ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်မှု(Logistics Services)ဝန်ဆောင်မှုဆောင်ရွက်နေသည့် အ သင်းအဖွဲ့များအတွက် နိုင်ငံခြားသုံးငွေထားရှိခွင့်ပမာဏ သတ်မှတ်ထုတ်ပြန်

0
196

ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်မှု(Logistics Services)ဝန်ဆောင်မှုဆောင်ရွက်နေသည့် အ သင်းအဖွဲ့များအတွက် နိုင်ငံခြားသုံးငွေထားရှိခွင့်ပမာဏ သတ်မှတ်ထုတ်ပြန်

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အစည်း အဝေးအမှတ်စဉ်(၂၀/၂၀၂၂)အရ ထောက်ပံ့ဖြည့် ဆည်းဆောင်ရွက်မှု(Logistics Services)ဝန် ဆောင်မှုဆောင်ရွက်နေသည့် အသင်းအဖွဲ့များအတွက် နိုင်ငံခြားသုံးငွေထားရှိခွင့်ပြုသည့်ပမာဏသတ်မှတ်ခွင့်ပြုခဲ့သည်။

ထိုသို့ သတ်မှတ်ရာတွင် မြန်မာအပြည်ပြည်ဆိုင် ရာကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအသင်း(MIFFA)၏ အသင်းဝင်ကုမ္ပဏီတစ်ခုလျှင် လစဉ်အမေရိကန်ဒေါ်လာပျမ်းမျှ ၃ သိန်းခန့်အား နိုင်ငံခြားငွေစာရင်းတွင်ထားရှိခွင့်ပြုပြီး အမေရိကန်ဒေါ်လာ ၃ သိန်းထက်ကျော်လွန်သည့် ပမာဏအား ကျပ်ငွေဖြင့်လဲလှယ်ရမည်ဟု သတ်မှတ်ခဲ့သည်။

ထို့ပြင် မြန်မာ့ကုန်သွယ်ရေကြောင်းဆိုင်ရာလုပ် ငန်းများဖွံဖြိုးတိုးတက်ရေးအသင်း၏ သင်္ဘော လိုင်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂,၀၀၀,၀၀၀အားနိုင်ငံခြားငွေစာရင်းတွင်ထားရှိခွင့်ပြုကာ အမေရိကန်ဒေါ်လာ ၂,၀၀၀,၀၀၀ထက်ကျော်လွန်သည့် ပမာဏအားကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ခွင့်ပြုခဲ့သည်။

အလားတူ နိုင်ငံတကာလေကြောင်းကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းများနှင့်နိုင်ငံတကာလေ ကြောင်းလိုင်းများအား မြေပြင်ဝန်ဆောင်မှုဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများသည် လုပ်ငန်းတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁ သိန်းအား နိုင်ငံခြားငွေစာရင်း၌ ထားရှိ ခွင့်ပြုပြီး အမေရိကန်ဒေါ်လာ ၁ သိန်းထက်ကျော်လွန်သည့် ပမာဏအား ကျပ်ငွေဖြင့်လဲလှယ်ရမည်ဟု သတ်မှတ်ခဲ့သည်။

ထို့ကြောင့် သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများအနေဖြင့် ယင်းသို့ နိုင်ငံခြားသုံးငွေထားရှိခွင့်ပြုသည့်ပမာဏအား လိုက်နာဆောင်ရွက်ရမည်ဟု အသိပေးအကြောင်းကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here