Thursday, August 6, 2026

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ...

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ...

ယနေ့ ဩဂုတ် ၆ ရက်...

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍...

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ်-၆ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစား ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပြတိုက်၏...
HomeInternationalဖမ်းဆီးရမိထားသည့် မြောက်ကိုရီးယား စစ်သားနှစ်ဦးကို...

ဖမ်းဆီးရမိထားသည့် မြောက်ကိုရီးယား စစ်သားနှစ်ဦးကို ပြုံယမ်းကို လွှဲပြောင်းပေးရန် ဇလန်းစကီး ဆန္ဒရှိ

ယူကရိန်းတပ်ဖွဲ့များက ဖမ်းဆီးရမိထားသည့် မြောက်ကိုရီးယား စစ်သားနှစ်ဦးကို ရုရှားရှိ ယူကရိန်း စစ်သုံ့ပန်းများနှင့်လဲလှယ်၍ ပြုံယမ်းသို့ လွှဲပြောင်းပေးရန် မိမိအနေဖြင့် ဆန္ဒရှိကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီး ပြောကြားလိုက်သည်။

“မပြန်ချင်တဲ့ မြောက်ကိုရီးယားစစ်သားတွေအတွက် တခြားရွေးချယ်စရာတွေ ရှိနိုင်ပါသေးတယ်” ဟုလည်း ဇလန်းစကီးက X တွင် ပြောကြားခဲ့ပါသည်။ “ကိုရီးယားမှာ ဒီစစ်ပွဲနဲ့ပတ်သက်တဲ့ အမှန်တရားကို ဖြန့်ကျက်ပြီး ငြိမ်းချမ်းရေးကို လိုချင်တဲ့သူတွေအတွက် အခွင့်အရေးတွေပေးသွားမှာပါ”ဟုလည်း သူကဆက်ပြောသည်။

ဖမ်းမိထားသော မြောက်ကိုရီးယား စစ်သားနှစ်ဦးအနက်မှ တစ်ဦးသည် တိုက်ခိုက်ရန်ထက် ရုရှားနိုင်ငံသို့ “လေ့ကျင့်ရေး” သွားရမည်ဟုသာ ထင်မှတ်ထားကြောင်း တာဝန်ရှိသူများအား ပြောကြားခဲ့သည်ဟု ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုဌာန(SBU)က ဆိုသည်။

သူ့ထံတွင် အခြားသူတစ်ဦး၏အမည်ဖြင့် ထုတ်ပေးထားသော ရုရှားစစ်တပ် ID ကတ်တစ်ခုကို တွေ့ရှိခဲ့သည်။ ကျန်စစ်သားတွင်မူ မည်သည့် စာရွက်စာတမ်းမျှမရှိချေ။

ဇန်နဝါရီလ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော အဆိုပါ မြောက်ကိုရီးယား စစ်သားနှစ်ဦးသည် ယခုအခါကိယက်ဗ်မြို့တွင် နေထိုင်နေပြီး ဆေးကုသမှု ခံယူနေကြသည်ဟုလည်း SBU က ပြောသည်။

၎င်းတို့သည် ကိုရီးယားဘာသာစကားကိုသာ ပြောဆိုတတ်ကြပြီး တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာန၏ အကူအညီဖြင့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်နေရကြောင်းကိုလည်း SBU က ပြောသည်။

ယူကရိန်းနှင့် စစ်ပွဲတွင် မြောက်ကိုရီးယားတပ်များ အသုံးပြုခြင်းကို ရုရှားက ငြင်းဆိုထားခြင်းမရှိချေ။ ယင်းသို့ တပ်များချအသုံးပြုခြင်း ရှိ၊မရှိဆိုသည်မှာ မိမိတို့နိုင်ငံ၏ “အချုပ်အခြာအာဏာပိုင်ဆုံးဖြတ်ချက်” ဖြစ်သည်ဟု သမ္မတ ဗလာဒီမာပူတင်က ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ရေးထိုးခဲ့

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Green Room ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော် Inner Santi Maitri Building ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ အာဆီယံနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေး ဆွေးနွေး

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ...

ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတိုင်းတာချက်အရ ဆည်တော်ကြီးရေလှောင်တမံအတွင်းရေဝင်ရောက်မှုကန်ရေပြည့်မှတ်အောက်လျော့ကျလာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍ ရေလွှတ်ခဲ့ရာ ယနေ့ သြဂုတ် ၆ ရက်နံနက် ၁၀ နာရီတိုင်းတာချက်အရ ရေအမှတ်(၄၁၉ ဒသမ ဝ)ပေသို့ပြန်လည်ရောက်ရှိခဲ့သဖြင့် ကန်ရေပြည့်မှတ်အောက်လျော့ကျလာခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဆည်တော်ကြီးရေလှောင်တမံ၏ ရေထိန်းတံခါး(၇) ပေါက်မှ တံခါးနံပါတ်(၂၊ ၃၊ ၄၊ ၅၊ ၆) တို့အား (၂)ပေစီ၊ ရေတံခါးနံပါတ်(၁) နှင့် (၇)တို့အား (၁)ပေစီထုတ်လွှတ်ထားရသဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071