Thursday, May 14, 2026

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ်...

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း...

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG...

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ...

​ဂျပန် Knock Out ပြိုင်ပွဲတွင်...

​ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် Knock Outမွေထိုင်းပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာ့ရိုးရာလက်ဝှေ့ကျော်(၃)ဦးစလုံး ဆေးစစ်ဝိတ်ချိန်ခြင်းလုပ်ငန်းစဉ်များကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ကြောင်း ယနေ့တွင် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က အသိ ပေးထားသည်။ မြန်မာရိုးရာဖိုက်တာများဖြစ်ကြသည့်...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

ကာစီနိုကိုတရားဝင်ခွင့်ပြုမည့်ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

လောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် ဥပဒေကြမ်းတရပ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည် ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက ဇန်နဝါရီ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။ ယခုအခါ လွှတ်တော်က သုံးသပ်ဆုံးဖြတ်နိုင်ရန် တင်ပြရမည်ဖြစ်သော ဥပဒေကြမ်းအရ...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိက...

ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကတို့သည် အာရှ၏ ရေပြင်ပိုင်နက်တွင် တင်းမာမှုများမြင့်တက်နေမှုနှင့် ရင်ဆိုင်ကြုံ‌ေတွ့‌ေနရသဖြင့် သုံးနိုင်ငံအစီအစဉ်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင်း ခေါင်းဆောင်သုံးဦး ဖုန်းဆက်သွယ်ပြောဆိုခဲ့အပြီးတွင် အဆိုပါသုံးနိုင်ငံက ထုတ်ဖော်ပြောကြားလိုက်သည်။ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့် ရာထူးမှဆင်းတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် အာရှစံတော်ချိန်...

ဖမ်းဆီးရမိထားသည့် မြောက်ကိုရီးယား စစ်သားနှစ်ဦးကို...

ယူကရိန်းတပ်ဖွဲ့များက ဖမ်းဆီးရမိထားသည့် မြောက်ကိုရီးယား စစ်သားနှစ်ဦးကို ရုရှားရှိ ယူကရိန်း စစ်သုံ့ပန်းများနှင့်လဲလှယ်၍ ပြုံယမ်းသို့ လွှဲပြောင်းပေးရန် မိမိအနေဖြင့် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီး ပြောကြားလိုက်သည်။ "မပြန်ချင်တဲ့ မြောက်ကိုရီးယားစစ်သားတွေအတွက် တခြားရွေးချယ်စရာတွေ ရှိနိုင်ပါသေးတယ်" ဟုလည်း ဇလန်းစကီးက X တွင် ပြောကြားခဲ့ပါသည်။ "ကိုရီးယားမှာ ဒီစစ်ပွဲနဲ့ပတ်သက်တဲ့...

ထရမ့်-ပူတင် အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ...

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထရမ့်တို့၏ အလားအလာရှိသော တွေ့ဆုံမှုအတွက် ပြင်ဆင်မှုများလုပ်နေကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရွေးချယ်ထားသော အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေ့ါဇ်က ပြောကြားသည်။ “ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ABC News နှင့် အင်တာဗျူးတွင် သူက ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ...

မြောက်ကိုရီးယားနှင့် သုံ့ပန်းအလဲအလှယ်လုပ်ရန်အသင့်ရှိ–ဇလန်းစကီး

ရုရှားလက်တွင်းရောက် ယူကရိန်းနိုင်ငံသားများနှင့် အလဲအလှယ်လုပ်နိုင်ရေး ကို ဝင်ရောက်ဆောင်ရွက်ပေးမည်ဆိုပါက ဖမ်းမိထားသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ခေါင်းဆောင်ကင်ဂျုံအန်ထံ လွှဲပြောင်းပေးရန် ကိဗ်က အသင့်ရှိသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ “ပထမဆုံး ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားတွေအပြင် နောက်ထပ်လည်း ဖမ်းမိဦးမှာ သေချာပါတယ်၊ ဒါက ငါ့တပ်တွေ...

