ဒုတိယအဆင့်ကို အသင်း (၈)သင်းဖြင့် ဩဂုတ်လတွင် ဆက်လက်ကျင်းပမည်
MFF-Royal-D U-15 League 2026 ပြိုင်ပွဲ မန္တလေးဇုန် ခြေစစ်ပွဲကို ဇွန်လ (၁၉) ရက်မှ (၂၁ )ရက်အထိ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ရာ၊ ဒုတိယအဆင့်ပြိုင်ပွဲကို လာမည့် ဩဂုတ်လ ပထမပတ်မှ ဒီဇင်ဘာလအထိ နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။
ဒုတိယအဆင့်ပြိုင်ပွဲတွင် ပါဝင်မည့်မန္တလေးဇုန်မှ (၈)အသင်းမှာ STNM FC၊ Shwe Pay Leik FC၊ Sparrow FC၊ Anis akhan FC၊ Youth Soccer Future FC၊ Sagaing UTD FC၊ MFF Academy (Mandalay) U-14နှင့် Bawgabala FC အသင်းတို့ ဖြစ်ကြောင်း အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးကျင်းပပြီး Royal-D မှ အဓိကပံ့ပိုးကူညီထားသည့် ယခုခြေစစ်ပွဲတွင် Bawg abala FC၊ Warm FC၊ Naypyitaw Utd FC နှင့် GE Mahar FC တို့ယှဉ်ပြိုင်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် Bawgabala FC အသင်းက ဒုတိယအဆင့်သို့ တက်ရောက်ခွင့် ရရှိသွားခြင်းလည်းဖြစ်သည်။
အဆိုပါ ဒုတိယအဆင့် ပြိုင်ပွဲများအပြီးတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကောင်းဆုံး အသင်း (၈)သင်းကို ရွေးချယ်ကာ ချန်ပီယံလုပွဲကို ကျင်းပသွားမည်ဖြစ်သည်။
ကျန်ရှိနေသေးသည့် နယ်ဇုန်များဖြစ်သော တောင်ကြီးဇုန်နှင့် မော်လမြိုင်ဇုန်တို့အတွက် အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာပေးသွားမည်ဟု အဖွဲ့ချုပ်က အသိပေးထားသည်။
