Wednesday, September 23, 2026

ရန်ကုန်တိုင်း၌ သမဝါယမအရောင်းဆိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမဝါယမစနစ်ဖြင့် တောင်သူများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ထုတ်လုပ်မှုစရိတ်...

UN အထွေထွေညီလာခံမှတစ်ဆင့် ထိုင်းကို ကမ္ဘာ့အာရုံစိုက်မှုရရှိစေရန်...

နယူးယောက်၊ စက်တင်ဘာ ၂၃ နယူးယောက်မြို့တွင် ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ တက်ရောက်ခြင်းမှတစ်ဆင့် ထိုင်းနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှု...

အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး...

ရန်ကုန်၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက်...

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် SMR အခြေပြု...

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် SMR အခြေပြု အဏုမြူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကိုထည့်သွင်းလျာထားဟု အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ နိုင်ငံတော်သမ္မတက ယနေ့ စက်တင်ဘာ ၂၃...
HomeNewsLocal Newsတိုက်ဖွန်း ဒူဂျွမ်ကြောင့် တိုကျိုအနီးတစ်ဝိုက်...

တိုက်ဖွန်း ဒူဂျွမ်ကြောင့် တိုကျိုအနီးတစ်ဝိုက် ကိုးဦး‌ေ-သဆုံး၊ လေးဦးပျေ-ာက်ဆုံး

တိုကျို၊ စက်တင်ဘာ ၂၃

ဂျပန်နိုင်ငံ ကန်တိုဒေသသို့ တိုက်ဖွန်းမုန်တိုင်း ဒူဂျွမ် (Dujuan) ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုကျိုမြို့အနီးတစ်ဝိုက်တွင် လူကိုးဦး ‌ေ-သဆုံးပြီး လေးဦး ပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။

စက်တင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ရရှိထားသည့် စာရင်းများအရ တိုကျိုမြို့အရှေ့ဘက် ချီဘာစီရင်စုတွင် ခြောက်ဦးနှင့် ကာနာဂါဝါစီရင်စုတွင် သုံးဦး ‌ေ-သဆုံးခဲ့သည်။ စီရင်စုနှစ်ခုတွင် ပျေ-ာက်ဆုံးသူ နှစ်ဦးစီရှိပြီး ကာနာဂါဝါစီရင်စု၌ တစ်ဦး အပြင်းအထန်ဒ-ဏ်ရာရရှိထားသည်။

တိုက်ဖွန်း ဒူဂျွမ်သည် စက်တင်ဘာ ၂၁ ရက်တွင် ကန်တိုဒေသသို့ ချဉ်းကပ်လာခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ချီဘာ၊ ကာနာဂါဝါနှင့် အီဘာရာကီစီရင်စုများတွင် နေအိမ် ၅၀၀ ခန့် ပျ-က်စီးခဲ့ကြောင်း NHK ကို ကိုးကား၍ ဖော်ပြထားသည်။

ယခုနှစ် ဂျပန်နိုင်ငံ၏ အမှတ်စဉ် (၂၅) တိုက်ဖွန်းဖြစ်သည့် ဒူဂျွမ်သည် စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် ဂျပန်နိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းမှ အရှေ့မြောက်ဘက်သို့ ရွေ့လျားသွားခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

မုန်တိုင်း၏အရှိန်ကြောင့် ဂျပန်နိုင်ငံအရှေ့ပိုင်း ဒေသအချို့၌ စံချိန်တင်မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး အချို့နေရာများတွင် ၄၈ နာရီအတွင်း မိုးရေချိန် ၈၀၀ မီလီမီတာကျော်အထိ ရွာသွန်းခဲ့သည်။

ထို့ပြင် စက်တင်ဘာ ၂၁ ရက်က ကာနာဂါဝါစီရင်စု ယိုကိုဟားမားမြို့ရှိ ENEOS ကုမ္ပဏီပိုင် ရေနံချက်စက်ရုံတစ်ခုတွင်လည်း ရေနံယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း ဂျပန်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။

တိုက်ဖွန်း ဒူဂျွမ်သည် ဂျပန်နိုင်ငံ၏ ငါးရက်ကြာ Silver Week အားလပ်ရက်ကာလအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဂျပန်ဈေးကွက်များကို စက်တင်ဘာ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။

Ref: The Straits Times / Bloomberg / Jiji

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်း၌ သမဝါယမအရောင်းဆိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမဝါယမစနစ်ဖြင့် တောင်သူများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်စေရေးတို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင် တက်ရောက်ခဲ့ပြီး သမဝါယမစနစ်သည် တောင်သူများနှင့် MSME လုပ်ငန်းများ၏ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ သွင်းအားစုရရှိရေးနှင့်...

UN အထွေထွေညီလာခံမှတစ်ဆင့် ထိုင်းကို ကမ္ဘာ့အာရုံစိုက်မှုရရှိစေရန် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် အနူတင်ပြော

နယူးယောက်၊ စက်တင်ဘာ ၂၃ နယူးယောက်မြို့တွင် ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ တက်ရောက်ခြင်းမှတစ်ဆင့် ထိုင်းနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှု ပိုမိုရရှိစေရန်နှင့် နိုင်ငံခြားခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ထိုင်းနိုင်ငံအပေါ် ယုံကြည်မှု ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ပြောကြားသည်။ ဝန်ကြီးချုပ် အနူတင်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအပြင် ပုဂ္ဂလိကကဏ္ဍ၊ စီးပွားရေးကောင်စီများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း...

အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးခဲ့သည့် မြန်မာ့တက်ဂ်ဘောအသင်းကို ကျပ်သိန်း ၂၄၀၀ ဂုဏ်ပြုချီးမြှင့်

ရန်ကုန်၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲ တက်ဂ်ဘောအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် တက်ဂ်ဘောအသင်းကို စုစုပေါင်း ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၄၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မြန်မာတက်ဂ်ဘောကစားသမား ခင်နှင်းဝေသည် အုပ်စုပွဲစဉ်များမှစတင်ကာ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်အဆင့်များတွင် ပြိုင်ဘက်များကို အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲ၌ အင်ဒိုနီးရှားကစားသမားကို နှစ်ပွဲပြတ်အနိုင်ယူကာ ရွှေတံဆိပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071