မက္ကာမြို့သို့ သွားရောက်မည့်သူများ အသေးသုံးငွေသားလဲနိုင်သလို နိုင်ငံတကာငွေပေးချေမှုကတ် သုံးစွဲနိုင်

0
73

ဆော်ဒီအာရေးဗီးယားနိုင်ငံ ၊ မက္ကာမြို့သို့ ဟဂ်ျဝတ်ပြုသွား ရောက်မည့် သူများအနေဖြင့် အသေးသုံးငွေသားဖြင့်မလုံ လောက်ပါက နိုင်ငံတကာငွေပေးချေမှုကတ် (Debit Card ၊ Credit card )သုံးစွဲနိုင်ကြောင်း ဗဟိုဘဏ်က အသိပေးထား သည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ ၊ မက္ကာမြို့သို့ ဟဂ်ျဝတ်ပြုသွား ရောက်မည့်သူများအနေဖြင့် လိုအပ်သည့် နိုင်ငံခြားငွေကို ဘုရားဖူးအေဂျင်စီများမှတဆင့် ဝယ်ယူနေသဖြင့် အခက် အခဲများ ဖြစ်ပေါ်နေကြောင်း ဗဟိုဘဏ်ကြေညာချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် အသေးသုံးအစီအစဉ်ဖြင့် ရောင်းချပေးလျက်ရှိသည့် AD လိုင်စင်ရဘဏ်ခွဲများတွင် ဝယ်ယူရရှိနိုင်ပြီး အသေးသုံးငွေသားဖြင့် မလုံလောက်ပါက မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပတွင်လိုအပ်သည့် နိုင်ငံခြားငွေအား ပြည်တွင်းဘဏ်များ၏နိုင်ငံတကာငွေပေးချေမှုကတ် (Debit Card ၊ Credit card )ဖြင့် သတ်မှတ်ပမာဏကိုသုံးစွဲနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုမည့်သူ၊ ပညာတော်သင်သွားရောက်မည့်သူ ဘုရားဖူးထွက်ခွာသူနှင့် ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်း အဝေးတက်ရောက်ရန် ထွက်ခွာသူများ၏ အသေးသုံးငွေများအတွက် ငွေသားစီးဆင်းမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် UAB ဘဏ်တို့နှင့် ပူးပေါင်း၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် အထူးအစီအစဉ်ဖြင့် ရောင်းချပေးလျက်ရှိသ ည်။

ကမ္ဘောဇဘဏ်အနေဖြင့် ရန်ကုန်မြို့တွင် ၉ မိုင်ဘဏ်ခွဲ၊ ဦးဝိစာရလမ်း(၂) ဘဏ်ခွဲ၊ ရန်ကုန်လေဆိပ်(ဆိုက်ရောက်) တို့တွင်လည်းကောင်း၊ မန္တလေးမြို့တွင် IBD ဘဏ်ခွဲ၊ (၂၂)ဘ ဏ်ခွဲ၊ (၄) ဘဏ်ခွဲ တို့တွင်လည်းကောင်း၊ နေပြည်တော်တွင် ဘဏ်ခွဲ (၅)နှင့် တောင်ကြီးမြို့တွင် ဘဏ်ခွဲ (၁) တို့တွင် ရော င်းချပေးနေခြင်းဖြစ်သည်။

ထို့အတူ ဧရာဝတီဘဏ်အနေဖြင့် ရန်ကုန်မြို့တွင် ရန်ကုန်လေဆိပ်၊ ပါရမီဘဏ်ခွဲ၊ ကျောက်တံတားဘဏ်ခွဲ၊ အလုံဘ ဏ်ခွဲ၊ မရမ်းကုန်းဘဏ်ခွဲတို့တွင်လည်းကောင်း၊ မန္တလေးမြို့တွင် လမ်း (၃၀) ဘဏ်ခွဲ၊ (၂၂) ဘဏ်ခွဲ တို့တွင်လည်းကော င်း၊ နေပြည်တော်ဘဏ်ခွဲတို့တွင် ရောင်းချပေးလျက်ရှိပြီး၊ အလားတူ UAB ဘဏ်အနေဖြင့် ရန်ကုန်မြို့တွင် စမ်းချော င်းဘဏ်ခွဲ၊ ရန်ကုန်လေဆိပ်၊ ရွှေဂုံတိုင်ဘဏ်ခွဲ၊ သိမ်ဖြူဘဏ်ခွဲ တို့တွင်လည်းကောင်း၊ မန္တလေးမြို့တွင် (၈၄) လမ်းဘဏ်ခွဲ၊ ဆိုင်းတန်းဘဏ်ခွဲ၊ ဒိုင်းမွန်းဘဏ်ခွဲနှင့် နေပြည် တော်ဘဏ်ခွဲတို့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြည်ပသို့ အမှန်တကယ် ထွက်ခွာမည့်သူများ အ သေးသုံးနိုင်ငံခြားငွေ ငွေသားဝယ်ယူခြင်းအတွက် လေဆိပ်ကောင် တာများအပြင် AD လိုင်စင်ရ ပြင်ပဘဏ်များဖြစ်သည့် CB Bank PCL ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက် ၊ ကမ္ဘောဇဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်လီမိတက်၊ AYA Bank PCL ၊ ယူအေဘီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ မြန်မာ နိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်နှင့် ‌ဧရာဝတီတောင်သူလယ် သမားများ ဖွံဖြိုးရေးဘဏ်လီမိတက်ဘဏ်တို့တွင်လည်း ဝယ်ယူရရှိနိုင်ပြီး၊ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုမည့်သူ၊ ပညာတော်သင်သွားရောက်မည့်သူ ဘုရားဖူးထွက်ခွာသူနှင့် ပြည်ပနိုင်ငံအစိုးရနှင့် အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာမည့်သူ တစ်ဦးလျှင် အသေးသုံးနိုင်ငံခြားငွေ ငွေ သားအဖြစ် အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့် (ယင်းနှင့်ညီမျှသော နိုင်ငံခြားငွေသား)များကို ဝယ်ယူနိုင်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here