ရေတပ်ဗိုလ်ချုပ်ကြီး လင်ဒါဖာဂန် အမေရိကန်ကမ်းခြေစောင့်တပ်၏ ပထမဆုံးအမျိုးသမီး‌ခေါင်းဆောင်တစ်ဦးဖြစ်လာ

0
167

ရေတပ်ဗိုလ်ချုပ်ကြီး လင်ဒါဖာဂန် အမေရိကန်ကမ်းခြေစောင့်တပ်၏ ပထမဆုံးအမျိုးသမီး‌ခေါင်းဆောင်တစ်ဦးဖြစ်လာ

ဝါရှင်တန်၊ဇွန် ၁
အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ လင်ဒါဖာဂန်သည် ကမ်းခြေစောင့်တပ်၏ ပထမဆုံးအမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။

သူမအနေဖြင့် ဗုဒ္ဓဟူးနေ့ ကျမ်းသစ္စာကျိန်ဆိုပြီးချိန်မှစ၍ ကမ်းခြေစောင့်တပ်ကိုစတင်ဦးဆောင်တော့မည်ဖြစ်သည်။

သူမသည် ပြီးခဲ့တဲ့နှစ် ဇွန်လမှစတင်ကာ အမေရိကန်ကမ်းခြေစောင့်တပ်၏ ဒုတပ်မှူးတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဖာဂန်အား သူမ၏အထက်အရာရှိတစ်ဦးဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး Karl Schultz အနားယူပြီးနောက် ရာထူးတိုးပေးရန် လွှတ်တော်တွင် ပြီးခဲ့တဲ့လတစ်ညီတစ်ညွတ်တည်းထောက်ခံမူရခဲ့သည်။

သူမ၏ ဆယ်စုနှစ်ချီသော တာဝန်ထမ်းဆောင်ခဲ့ချိန်များတွင် တိုက်ကြီးခုနစ်တိုက်လုံးတွင်တာဝန်ထမ်း​ဆောင်ခဲ့ဖူးသည်။ အမေရိကန်‌ ကမ်းခြေစောင့်တပ်၏ ရေခဲခွဲသဘ်ော ကြီး Polar Star ပေါ်တွင် တာဝန်ထမ်းဆောင်ခဲ့စဥ်ကထိုသင်္ဘောတစ်စင်းလုံးတွင် အမျိုးသမီးဟူ၍သူမတစ်ယောက်သာပါရှိခဲ့သည်။

ထို့ပြင် သူမသည် ၂၀၁၆ ခုနှစ်ကလည်း အမေရိကန်ကမ်းခြေစောင့်တပ်၏ Gold Ancient Trident ဆုကိုလည်း လက်ခံရရှိခဲ့သေးသည်။ ထိုဆုအားသူမကို ရေကြောင်းဘေးကင်းရေး တာဝန်ထမ်းဆောင်မှုအကြာ ဆုံးအရာရှိအနေဖြင့် ဂုဏ်ပြုခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း သူမအတွက်ဂုဏ်ပြုစကားပြောကြားရာတွင် “ဖာဂန်ရဲ့ အခုလျှောက်လှမ်းခဲ့တဲ့လမ်းကြောင်းဟာ နောက်ထပ်ဝင်ရောက်လာမယ့် လူငယ်တွေအတွက် စံနမူနာပါပဲ၊ဆိုလိုတာက အမျိုးသမီးတွေအတွက် တံခါးတွေပိတ်မထားပါဘူး၊အခု ဖာဂန်ဟာကမ်းခြေစောင့်တပ်ရဲ့ ပထမဆုံးအမျိုးသမီးခေါင်းဆောင်တစ်ဦးဖြစ်ပေမယ့် သူမကနောက်ဆုံးတော့မဟုတ်စေရပါဘူး” ဟုလည်း ဝါရှင်တန်ဒီစီတွင်ကျင်းပသည့် ကမ်းခြေစောင့်တပ် တာဝန်လွဲပြောင်းလက်ခံသည့်အခမ်းအနားတွင် ပြောကြားခဲ့သည်။

Source – The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here