းမရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် FIFA ASEAN Cup 2026 ပြိုင်ပွဲ Group B တွင် ကမ္ဘောဒီးယား၊ တီမော-လက်စတေတို့နှင့်အတူ ကျရောက်နေပြီး အုပ်စုအဆင့် ပထမပွဲအဖြစ် စက်တင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် တီမော-လက်စတေအသင်းနှင့် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့နောက် စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီခွဲတွင် ကမ္ဘောဒီးယားအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Group B ၌ ပထမနေရာရရှိသည့်အသင်းသည် Group A မှ ပထမနေရာရရှိသည့်အသင်းနှင့် အောက်တိုဘာ ၃ ရက်တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုက်ကြီးမြို့နယ်အတွင်း ပြည်-ရန်ကုန် DEMU ရထားအား ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူကို ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့်

တိုက်ကြီး၊ စက်တင်ဘာ ၂၂ အမှတ် (၇၄) အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားသည် တိုက်ကြီးမြို့နယ်အတွင်း၌ ခဲဖြင့် ပ-စ်ပေ-ါက်ခံရကြောင်းနှင့် အဆိုပါ ခဲဖြင့်ပ-စ်ပေ-ါက်သူကို ရထားပို့ဆောင်ရေးဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်သည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီကျော်ခန့်က ပြည်ဘူတာမှ ရန်ကုန်သို့ မောင်းနှင်လာသည့် အမှတ် (၇၄) အစုန် ပြည်-ရန်ကုန် DEMU အမြန်ရထားသည် တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာနှင့် သနပ်ချောင်းဘူတာကြား မိုင်တိုင်အမှတ် ၄၈/၂ဝ ရေကျော်ဘူတာအနီးသို့ အရောက်တွင် အုတ်ခဲကျိုးဖြင့်...

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲ နိုင်ငံတော်အဆင့်ကျင်းပမည့် အစီအစဉ်ထုတ်ပြန်

ရန်ကုန်၊ စက်တင်ဘာ ၂၂ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယ မဟာနာယက၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည့် အစီအစဉ် ထုတ်ပြန်ထားကြောင်း သိရသည်။ အန္တိမအဂ္ဂိဈာပန အစီအစဉ်အရ စက်တင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်ရှိ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲသဘင်ကို စတင်ကျင်းပမည် ဖြစ်သည်။ မွန်းလွဲ ၂ နာရီတွင် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို ပင့်ဆောင်မည်ဖြစ်ကြောင်း...

စမ်းချောင်း၌ ကျောင်းသား ၂ ဦးကို ဓားဖြင့်ထိုး၍ ဝိုင်းဝန်းရိုက်နှက်မှု ၈ ဦးဖမ်းဆီးရမိ

Telegram ပေါ် နောက်ပြောင်ပြောဆိုမှုမှ စတင်ခဲ့ပြီး ပါဝင်သူတစ်ဦးကို ဆက်လက်ရှာဖွေနေ ရန်ကုန်၊ စက်တင်ဘာ ၂၂ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ စမ်းချောင်းလင့်ခ်ညဈေးတန်းရှေ့၌ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့်ရိုက်ခြင်းနှင့် ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူငယ်ရှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Telegram လူမှုကွန်ရက်ပေါ်တွင် နောက်ပြောင်ပြောဆိုမှုကို မကျေနပ်ရာမှ အချင်းများကာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တိုက်ခိုက်ခံရသည့် ကျောင်းသားနှစ်ဦးအနက် တစ်ဦးမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ကျန်တစ်ဦးမှာ အဆုတ်နေရာ၌ ဓားဖြင့် နှစ်ချက်ထိုးခံရကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071