Thursday, September 24, 2026

ရန်ကုန်တိုင်း၌ သမဝါယမအရောင်းဆိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမဝါယမစနစ်ဖြင့် တောင်သူများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ထုတ်လုပ်မှုစရိတ်...

UN အထွေထွေညီလာခံမှတစ်ဆင့် ထိုင်းကို ကမ္ဘာ့အာရုံစိုက်မှုရရှိစေရန်...

နယူးယောက်၊ စက်တင်ဘာ ၂၃ နယူးယောက်မြို့တွင် ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ တက်ရောက်ခြင်းမှတစ်ဆင့် ထိုင်းနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှု...

တိုက်ဖွန်း ဒူဂျွမ်ကြောင့် တိုကျိုအနီးတစ်ဝိုက် ကိုးဦး‌ေ-သဆုံး၊...

တိုကျို၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ ကန်တိုဒေသသို့ တိုက်ဖွန်းမုန်တိုင်း ဒူဂျွမ် (Dujuan) ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုကျိုမြို့အနီးတစ်ဝိုက်တွင် လူကိုးဦး ‌ေ-သဆုံးပြီး လေးဦး...

အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး...

ရန်ကုန်၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက်...
HomeArticlesChatGPT ကပညာရေးစနစ်ကို အိပ်မက်ဆိုးတွေမက်စေတော့မှာလား...

ChatGPT ကပညာရေးစနစ်ကို အိပ်မက်ဆိုးတွေမက်စေတော့မှာလား ? ChatGPTအပိုင်း(၅)

 ChatGPT ဟာ သူ့ကိုမေးသမျှမေးခွန်းတိုင်းကိုဖြေပေးနိုင်ယုံတင်မကဘဲ တကယ်ကို လက်ရာမြောက်တဲ့စာစီစာကုံးတွေပါရေးပေးနိုင်စွမ်းရှိပါတယ်။ ChatGPT ဟာ စာမလုပ် ချင်ဘဲဉာဏ်များတတ်တဲ့ ကျောင်းသားတွေရဲ့လက်ထဲကို အရင်ကမရှိခဲ့ဖူးတဲ့ လိမ်ညာလှည့်စားနိုင်တဲ့စွမ်းရည်တွေထည့်ပေးလိုက်သလိုဖြစ်နေပါတယ်။ 

 အမှန်ပါပဲ…သူ့မှာ ကျောင်းသားတစ်ဦးရဲ့ အိမ်စာကို စက္ကန့်ပိုင်းအတွင်း လုပ်ပေးနိုင်တယ်ဆိုတာထက်ကိုပိုတဲ့ စွမ်းဆောင်ရည်မျိုးရှိနေပါတယ်။ မင်နီဆိုးတား တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ Multiple-choice မေးခွန်းနဲ့ စာစီစာကုံးမေးခွန်းတွေပါတဲ့ ဥပဒေကျောင်း ၄ ကျောင်းကစာမေးပွဲ ၄ ခုကို ChatGPT အားဖြေဆိုခိုင်းကြည့်ရာမှာ C+ အဆင့်ရအောင် ဖြေဆိုနိုင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ChatGPT ရဲ့ AI ဟာ C+ အဆင့်ရတဲ့ ကျောင်းသားတွေနဲ့တောင်ယှဉ်နိုင်စွမ်းရှိနေပြီဖြစ်ပါတယ်။

 သူ့ရဲ့စွမ်းဆောင်ရည်က ဒါတင်မကသေးပါဘူး။ စီးပွားရေးတက္ကသိုလ်တစ်ခုက မေးခွန်းတွေကို ဖြေဆိုကြည့်ခိုင်းရာမှာ B ကနေ B- အဆင့်ရထားတယ်လို့ တွေ့ရပါတယ်။ ဒါပေမည့် ၆ တန်း အဆင့်သင်္ချာပုစ္ဆာတစ်ပုဒ်ကိုတွက်ခိုင်းတဲ့အခါမှာတော့ ထင်မှတ်မထားတဲ့အမှားတွေ တွက်ထုတ်ပေးထားပါတယ်။ အခုလိုတွက်ချက်မှုမှားတာတွေဟာ အလွန်ကြီးမားတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

ChatGPT ကို Google ရဲ့ Software Developer အင်တာဗျူးတစ်ခုကိုဖြေဆိုခိုင်းကြည့်ရာ မှာတော့ လစာဒေါ်လာ ၁၈၃,၀၀၀ ရမည့် Level 3 Coder အဖြစ်အလုပ်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ဒီလိုအလုပ်မျိုးရအောင်စွမ်းဆောင်နိုင်တယ်ဆိုတာ တစ်နည်းအားဖြင့်ဆို ရရင် Networking သမားတွေအတွက် အလုပ်ရှာနိုင်တဲ့ LinkedIn ဆိုရှယ်မီဒီယာမှာ Python ရေးနိုင်စွမ်းရှိသူ User သန်း ၄၀၀ ထက် ၈၅% ကျော် စွမ်းဆောင်ရည်ရှိနေတယ်လို့ ပြောနိုင်ပါတယ်။ 

