သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့အမှတ်တရအဖြစ် အတူတူသီလရှင်ဝတ်ခဲ့တဲ့ နန်းသူဇာ

0
252

နန်းသူဇာဟာ သူငယ်ချင်းဖြစ်သူ နန်းမြတ်ဖြိုးသင်းရဲ့ မွေးနေ့အလှူအမှတ် တရအဖြစ် သူငယ်ချင်းဖြစ်သူနဲ့အတူတူ ဇွန်လ ၂ ရက်နေ့က သီလရှင်ဝတ်ခဲ့ကြပါ တယ်။ ပထမဆုံးသီလရှင်ဝတ်တာ ဖြစ်တဲ့အတွက် ကြည်နူးမိကြောင်းကိုလည်း အဆိုတော် နန်းသူဇာက …

”ညီမ ငယ်ငယ်ကတည်းက သီလရှင်ဝတ်မယ်၊ ဝတ်မယ်ဆိုပြီး မဝတ်ဖြစ် ခဲ့ဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ သူငယ်ချင်း နန်းမြတ်ကလည်းပြောတယ်။ သူ့ရဲ့ မွေးနေ့မှာ သီလရှင် ဝတ်မယ်ဆိုတော့ နန်းသူဇာလည်း အတူတူဝတ်မယ်ဆိုပြီး ဝတ်ဖြစ်သွားတာ။ သီလရှင်ဝတ်တာတော့ ဒီတစ်ခါဟာ နန်းသူဇာရဲ့ ဘဝမှာ ပထမဦးဆုံးအကြိမ်ပါပဲ။ အဲဒီအတွက်လည်း ပျော်တယ်။ ဗုဒ္ဓဘာသာအယူအရ ဒီလိုမျိုးသာသနာ့ဘောင်ကို ဝင်ခွင့်ရတယ်ဆိုတဲ့အတွက် ဂုဏ်ယူမိပါတယ်။ တစ်ခုပဲ စိုးရိမ်တာက သီလရှင်ဝတ်နေတဲ့ အချိန်ကြီး ဗိုက်ဆာမိမှာစိုးတယ် (ရယ်လျက်)။ စတာပါ။ နန်းသူဇာသီလရှင် ဝတ်ရမယ့် ၃ ရက်မှာ အကောင်းဆုံး ကုသိုလ်တွေ ပြုလုပ်သွားဖို့ စိတ်ကူးထားပါတယ်” လို့ နန်းသူဇာက ပြောပါ တယ်။

ချစ်သူဖြစ်သူက သီလရှင်ဝတ်ခဲ့တဲ့အတွက် ကိုယ်တိုင်ရော ဘုန်းကြီး မဝတ်ဘူးလားလို့ မေးကြည့်တဲ့အခါမှာတော့ အဆိုတော်ကျော်ထွဋ်ဆွေက …

”သူသီလရှင်ဝတ်တဲ့အတွက် ကျွန်တော်က ကပ္ပိယလိုက်လုပ်ပေးရမှာပေါ့ (ရယ်လျက်)။ ကျွန်တော်က အရင်က ဘုန်းကြီးနှစ်ခါလောက်ဝတ် ထားတယ်။ အခုတော့နန်းသူဇာဝတ်တဲ့အချိန်မှာလိုက်ပြီး ကူညီပေးဖြစ်တယ်။ သီလရှင် အဝတ်အစားလေးတွေ သွားဝယ်ပေးဖြစ်တယ်။ ကျန်တဲ့ အပိုင်းတွေမှာလည်း သူ့အတွက်ကူညီပေးဖြစ်တယ်။ ကျွန်တော်လည်း သူနဲ့အတူတူ ဘုန်းကြီးဝတ်ဖို့ အစီအ စဉ်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်က လုပ်ရမယ့်အလုပ်လေးတွေရှိနေသေး တဲ့အတွက် မဝတ်ဖြစ်သေးတာပါ” လို့ ကျော်ထွဋ်ဆွေက ပြောပါတယ်။

သဲစုလှိုင် ၊

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here