Friday, August 7, 2026

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ...

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့်...

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း...

တောင်ဥက္ကလာပတွင် မြသီတာအားကစားခန်းမသစ် ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ်-၇ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း GACC နည်းလမ်းဖြင့်...

​​မြန်မာ-တရုတ် နှစ်နိုင်ငံ အစိုးရအကြား သဘောတူညီချက်အရ တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) နည်းလမ်းဖြင့် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်တင်ပို့လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

တရုတ်နှင့်အမေရိကသမ္မတများပီရူး၌တွေ့ဆုံဆွေးနွေး

လီမာ၊နိုဝင်ဘာ ၁၇ တရုတ်သမ္မတရှီကျင့်ဖျင်သည် ပီရူးနိုင်ငံ၊လီမာ၌ကျင်းပသည့် ၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးပြင်ပတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။ သမ္မတဘိုင်ဒင်နှင့်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းသာမိကြောင်း ၎င်းကပြောကြားခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် လေးနှစ်တာကာလအတွင်း အတက်အကျများရှိခဲ့သော်လည်း သမ္မတနှစ်ဦး၏ ပူးတွဲစောင့်ကြပ်မှုဖြင့် နှစ်ဘက်အကျိုးရှိသည့်ဆွေးနွေးညှိနှိုင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်ဟုလည်းဆိုခဲ့သည်။ နှစ်နိုင်ငံအနေဖြင့်မိတ်ရင်းဆွေကောင်းများပမာ တစ်ဦးအခက်အခဲတစ်ဦးကူညီကာ သင့်သင့်မြတ်မြတ်ရှိစေမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သိသိသာသာရရှိစေမည်ဖြစ်သည်။ အကယ်၍ တစ်ဦးနှင့်တစ်ဦး ရန်သူပြိုင်ဘက်လိုသဘောထားပါက...

တောင်တရုတ်ပင်လယ် အငြင်းပွားမှုများတွင် အမေရိကန်...

တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားမှုတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် သို့မဟုတ် ရန်စလှုံ့ဆော်တိုက်တွန်းခြင်း မပြုသင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်က (၃၁)ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးကျင်းပနေစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် သီးသန့်တွေ့ဆုံရာဝယ် သတိပေး‌ပြောကြားခဲ့သည်။ "သက်ဆိုင်ရာပြည်နယ်များကြား ဆွေးနွေးညှိနှိုင်းခြင်းသည် တောင်တရုတ်ပင်လယ်ရှိ ကွဲလွဲမှုများကို စီမံခန့်ခွဲရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး၊...

စူပါတိုက်ဖွန်းမန်ယီ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးအားပျော့သွား

လူတစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး နေရာအများအပြားရှိ နေအိမ်အဆောက်အအုံများ ကိုထိခိုက်ပျက်စီးစေခဲ့သည့် စူပါတိုက်ဖွန်း မန်ယီသည် တနင်္ဂနွေနေ့ တွင် ဖိလစ်ပိုင်၏ အဓိကကျွန်း လူဇုန်တစ်ဝန်းကို ဝင်ရောက်တိုက်ခတ်နေကာ မြို့တော်မနီလာဒေသတွင် မိုးကြီးနိုင်သည့် အန္တရာယ်ရှိနေသည်။ လေတိုက်နှုန်း တစ်နာရီ ၁၁၅ မိုင်ရှိ မန်ယီသည် စနေနေ့ညပိုင်းတွင် ကာတန်ဒူယန်နက်စ်ပြည်နယ် ပန်ဂါနီဘန်မြို့ကို...

ထရမ့်ပ်သမ္မတဖြစ်ပြီးမကြာခင်စစ်ပွဲအဆုံးသတ်လိမ့်မည်–ဇလန်းစကီး

၂၀၂၅ ခုနှစ်တွင် ဒေါ်နယ်ထရမ်ပ့် သမ္မတရာထူးတာဝန်ထမ်း‌ဆောင်လိုက်သည်နှင့် သူ့နိုင်ငံအပေါ် ရုရှားကဆင်နွှဲနေသော စစ်ပွဲသည် ဆောလျင်စွာ အဆုံးသတ်သွားလိမ့်မည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားလိုက်သည်။ “အခု အိမ်ဖြူတော်ကို ဦးဆောင်မယ့် အဖွဲ့ရဲ့ မူဝါဒတွေကြောင့် စစ်ပွဲက အဆောတလျင် ပြီးသွားမယ်ဆိုတာ သေချာပါတယ်။...

တရုတ်-ထိုင်း ရထားလမ်း ဖောက်လုပ်ရေး...

လီမာ၊နိုဝင်ဘာ ၁၅ တရုတ်နှင့်ထိုင်းတို့သည် နှစ်နိုင်ငံမီးရထားလမ်း တည်ဆောက်မှုကို အရှိန်မြှင့်သင့်ပြီး စွမ်းအင်သစ်၊ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုကဲ့သို့သော ထွန်းသစ်စနယ်ပယ်များ၌ပါ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့သင့်သည်ဟု တရုတ်သမ္မတကပြောကြားခဲ့သည်။ ၃၁ ကြိမ်မြောက် အေပက်စီးပွားရေးခေါင်းဆောင်များ အစည်းအဝေး ပြင်ပတွင် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့်တွေ့ဆုံစဉ် ၎င်းကယခုလိုပြောကြားခဲ့ခြင်း လည်းဖြစ်သည်။ တရုတ်နှင့်ထိုင်းတို့သည် ရင်းနှီးသည့်မိတ်ရင်းနိုင်ငံများဖြစ်ကြပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနိုင်ငံသို့...