တရုတ်က ကမ္ဘောဒီးယား၌ ကားတာယာစက်ရုံ...

ဖနောင်ပင်၊ဇန်နဝါရီ ၁၂ တရုတ်နိုင်ငံမှ ကွမ်ကျိုးစက်မှုရင်းနှီးမြှုပ်နှံရေး ဦးပိုင်လုပ်ငန်းစု (GIIHG) ၏ပံ့ပိုးကူညီမှုဖြင့် ဝမ်လီကားတာရာ ကုမ္ပဏီသည် ကမ္ဘောဒီးယားအရှေ့တောင်ပိုင်းရှိပြည်နယ်တစ်ခုတွင် ကားတာယာစက်ရုံကို တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ ကမ္ဘောဒီးယား နိုင်ငံဒုဝန်ကြီးချုပ် ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ပထမ ဒုတိယဥက္ကဌ ဆွန်ချန်ထော သည် အဆိုပါစက်ရုံ၏ ပန္နက်ရိုက်အခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းသိရသည်။ ယခုဆောက်လုပ်နေသည့် တာယာစက်ရုံသည်...

မလေးရှားမှာ သုံးရက်ဆက် မိုးကြီးမည်

မလေးရှားနိုင်ငံတစ်ဝန်း ပြည်နယ်များစွာတွင် ဇန်နဝါရီ ၁၅ ရက်မှစတင်၍ သုံးရက်ဆက် မိုးကြီးမည်ဟု ခန့်မှန်းထားကြောင်း မလေးရှားနိုင်ငံ မိုးလေဝသဌာနက ပြောကြားလိုက်သည်။ မုတ်သုံလေအားကောင်းမှုကြောင့် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ဇန်နဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ နိုင်ငံတစ်ဝန်း မိုးကြီးမည်ဟု မျှော်မှန်းကြောင်း ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ချက်တွင်...

လော့စ်ဆန်းဂျလိစ်တောမီး ‌ေ-သဆုံးသူ ၁၆...

လေပြင်းများတိုက်ခတ်လာမှုကြောင့် လော့စ်ဆန်းဂျလိစ်မြို့တစ်ဝိုက် လောင်ကျွမ်းလျက်ရှိသော တောမီးကြီးကို ထိန်းချုပ်နိုင်ရန် စနေနေ့တွင် မီးသတ်သမားများက အချိန်နှင့်တပြေးညီ အသည်းအသန်ကြိုးပမ်းခဲ့ကြပြီး တောမီးသည် ရပ်ကွက်သစ်များသို့ ဦးတည်လောင်ကျွမ်းလျက်ရှိသည်။ မြို့ကြီးတစ်ဝန်း လောင်ကျွမ်းလျက်ရှိသော တောမီးကြောင့် ‌ေ-သဆုံးသူ ၁၆ ဦးထက်မနည်းရှိခဲ့ပြီဟု အတည်ပြုထားကာ လူနေရပ်ကွက်များကို အပျက်အစီးပြင်ဖြစ်စေခဲ့ပြီး ထောင်နှင့်ချီသော မီးသတ်သမားများနှင့် သန်းနှင့်ချီသော ကယ်လီဖိုးနီးယားပြည်နယ်သားတို့၏...

ICC ကို ပိတ်ဆို့အရေးယူရန်...

ဂါဇာတွင် အစ္စရေးက ထိုးစစ်ဆင်‌နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်ခဲ့သည့် နိုင်ငံတကာရာဇ၀တ်တရားရုံး(ICC)အား လက်တုံ့ပြန်သည့်အနေဖြင့် ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်သည်။ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်း ယို့ဗ်ဂဲလန့် တို့အပေါ် ဖမ်းဝရမ်းထုတ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာ ရာဇ၀တ်တရားရုံး...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!