ဆူဒန်၌ ဆယ်စုနှစ်တစ်စု ကျော်အတွင်း သွေးလွန်တုပ်ကွေးဒဏ် အဆိုးရွားဆုံးခံနေရဟုဆို

0
275

ဆူဒန်နိုင်ငံ၌ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပေါင်း ၁,၄၀၀ ကျော်ရှိခဲ့ပြီး ဆယ်စုနှစ်တစ်စုကျော်ကာလအတွင်း အဆိုးရွားဆုံးပမာဏဖြစ်သည်ဟု‌သိရှိရသည်။

နိုင်ငံတွင်းရှိပြည်နယ်ပေါင်း ၁၈ ခု၌ ရောဂါဖြစ်ပွားမှုများရှိ‌ေနပြီး ကလေးတစ်ဦးအပါအဝင် သေဆုံးသူကိုးဦးအထိရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရှိရသည်။

ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန အရေးပေါ်အခြေအနေဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Muntasir Osman ကမူ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံ၏ပထဝီဝင်အနေအထားအရ ရောဂါအဆိုးရွားဆုံးပျံ့နှံ့မှုဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ရေသေများနှင့်ရေသိုလှောင်ကန်များအနီး ခြင်များပေါက်ဖွားကာ ရောဂါရှိခြင်အကိုက်ခံရခြင်းမှကူးစက်သည့်ရောဂါတစ်မျိုးဖြစ်သည်။

များသောအားဖြင့် တုပ်ကွေးနှင့်ဆင်သောလက္ခဏာများရှိတတ်ပြီး ရောဂါပြင်းထန်ပါက ကိုယ်တွင်းအင်္ဂါများချို့ယွင်းကာ အသက်သေဆုံးသည်အထိဖြစ်နိုင်သော ရောဂါတစ်မျိုးဖြစ်သည်။

ဒေါက်တာ Osman ကမူ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ထိရောက်သောကာကွယ်ရေးနည်းလမ်းများမရှိခြင်းကြောင့် ယခုကဲ့သို့ဖြစ်ရသည်ဟုဆိုကာပြစ်တင်ဝေဖန်ခဲ့သည်။

ဆေးဝါးပမာဏအလုံအလောက်မရှိခြင်းကြောင့်လည်း ရောဂါကူးစက်နှုန်းမြင့်မားစေပြီး သေဆုံးမှုတိုးလာနိုင်သည်ဟုဖော်ပြထားသည်။ဆေးဝါးဖူလုံမှုမရှိခြင်းကြောင့် ရောဂါကူးစက်ခံထားရသူအများစုသည် ဆေးမြီးတိုများ၊အိမ်သုံးဆေးဝါးများဖြင့်သာ ကုသနေရကြောင်းသိရှိရသည်။

ဆေးဝါးစရိတ်များလည်းမြင့်မားလျက်ရှိပြီး ဆူဒန်ငွေပုံမှန် ၆၀၀ ပေါင်သာရှိသော ဒရစ်ပ်တစ်လုံးအား ၃,၅၀၀ အထိပေးဝယ်နေကြရသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထုတ်ပြန်ချက်အရ ဆူဒန်၌သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် နှစ် ၂၀ အတွင်း ရှစ်ဆခန့်မြင့်တက်လာသည်ဟုသိရှိရသည်။

Source : The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here