လိမ်ညာလှည့်စားဖို့အတွက် AI ကနေထုတ်ပေးလိုက်တဲ့စာသားတွေကိုအသုံးပြုခြင်းက တက္ကသိုလ်တွေ၊ ကျောင်းတွေနဲ့ အခြားပညာရေးနယ်ပယ်အသီးသီးအတွက်အရေးကြီးတဲ့ မေးစရာမေးခွန်းတွေ ပေါ်ပေါက်လာစေပါတယ်။

အလားတူ အဖွဲ့အစည်းအချို့ကလည်း OpenAI အပါအဝင် အခုလက်ရှိ AI ကနေထုတ်ပေးတဲ့ စာသားတွေကိုစိစစ်နိုင်မည့် ဆော့ဖ်ဝဲလ်တစ်မျိုးကို တီထွက်နိုင်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမည့်လက်တွေ့မှာ တော့ အဲ့ဒီဆော့ဖ်ဝဲလ်တွေရဲ့ အောင်မြင်နိုင်ချေဟာ ၂၆ % သာရှိသေးပြီး အပြုသဘောဆောင်တဲ့မှားယွင်းမှုဟာ ၉ % နှုန်းသာရှိပါသေးတယ်။

 ChatGPT မှာ လူသားတစ်ဦးလိုမျိုး စာရေးနိုင်စွမ်းတွေရှိနေတာ အဆန်းတော့ မဟုတ်လှပါဘူး။ အခုလိုမျိုးစာတွေရေးနိုင်ဖို့အတွက် AI language model GPT-3  နဲ့ လေ့ကျင့်ပေးထားတာကြောင့်ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ပေးတဲ့နေရာမှာ ကွန်ပျူတာ ၂ လုံးနဲ့လေ့ကျင့်ပေးပါတယ်။ တစ်လုံးကရေးလိုက်တဲ့စာကို အခြားကွန်ပျူတာတစ်လုံးကနေ လူကနေရေးထားတာလား၊ ဒါမှမဟုတ် AI ကနေရေးပေးလိုက်တာလားဆိုတာကို ခန့်မှန်းခိုင်းပါတယ်။ အဲ့လိုလေ့ကျင့်ပေးထားတဲ့အတွက်ကြောင့် လေ့ကျင့်ချိန်ကြာလာတာနဲ့အမျှ AI model က လူသားတစ်ဦးစာရေးတာနဲ့ပိုတူအောင်ထုတ်ပေးနိုင်စွမ်းရှိလာပါတယ်။

 AI ကထုတ်ပေးတဲ့စာလား၊ လူရေးထားတဲ့စာလားဆိုတာကို အလွယ်တကူစိစစ်ဖို့ဆိုရင် AI ကရေးထုတ်လိုက်တဲ့စာသားထဲကို လျို့ဝှက်ကုဒ်ထည့်ပြီးစစ်ဆေးနိုင်လိမ့်မယ်လို့ အချို့တွေက ယူဆကြပါတယ်။ ဒါပေမည့်လည်း ဒီလိုစမ်းသပ်ကြည့်ရင်တောင် AI ဘယ်လိုအလုပ်လုပ်‌နေသလဲဆိုတာကိုသိရဖို့က အတော်ကို ခက်ခဲမှာပဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ဆိုရရင် AI နည်းပညာထွန်းကားလာမည့် အနာဂတ်ကမ္ဘာကြီးထဲမှာ ဘယ်လိုတွေဆက်လက်နေထိုင်ရမလဲဆိုတာကို ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ကျောင်းသားတွေအနေနဲ့ ပြင်ဆင်ထားရပါတော့မယ်။ AI နည်းပညာနဲ့ဖွံ့ဖြိုးတိုးတက်လာမည့် ကမ္ဘာလောကသစ်ကြီးထဲမှာ အလုပ်တွေကို AI နဲ့လုပ်ဆောင်ခြင်းဆိုတာက လူတွေရဲ့လုပ်ငန်းခွင်နဲ့ဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာပါလိမ့်မယ်။ 

 နောက်ပြီး သင်ရိုးညွှန်းတမ်းတွေထဲမှာ AI နည်းပညာအကြောင်းတွေပါလာမှာဖြစ်သလို AI ကိုနားလည်ထားခြင်းက ပညာရေးကဏ္ဍအတွက် မရှိမဖြစ်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာစေတော့မှာဖြစ်ပါတယ်။