ထရမ့်ပ်အစိုးရသစ်မတက်မီ တောင်ကိုရီးယားနှင့်ဂျပန်ခေါင်းဆောင်များ ကို...

မဟာမိတ်များအပေါ် လွှမ်းမိုးလာနိုင်သူဟူသော စိုးရိမ်ချက်များစွာရှိနေသည့် ထရမ့်ပ်အစိုးရအသစ် မတက်မီတွင် ၎င်းတို့၏ သံတမန်ရေးတိုးတက်မှုကို ခိုင်မြဲစေရန် ကြိုးပမ်းမှုအဖြစ် အမေရိကသမ္မတ ဂျိုးဘိုင်ဒင်နှင့် တောင်ကိုရီးယား၊ ဂျပန်ခေါင်းဆောင်များ သောကြာနေ့တွင် တွေ့ခဲ့ကြသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေနိုင်သည့် အခွန်စည်းကြပ်မှုများ တိုးမြှင့်မည်ဟူသော ကတိကဝတ်ကြောင့် ဇန်နဝါရီ ၂၀ ရက်တွင် ဒေါ်နယ်ထရမ့်ပ်...

ဆိုးလ်နှင့် ပေကျင်း ခိုင်မြဲသောဆက်ဆံရေးဖော်ဆောင်–ရှီကျင့်ဖျင်

လီမာ၊နိုဝင်ဘာ ၁၅ ဆိုးလ်နှင့် ပေကျင်းအကြား တည်ငြိမ်ကောင်းမွန်သည့်ဆက်ဆံရေးဖော်ဆောင်သင့်ပြီး နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများလည်းလုပ်ဆောင်သင့်ကြောင်း သမ္မတရှီကပြောကြားခဲ့သည်။ ၃၁ ကြိမ်မြောက် အေပက် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး ပြင်ပ၌ တောင်ကိုးရီးယားသမ္မတ ယွန်းဆော့ယော်နှင့်တွေ့ဆုံရာတွင် သမ္မတရှီကျင့်ဖျင်ကယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ရှီက လွန်ခဲ့သည့်နှစ်နှစ်အတွင်း နိုင်ငံတကာနှင့် ဒေသတွင်းအခြေအနေများတွင် အပြောင်းအလဲများစွာမြင်တွေ့ခဲ့ရပြီး နှစ်နိုင်ငံဆက်ဆံရေးသည်လည်း...

အမေရိက က အပစ်အခတ်ရပ်စဲရေးကမ်းလှမ်း

ဘေရွတ်၊နိုဝင်ဘာ ၁၅ လက်ဘနွန် ပါလီမန် ဥက္ကဌ က လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ရန် အမေရိကဘက်မှကမ်းလှမ်းသည့် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်းအတည်ပြုခဲ့ပြီး အပြုသဘောဆောင်သည့်အငွေ့အသက်များခံစားရသည်ဟုလည်းဆိုခဲ့သည်။ "လက်ရှိအချိန်မှာ အခြေအနေကတိုးတက်‌ေနတယ်။ အခြေအနေကလည်း အပြုသဘော ဆောင်နေတာမို့ ရလဒ်ကိုဆက်လက်စောင့်ကြည့်ရပါလိမ့်မယ်" ဟုလည်း၎င်းကဆိုခဲ့သည်။ ယခုကမ်းလှမ်းမှုတွင် လက်ဘနွန်၌ အစ္စရေးတပ်များ ကို သွားလာလှုပ်ရှားခွင့်ပေးရမည်ဟူသောအချက်ပါဝင်သည်ကို ၎င်းကငြင်းဆိုခဲ့ပြီး "ဒီကိစ္စဟာ လက်ခံစရာအကြောင်းမရှိပါဘူး၊အချုပ်အခြာအာဏာချိုးဖောက်ခံရသလိုဖြစ်နေတာမို့...

တောင်တရုတ်ပင်လယ်အငြင်းပွားမှုကိုလမ်း‌ကြောင်းမှန်ဖြင့်ဖြေရှင်းရေး

ပေကျင်း၊နိုဝင်ဘာ ၁၅ တောင်တရုတ်ပင်လယ်အရေးအငြင်းပွားမှုတွင် ဆွေးနွေးတိုင်ပင်သည့်နည်းလမ်းဖြင့် နည်းစနစ်ကျကျဖြေရှင်းဖို့ တရုတ်က ဖိလစ်ပိုင်အားတိုက်တွန်းလိုကြောင်း တရုတ်နိုင်ငံ၏ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ ဖိလစ်ပိုင်ဘက်သည် ရန်စသည့် အပြုအမူများနှင့် အပြောအဆိုများကို မပြုလုပ်သင့်ဘဲ ဖိလစ်ပိုင်အနေဖြင့် တစ်ဖက်သတ်ပြောဆိုနေခြင်းကိုရပ်တန့်ကာ အငြင်းပွားမှုများကို ပိုမိုရှုပ်ထွေးစေမည့်လုပ်ရပ်များကိုရှောင်ကြဉ်သင့်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သည် ပြည်ပနိုင်ငံများနှင့်ပူးပေါင်းကာ တောင်တရုတ်ပင်လယ်အတွင်း၌ စစ်ရေးလေ့ကျင့်မှုကို မကြာခဏပြုလုပ်လေ့ရှိပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အနှောင့်အယှက်ပေးကာ...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!