မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား YouTube Channel ဖြစ်သော Mahamuni Pagoda မှ ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်ကြည်ညိုနိုင်ပြီ ဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူများ နေ့စဉ် ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်ကြည်ညိုနိုင်ရန် ရည်ရွယ်၍ ထိုသို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
ယင်းအစီအစဉ်သည် မဟာမုနိ ဘုရားကြီးဂေါပကအဖွဲ့သစ် လက်ထက်တွင် စတင်ဆောင်ရွက်နိုင်ခဲ့သည့် ဝန်ဆောင်မှုတစ်ရပ်လည်း ဖြစ်သည်။
ထို့ပြင် ဘုရားကြီးပရိဝုဏ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများနှင့် သာသနိကအဆောက်အအုံများအား ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိနေသည်။
