Thursday, August 6, 2026

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ...

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ...

ယနေ့ ဩဂုတ် ၆ ရက်...

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍...

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ်-၆ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစား ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပြတိုက်၏...
HomeInternationalမြောက်ကိုရီးယားနှင့် သုံ့ပန်းအလဲအလှယ်လုပ်ရန်အသင့်ရှိ--ဇလန်းစကီး

မြောက်ကိုရီးယားနှင့် သုံ့ပန်းအလဲအလှယ်လုပ်ရန်အသင့်ရှိ–ဇလန်းစကီး

ရုရှားလက်တွင်းရောက် ယူကရိန်းနိုင်ငံသားများနှင့် အလဲအလှယ်လုပ်နိုင်ရေး ကို ဝင်ရောက်ဆောင်ရွက်ပေးမည်ဆိုပါက ဖမ်းမိထားသော မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ခေါင်းဆောင်ကင်ဂျုံအန်ထံ လွှဲပြောင်းပေးရန် ကိဗ်က အသင့်ရှိသည်ဟု ယူကရိန်းသမ္မတ ဇလန်းစကီးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“ပထမဆုံး ဖမ်းမိထားတဲ့ မြောက်ကိုရီးယားစစ်သားတွေအပြင် နောက်ထပ်လည်း ဖမ်းမိဦးမှာ သေချာပါတယ်၊ ဒါက ငါ့တပ်တွေ နောက်ထပ် မဖမ်းဆီးခင်လေးမှာ လုပ်တဲ့ကိစ္စပါ” ဟု ဇလန်းစကီးက X ပေါ်တွင် ပြောဆိုခဲ့သည်။

ရုရှားနိုင်ငံ ကာ့ခ်ဒေသတွင် ယူကရိန်းတပ်များက မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ဖမ်းမိခဲ့သည်ဟု ဇန်နဝါရီ ၁၁ ရက်တွင် ဇလန်းစကီးက ပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်သည် သုံးနှစ်နီးပါးကြာပြီဖြစ်သော စစ်ပွဲအတွင်းသို့ ပြီးခဲ့သောဆောင်းဦးပေါက်တွင် မြောက်ကိုရီးယားတပ်များ စတင်ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းက မြောက်ကိုရီးယားစစ်သားများကို ဖမ်းမိကြောင်း ပထမဆုံးအကြိမ် ထုတ်‌ဖေါ် ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းနှင့် အနောက်နိုင်ငံများ၏ အကဲဖြတ်ချက်များအရ ကာ့ခ်ဒေသတွင် ရုရှားတပ်များကို ကူတိုက်ရန် မြောက်ကိုရီးယားစစ်သား ၁၁,၀၀၀ ခန့် စေလွှတ်ချထားသည်ဟု သူက ဆက်လက်ပြောကြားခဲ့သည်။ ရုရှားဘက်ကမူ အဆိုပါ တပ်ဖြန့်ချထားမှုကို အတည်ပြုခြင်းမရှိသကဲ့သို့ ငြင်းချက်ထုတ်ခြင်းလည်း မရှိပေ။

ရုရှားနှင့် မြောက်ကိုရီးယားတပ်များ အကျအရှုံးများနေသည်ဟု ဇလန်းစကီးက ပြောသည်။

“ရုရှားမှာ ဖမ်းဆီးခံထားရတဲ့ ကျွန်တော်တို့စစ်သည်တွေနဲ့ အလဲအထပ်လုပ်ဖို့ သူစီစဉ်ပေးနိုင်မယ်ဆိုရင် ကင်ဂျုံအန့်စစ်သားတွေကို သူ့ဆီလွှဲပေးဖို့ ယူကရိန်းက အသင့်ပါ” ဟု ဇလန်းစကီးက ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားစစ်သားများကို ထုတ်ပြထားသည့် ဗီဒီယိုဖိုင်အတိုကိုလည်း သူက တင်ထားခဲ့ပြီး စစ်သားတစ်ဦးသည် ပတ်တီးများဖြင့် ကုတင်ပေါ်တွင် လှဲနေခဲ့ကာ နောက်တစ်ဦးသည် မေးသိုင်းပတ်တီးတစ်ခုဖြင့် ထိုင်နေခဲ့သည်ကို တွေ့ရသည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ရေးထိုးခဲ့

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Green Room ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော် Inner Santi Maitri Building ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ အာဆီယံနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေး ဆွေးနွေး

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ...

ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတိုင်းတာချက်အရ ဆည်တော်ကြီးရေလှောင်တမံအတွင်းရေဝင်ရောက်မှုကန်ရေပြည့်မှတ်အောက်လျော့ကျလာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍ ရေလွှတ်ခဲ့ရာ ယနေ့ သြဂုတ် ၆ ရက်နံနက် ၁၀ နာရီတိုင်းတာချက်အရ ရေအမှတ်(၄၁၉ ဒသမ ဝ)ပေသို့ပြန်လည်ရောက်ရှိခဲ့သဖြင့် ကန်ရေပြည့်မှတ်အောက်လျော့ကျလာခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဆည်တော်ကြီးရေလှောင်တမံ၏ ရေထိန်းတံခါး(၇) ပေါက်မှ တံခါးနံပါတ်(၂၊ ၃၊ ၄၊ ၅၊ ၆) တို့အား (၂)ပေစီ၊ ရေတံခါးနံပါတ်(၁) နှင့် (၇)တို့အား (၁)ပေစီထုတ်လွှတ်ထားရသဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071