 AI နည်းပညာကြောင့် သင်ကြားလေ့လာရေးနည်းလမ်းတွေဟာလည်း ပြောင်းလဲတိုးတက်လာတော့မှာဖြစ်ပြီး ကျောင်းသားတွေရဲ့အဆင့်သတ်မှတ်ပေးတာမျိုးကအစ AI ကိုအသုံးပြုလာနိုင်တာကြောင့် ဆရာဆရာမတွေအတွက်လည်း အရင်ကထက် အဆင်ပြေလာစေမှာဖြစ်ပါတယ်။ ကျောင်းသားတွေရဲ့စွမ်းဆောင်ရည်နဲ့လေ့လာမှုပုံစံကို သိမြင်နိုင်ဖို့ အတွက်လည်း AI က ကူညီပေးမှာဖြစ်တာကြောင့် ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ ပိုပြီးသင်ကြားပေးနိုင်မလဲဆိုတာကအစ ဆရာ၊ဆရာမတွေကိုအကြံဉာဏ်ပေးနိုင်မှာဖြစ်ပါတယ်။

ကျောင်းသားတွေအတွက်တော့ နားမလည်တဲ့စာတွေကိုချက်ချင်းမေးလိုက်တာနဲ့ ပြန်ဖြေပေးနိုင်တဲ့ ဆရာတစ်ဦးအဖြစ်နဲ့တင်မကဘဲ စာပါကူလုပ်ပေးနိုင်မည့်အဖော်တစ်ဦး အဖြစ်လည်း AI ကကူညီပေးနိုင်ပါတယ်။ ပညာရေးကဏ္ဍမှာ AI အသုံးပြုခြင်းနဲ့ ပတ်သက်လို့ထည့်သွင်းစဉ်းစားရမည့် စိန်ခေါ်မှုတွေ၊ ကန့်သတ်ချက်တွေရှိတယ်ဆိုပေမည့်လည်း AI နည်းပညာ ဟာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေအတွက် သင်ယူလေ့လာမှုနည်းလမ်းတွေကို တစ်ဖြေးဖြေးချင်း အဆင့်မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

အပိုင်း(၄)

အပိုင်း(၃)

အပိုင်း(၂)

အပိုင်း(၁)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်း၌ သမဝါယမအရောင်းဆိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမဝါယမစနစ်ဖြင့် တောင်သူများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်စေရေးတို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင် တက်ရောက်ခဲ့ပြီး သမဝါယမစနစ်သည် တောင်သူများနှင့် MSME လုပ်ငန်းများ၏ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ သွင်းအားစုရရှိရေးနှင့်...

UN အထွေထွေညီလာခံမှတစ်ဆင့် ထိုင်းကို ကမ္ဘာ့အာရုံစိုက်မှုရရှိစေရန် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် အနူတင်ပြော

နယူးယောက်၊ စက်တင်ဘာ ၂၃ နယူးယောက်မြို့တွင် ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ တက်ရောက်ခြင်းမှတစ်ဆင့် ထိုင်းနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှု ပိုမိုရရှိစေရန်နှင့် နိုင်ငံခြားခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ထိုင်းနိုင်ငံအပေါ် ယုံကြည်မှု ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ပြောကြားသည်။ ဝန်ကြီးချုပ် အနူတင်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအပြင် ပုဂ္ဂလိကကဏ္ဍ၊ စီးပွားရေးကောင်စီများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း...

တိုက်ဖွန်း ဒူဂျွမ်ကြောင့် တိုကျိုအနီးတစ်ဝိုက် ကိုးဦး‌ေ-သဆုံး၊ လေးဦးပျေ-ာက်ဆုံး

တိုကျို၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ ကန်တိုဒေသသို့ တိုက်ဖွန်းမုန်တိုင်း ဒူဂျွမ် (Dujuan) ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုကျိုမြို့အနီးတစ်ဝိုက်တွင် လူကိုးဦး ‌ေ-သဆုံးပြီး လေးဦး ပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။ စက်တင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ရရှိထားသည့် စာရင်းများအရ တိုကျိုမြို့အရှေ့ဘက် ချီဘာစီရင်စုတွင် ခြောက်ဦးနှင့် ကာနာဂါဝါစီရင်စုတွင် သုံးဦး ‌ေ-သဆုံးခဲ့သည်။ စီရင်စုနှစ်ခုတွင် ပျေ-ာက်ဆုံးသူ နှစ်ဦးစီရှိပြီး ကာနာဂါဝါစီရင်စု၌ တစ်ဦး အပြင်းအထန်ဒ-ဏ်ရာရရှိထားသည်။ တိုက်ဖွန်း ဒူဂျွမ်သည် စက်တင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071