Thursday, August 6, 2026

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ...

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ...

ယနေ့ ဩဂုတ် ၆ ရက်...

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍...

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်လျက်ရှိ

နေပြည်တော်၊ ဩဂုတ်-၆ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျ-က်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစား ပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် ပြတိုက်၏...
HomeInternationalကာစီနိုကိုတရားဝင်ခွင့်ပြုမည့်ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

ကာစီနိုကိုတရားဝင်ခွင့်ပြုမည့်ဥပဒေကြမ်းကို ထိုင်းအစိုးရအဖွဲ့ အတည်ပြု

လောင်းကစားလုပ်ငန်းနှင့် ကာစီနိုရုံများကို တရားဝင်ခွင့်ပြုမည့် ဥပဒေကြမ်းတရပ်ကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပေးလိုက်ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင်နှင့် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည် ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက ဇန်နဝါရီ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။

ယခုအခါ လွှတ်တော်က သုံးသပ်ဆုံးဖြတ်နိုင်ရန် တင်ပြရမည်ဖြစ်သော ဥပဒေကြမ်းအရ ကြီးမားသော ဖျော်ဖြေရေးအဆောက်အအုံများတွင် လောင်းကစားလုပ်ခြင်းကို ခွင့်ပြုမည်ဖြစ်သည်။

လက်ရှိတွင် လောင်းကစားအမျိုးမျိုးကို ထိုင်းနိုင်ငံ၌ တားမြစ်ထားသော်လည်း မြင်းပြိုင်ပွဲနှင့် အစိုးရထီကဲ့သို့ တရားဝင်လောင်းကစားခွင့်ပြုထားသည့်အရာများနှင့်အတူ မြေအောက်လောင်းကစားလုပ်ငန်းများနှင့် ထီလောင်းကစားခြင်းများသည် ကျယ်ကျယ်ပြန့်ပြန့်ဆက်ကာရှိနေခဲ့သည်။

ကမ္ဘောဒီးယား၊ စင်ကာပူနှင့် ဖိလစ်ပိုင်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများသည် တရားဝင်ကာစီနိုလုပ်ငန်းများမှ အကျိုးအမြတ်များကို အတော်များများရရှိနေကြပြီး ကာစီနိုကို စည်းနှင့်ကမ်းနှင့်ခွင့်မပြုခြင်းသည် တိုင်းပြည်အတွက် အဖိုးတန်‌ေသာ ဝင်ငွေနှင့် ခရီးသွားလုပ်ငန်းအတွက်အခွင့်အလမ်းများကို ဆုံးရှုံးစေသည်ဟု ထိုင်းအစိုးရက စောဒကတက်သည်။

လောင်းကစားကို တရားဝင်ခွင့်ပြုခြင်းသည် အများပြည်သူကို အကာအကွယ်ပေးရာ ရောက်သကဲ့သို့ နိုင်ငံတော် အတွက်လည်း ဝင်ငွေကို ပိုမိုရရှိစေမည်ဖြစ်သည်ဟု ပေတုံတန်က သတင်းထောက်များကို ပြောဆိုခဲ့သည်။

စည်းကမ်းဖြင့် ထိန်းသိမ်း လုပ်ကိုင်‌ေစသော လောင်းကစားလုပ်ငန်းသည် နိုင်ငံ့စီးပွားရေးအတွက် အရေးပါသော ကဏ္ဍဖြစ်သည့် ခရီးသွားလုပ်ငန်း၏အလားအလာကို ထိုင်းနိုင်ငံက အသုံးချရာတွင် အထောက်အကူဖြစ်နိုင်သည်ဟု သူက အလေးထားပြောကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Julapun Amornvivat က လောင်းကစားလုပ်ငန်းကို တရားဝင်ခွင့်ပြုခြင်းဖြင့် စီးပွားရေးအကျိုးအမြတ်များရရှိလာနိုင်သည်ကို မီးမောင်းထိုးပြခဲ့ပြီး နိုင်ငံခြားခရီးသွားအရေးအတွက် ၅ မှ ၁၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ကာ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၁၂၀ မှ ၂၂၀ ဘီလျံ တိုးမြင့်ရရှိလာမည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ထို့အပြင် အဆိုပါအစီအစဉ်ကြောင့် အလုပ်အကိုင်သစ် ၉,၀၀၀ မှ ၁၅,၀၀၀ အထိ ဖန်တီးပေးနိုင်သည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

Ref: သည်အင်းဒီးယန်းအိတ်စ်ပရက်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၄ ခု လက်မှတ်ရေးထိုးခဲ့

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့တို့၏ မြန်မာ–ထိုင်း နှစ်နိုင်ငံဆွေးနွေးပွဲကို ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Green Room ၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော် Inner Santi Maitri Building ၌ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ အာဆီယံနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေး ဆွေးနွေး

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ...

ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတိုင်းတာချက်အရ ဆည်တော်ကြီးရေလှောင်တမံအတွင်းရေဝင်ရောက်မှုကန်ရေပြည့်မှတ်အောက်လျော့ကျလာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၅ ရက်တိုင်းထွာချက်အရ ကန်ရေပြည့်မှတ်ဖြစ်သော(၄၁၉ ဒသမ ၅)ပေသို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ကန်ရေပြည့်မှတ်သို့ရောက်ရှိနေသဖြင့် ဆည်ရေပိုလွှဲရေတံခါးများကိုထိန်းညှိ၍ ရေလွှတ်ခဲ့ရာ ယနေ့ သြဂုတ် ၆ ရက်နံနက် ၁၀ နာရီတိုင်းတာချက်အရ ရေအမှတ်(၄၁၉ ဒသမ ဝ)ပေသို့ပြန်လည်ရောက်ရှိခဲ့သဖြင့် ကန်ရေပြည့်မှတ်အောက်လျော့ကျလာခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်၌ ဆည်တော်ကြီးရေလှောင်တမံ၏ ရေထိန်းတံခါး(၇) ပေါက်မှ တံခါးနံပါတ်(၂၊ ၃၊ ၄၊ ၅၊ ၆) တို့အား (၂)ပေစီ၊ ရေတံခါးနံပါတ်(၁) နှင့် (၇)တို့အား (၁)ပေစီထုတ်လွှတ်ထားရသဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071