အရှေ့တောင်အာရှသက်တမ်းအရင့်ဆုံးမြို့များတွင် မြန်မာမှမြို့နှစ်မြို့ပါ

0
120

ကမ္ဘာပေါ်ရှိမြို့ဟောင်းတိုင်း၌ ပြန်ပြောင်းပြောပြစရာ အကြောင်းအရာတစ်ခုစီရှိတတ်ကြလေသည်။ ယင်းတို့အနက် ခေတ်မီသောမြို့ပြများအဖြစ်ပြောင်းလဲလာသော်လည်း ၎င်းတို့၏ ထူးခြားမှုများကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည့် ရှေးဟောင်းမြို့များလည်းရှိနေသေးသည်။

ယင်းသို့သောအရည်အသွေးများဖြင့် ခရီးသွားများကို ဆွဲဆောင်ထားနိုင်သည့် အရှေ့တောင်အာရှရှေးဟောင်း ၁၀ မြို့တွင် ရန်ကုန်နှင့်ပုဂံလည်းပါဝင်ကြောင်း  evivatour.com ၌ဖော်ပြထားသည်။

ပုဂံ (အေဒီ ၈၄၉ ခု) (နှစ်ပေါင်း ၁,၁၆၉ နှစ်)

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၌ ထူးခြားသောဗိသုကာလက်ရာများဖြင့်ထုံမွှမ်းနေသည့် ပုဂံခေါ်ရှေးဟောင်းမြို့ရှိသည်။အဆိုပါပုဂံမြို့အား သက္ကရာဇ် ၁,၀၄၄ ခုနှစ်မှ ၁,၂၉၇ ခုနှစ်အထိပုဂံခေတ်၏မြို့တော်အဖြစ်အသုံးပြုခဲ့သည်။

ပုဂံအင်ပါယာ၏သက်တမ်း နှစ်ပေါင်း ၂၅၀ ကျော်ကာလအတွင်း သာသနိက အဆောက်အ အုံ ပေါင်း ၁၀,၀၀၀ ခန့်အပါအဝင် ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှု အဆောက်အအုံများလည်းအလျှံပယ် ရှိခဲ့သည်။  

ပုဂံမြို့၌ စေတီပုထိုးနှင့်ဘုန်းကြီးကျောင်းပေါင်း ၂,၅၀၀ ကျော်ရှိပြီး ယခုအခါ ပုဂံသည် မြန်မာယဉ်ကျေးမှု အမွေအနှစ်အဖြစ် ပြည်တွင်းပြည်ပရှိလူအများအပြားက တန်ဖိုးထားထိန်းသိမ်းပြီး  ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသတစ်ခုလည်းဖြစ်သည်။

ရန်ကုန် ( အေဒီ ၁,၀၄၃) (နှစ်ပေါင်း ၉၇၅ နှစ်)

မြန်မာနိုင်ငံ၏မြို့တော်နှင့် အကြီးဆုံးမြို့သည် ရန်ကုန်ဖြစ်ပြီး  ဗုဒ္ဓဘာသာဘုရားကျောင်းကန်များတည်ရှိရာနေရာဖြစ်သည့်အပြင် ရွှေတိဂုံဘုရားသည်လည်း ရန်ကုန်မြို့၌ပင်တည်ရှိသဖြင့် ရန်ကုန်သည်မြန်မာ့ဓမ္မဗဟိုဌာနလည်းဖြစ်လာခဲ့သည်။

ရန်ကုန်မြို့သည်  တိုင်းတပါး လက်အောက်ကျခဲ့ သဖြင့် ဆိုးရွားစွာပျက်စီးခဲ့ရသည်။၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်လာသောအခါ ရန်ကုန်မြို့ကို နိုင်ငံ၏မြို့တော်အဖြစ်သတ်မှတ်ခဲ့သည်။

ယခုအချိန်အထိ ရန်ကုန်မြို့သည် ရင်သပ်ရှုမောဖွယ် ကိုလိုနီခေတ်လက်ရာများ၊စေတီ ပုထိုးများရှိရာ နေရာတစ်ခုဖြစ်သောကြောင့် လူသိများသော နေရာတစ်ခုအဖြစ်တည်ရှိနေဆဲဖြစ်ပြီး ပြည်ပခရီးသွားများကို ဆွဲဆောင်ထားနိုင်ဆဲ‌နေရာတစ်ခုလည်းဖြစ်သည်။

Source : evivatour.com


LEAVE A REPLY

Please enter your comment!
Please enter your name here