Friday, August 7, 2026

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ...

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့်...

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း...

တောင်ဥက္ကလာပတွင် မြသီတာအားကစားခန်းမသစ် ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ်-၇ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeInternationalထရမ့်ပ်အစိုးရသစ်မတက်မီ တောင်ကိုရီးယားနှင့်ဂျပန်ခေါင်းဆောင်များ ကို...

ထရမ့်ပ်အစိုးရသစ်မတက်မီ တောင်ကိုရီးယားနှင့်ဂျပန်ခေါင်းဆောင်များ ကို ဘိုင်ဒင်တွေ့

မဟာမိတ်များအပေါ် လွှမ်းမိုးလာနိုင်သူဟူသော စိုးရိမ်ချက်များစွာရှိနေသည့် ထရမ့်ပ်အစိုးရအသစ် မတက်မီတွင် ၎င်းတို့၏ သံတမန်ရေးတိုးတက်မှုကို ခိုင်မြဲစေရန် ကြိုးပမ်းမှုအဖြစ် အမေရိကသမ္မတ ဂျိုးဘိုင်ဒင်နှင့် တောင်ကိုရီးယား၊ ဂျပန်ခေါင်းဆောင်များ သောကြာနေ့တွင် တွေ့ခဲ့ကြသည်။

တရုတ်နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေနိုင်သည့် အခွန်စည်းကြပ်မှုများ တိုးမြှင့်မည်ဟူသော ကတိကဝတ်ကြောင့် ဇန်နဝါရီ ၂၀ ရက်တွင် ဒေါ်နယ်ထရမ့်ပ် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပြီးနောက်တွင် ပေကျင်းနှင့် အမေရိကန်၏ ဆက်ဆံရေး၌ ထိပ်တိုက်တွေ့မှုများ ပိုမို ကြီးမားလာမည်ဟု မျှော်လင့်နေရချိန်တွင် ဝါရှင်တန်နှင့် ၎င်း၏ အရင်းနှီးဆုံး အာရှမဟာမိတ်နှစ်နိုင်ငံတို့တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထို့အတူ ယူကရိန်းနှင့် စစ်ပွဲတွင် ရုရှားကို ကူညီရန် မြောက်ကိုရီးယားက တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့မှုအပြင် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စီမံကိန်းများ၊ တောင်ကိုရီးယားနှင့် ဆယ်စုနှစ်များစွာရှည်ကြာနေသော ပဋိပက္ခကို ငြိမ်းချမ်းဖြေရှင်းနိုင်ရေးအလားအလာများ ဆုတ်ယုတ်လာပြီး အာရှတွင် တင်းမာမှုများမြင့်တက်နေချိန်လည်းဖြစ်သည်။

ရုရှား၏ ရန်လိုသောစစ်ပွဲကို အန္တရာယ်များသည့်အနေအထားရောက်သွားအောင် ချဲ့ထွင်လိုက်သည့် မြောက်ကိုရီးယားနှင့် ရုရှား ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကတို့က ပြင်းပြင်းထန်ထန်ရှုတ်ချသည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ပီရူးနိုင်ငံ လီမာမြို့တွင် ကျင်းပနေသည့် အေပက်ထိပ်သီးအစည်းအဝေး၏ ပြင်ပတွင် ဘိုင်ဒင်၊ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်နှင့် အောက်တိုဘာလကမှ စတင်တာဝန်ထမ်းဆောင်သည့် ဂျပန်ဝန်ကြီးချုပ် ရှီဂီယူ အီရှီဘာတို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအပြီးတွင် အစည်းအဝေးများစွာ လုပ်နေသည့်ပုံစံမျိုးမဟုတ်ဘဲ ဆက်ဆံရေးပုံမှန်ဖြစ်စေရန် ရည်ရွယ်သည့် သုံးနိုင်ငံအတွင်းဝန်ရုံးကို ဖွဲ့စည်းခဲ့သည်ဟု နိုင်ငံတော်လုံးခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ဘိုင်ဒင်၏ ခရီးစဉ်နှင့်အတူ အဲရ်ဖို့စ်ဝမ်း လေယာည်ပေါ်လိုက်ပါသည့် သတင်းထောက်များကို ပြောကြားခဲ့သည်။

Ref: ယာဟူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှာကြား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော အခြေခံပညာစာသင်ကျောင်းများနှင့် ဆေးရုံများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးကြို တင်ပြင်ဆင်ထားကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌မှာကြားခဲ့ကြောင်း သိရသည်။ ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်များဆောင်ရွက်ရမည်ဖြစ်၍ ထောက်ပံ့ရေးပစ္စည်းများကို အနီးစပ်ဆုံးနေရာကြိုတင်ပို့ဆောင်ထားရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်ဆေးပြားများကို ကြိုတင်စုဆောင်းထားရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်က တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ရေရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် မသန်စွမ်းစာရင်းများအတွက်...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ ဒသမ ၄၇၃ ဘီလီယံခန့် ရှိကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ တာဝန်ရှိသူများက တားဆီးဖမ်းဆီးရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ဖမ်းဆီးရမိသည့် အမှုတွဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး ပြီးပြတ်အောင်...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြို့သာယာလှပရေး စည်ပင်နှင့် ရပ်ကွက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာမှ အလေးအနက်ထား တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်အတွင်း လမ်းကျူး၊ ရေမြောင်းကျူးများ ရှင်းလင်းခြင်းနှင့် ရေမြောင်းအသစ် ဖောက်လုပ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိ လမ်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများမှာ သလ္လာဝတီလမ်းတွင် ရေမြောင်းနှင့် လမ်းကျူးရှင်းလင်းရေး ဆောင်ရွက်ပြီးစီးသကဲ့သို့ ဇေယျဝတီလမ်းတွင် လက်ရှိ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071