Friday, August 7, 2026

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ...

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့်...

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း...

တောင်ဥက္ကလာပတွင် မြသီတာအားကစားခန်းမသစ် ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ်-၇ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြသီတာအားကစားခန်းမ ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...
HomeInternationalစူပါတိုက်ဖွန်းမန်ယီ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးအားပျော့သွား

စူပါတိုက်ဖွန်းမန်ယီ ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးအားပျော့သွား

လူတစ်သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး နေရာအများအပြားရှိ နေအိမ်အဆောက်အအုံများ ကိုထိခိုက်ပျက်စီးစေခဲ့သည့် စူပါတိုက်ဖွန်း မန်ယီသည် တနင်္ဂနွေနေ့ တွင် ဖိလစ်ပိုင်၏ အဓိကကျွန်း လူဇုန်တစ်ဝန်းကို ဝင်ရောက်တိုက်ခတ်နေကာ မြို့တော်မနီလာဒေသတွင် မိုးကြီးနိုင်သည့် အန္တရာယ်ရှိနေသည်။

လေတိုက်နှုန်း တစ်နာရီ ၁၁၅ မိုင်ရှိ မန်ယီသည် စနေနေ့ညပိုင်းတွင် ကာတန်ဒူယန်နက်စ်ပြည်နယ် ပန်ဂါနီဘန်မြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် သီတင်းပတ်ကုန်ပိုင်းတွင် အနည်းငယ်အားပျော့သွားကာ Camarines Norte ပြည်နယ် ကမ်းလွန်ရေပြင်သို့ နံနက် ၈ နာရီခန့်တွင် ရောက်ရှိနိုင်သည်ဟု မိုးလေဝသအရာရှိများက ပြောဆိုသည်။

“တိုက်ဖွန်းမုန်တိုင်းဝင်ရောက်တိုင်း အနီးက မြစ်မှာ မြစ်ရေတက်မှုတွေဖြစ်တာကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပါတယ်” ဟု မနီလာမြို့တော် ကမ်းရိုးတန်းဧရိယာများတွင် နေထိုင်သူတစ်ဦးဖြစ်သော အမ်မလီယာ ဆန်တီဆက်စ်က ပြောဆိုခဲ့သည်။

မိမိတို့နှင့်အတူ ကလေ-းများလည်း လိုက်ပါလာပြီး သူတို့တွေ ကြောက်ရွံ့နေကြသည်ဟုလည်း ဆန်ဆက်စ်က ပြောဆိုသည်။ ရေလွှမ်းမိုးမှုဘေးမှ ရှောင်ရှားနိုင်ရန် တိုက်ဖွန်းလမ်းကြောင်းအတွင်းရှိ ဒေသခံ ပြည်သူ တစ်သန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းစေခဲ့ရာတွင် ဆန်ဆက်စ်တို့လည်း ပါဝင်ခဲ့သည်။

ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများကြောင့် လူ‌ေ-သဆုံးမှုသတင်းများ မကြားရသော်လည်း တိုက်ဖွန်း၏ ပြင်းထန်သော လေတိုက်နှုန်းကြောင့် ကာတန်ဒူယန်နက်စ်ပြည်နယ်တွင် နေအိမ်များ၊ စာသင်ကျောင်းများနှင့် စီးပွားရေးအဆောက်အအုံများ ပျက်စီးမှုဖြစ်ခဲ့သည်ဟု အရပ်ဖက်ကာကွယ်ရေးအကြီးအကဲ Ariel Nepomuceno က ရိုက်တာကို ပြောကြားခဲ့သည်။

တစ်လအတွင်း ဖိလစ်ပိုင်နိုင်ငံကို ဆဋ္ဌမမြောက် အပူပိုင်း ဆိုက်ကလုန်းအဖြစ် ဝင်ရောက်သည့် မန်ယီသည် နိုင်ငံတောင်ပိုင်းနှင့် လူဇုန်ကျွန်း အလယ်ပိုင်းဧရိယာများကို ဦးတည်ခဲ့သည်။

Ref: ယာဟူးနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှာကြား

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော အခြေခံပညာစာသင်ကျောင်းများနှင့် ဆေးရုံများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးကြို တင်ပြင်ဆင်ထားကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌မှာကြားခဲ့ကြောင်း သိရသည်။ ရေပြန်လည်ကျဆင်းချိန်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်များဆောင်ရွက်ရမည်ဖြစ်၍ ထောက်ပံ့ရေးပစ္စည်းများကို အနီးစပ်ဆုံးနေရာကြိုတင်ပို့ဆောင်ထားရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ရေသန့်ဆေးပြားများကို ကြိုတင်စုဆောင်းထားရန်လည်းမှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းဝန်ကြီးချုပ်က တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ရေရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်နှင့် မသန်စွမ်းစာရင်းများအတွက်...

ကရင်ပြည်နယ်၌ လေးလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့

ဘားအံ၊ သြဂုတ်-၇ ကရင်ပြည်နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဇူလိုင်လအထိ လေးလတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု အမှုတွဲ ၇၉ မှုကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ ဒသမ ၄၇၃ ဘီလီယံခန့် ရှိကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးရမိမှုများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၇ ရက် နံနက်ပိုင်းက ဘားအံမြို့ရှိ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ တာဝန်ရှိသူများက တားဆီးဖမ်းဆီးရေးလုပ်ငန်းများ တိုးမြှင့်ရန်၊ ဖမ်းဆီးရမိသည့် အမှုတွဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး ပြီးပြတ်အောင်...

သာကေတမြို့နယ် ၁၀/တောင်ရပ်ကွက်၌ ရေကြီးရေလျှံမှု ကာကွယ်ရေးနှင့် မြို့သာယာလှပရေး စည်ပင်နှင့် ရပ်ကွက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်

ရန်ကုန်၊ သြဂုတ်-၇ ပညာရေး၊ ကျန်းမာရေးနှင့် လမ်း၊ တံတား၊ ရေ၊ မီး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာမှ အလေးအနက်ထား တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ရပ်ကွက်အတွင်း လမ်းကျူး၊ ရေမြောင်းကျူးများ ရှင်းလင်းခြင်းနှင့် ရေမြောင်းအသစ် ဖောက်လုပ်ရှင်းလင်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ လက်ရှိ လမ်းအလိုက် ဆောင်ရွက်နေမှု အခြေအနေများမှာ သလ္လာဝတီလမ်းတွင် ရေမြောင်းနှင့် လမ်းကျူးရှင်းလင်းရေး ဆောင်ရွက်ပြီးစီးသကဲ့သို့ ဇေယျဝတီလမ်းတွင် လက်ရှိ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071