Monday, June 22, 2026

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား ရာထူးက နုတ်ထွက်

ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား (Keir Starmer) ဟာ တနင်္လာနေ့ (ဇွန်လ ၂၂ ရက်) မှာ ရာထူးကနေ...

​MFF-Royal-D U-15 League မန္တလေးဇုန်...

ဒုတိယအဆင့်ကို အသင်း (၈)သင်းဖြင့် ဩဂုတ်လတွင် ဆက်လက်ကျင်းပမည် ​MFF-Royal-D U-15 League 2026 ပြိုင်ပွဲ မန္တလေးဇုန် ခြေစစ်ပွဲကို ဇွန်လ (၁၉)...

မဟာမုနိဘုရားကြီးအား အွန်လိုင်းမှ ၂၄ နာရီပတ်လုံး...

မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား YouTube Channel ဖြစ်သော Mahamuni Pagoda မှ ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်ကြည်ညိုနိုင်ပြီ...

စတားမား ရထူးမှ နုတ်ထွက်ရန်အကြောင်းမရှိ–ဗြိတိန်စီးပွားရေးဝန်ကြီး

ဝန်ကြီးချုပ် ကီယာ စတားမားသည် တနင်္လာနေ့တွင် ရာထူးမှနုတ်ထွက်ရန် စီစဉ်နေသည်ဆိုသည်မှာ ယုံကြည်လောက်စရာအကြောင်းမရှိကြောင်း ဗြိတိန်စီးပွားရေးဝန်ကြီး ပီတာ ကိုင်လီက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။       စကိုင်းနူးစ်သတင်းဌာနသို့ ကိုင်လီက...
HomeMovies​အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်း အမှတ်...

​အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်း အမှတ် ကျွမ်းဘားပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ​​

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်း ညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ယခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ (၂၁) ရက်နေ့ နံ နက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းရှိ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် လေ့ကျင့်ရေးအား ကစားရုံ၌ ကျင်းပခဲ့သည်။

​အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်နှင့် ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူးများ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်က ပြိုင်ပွဲအဖွင့်အမှာစကား ပြောကြားခဲ့ကာ နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်က တက်ရောက်လာသူများကို တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ထို့နောက်လူငယ်လက်ရွေးစင် အားကစားသမားများက အဆင့်မြင့် ကျွမ်းဘားအကွက်များဖြင့် သရုပ်ပြကစားခဲ့ကြပြီးနောက် အမျိုးသား/အမျိုးသမီး သက်တမ်းအလိုက် ပြိုင်ပွဲအမျိုးအစားများကို ဆက်လက်ကျင်းပခဲ့သည်။

​ပြိုင်ပွဲများပြီးဆုံးချိန်တွင် ထူးချွန်စွာ ဆုရရှိခဲ့ကြသည့် ပထမဆု၊ ဒုတိယဆုနှင့် ပူးတွဲတတိယဆု ရရှိသူများကို​မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်၊​နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်၊​မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ် အတွင်းရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား ရာထူးက နုတ်ထွက်

ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမား (Keir Starmer) ဟာ တနင်္လာနေ့ (ဇွန်လ ၂၂ ရက်) မှာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ စက်တင်ဘာလမှာ လွှတ်တော်ပြန်လည်စတင်တဲ့အချိန် ခေါင်းဆောင်သစ်တစ်ယောက် ရောက်လာတော့မှာဖြစ်လို့၊ ဒါဟာ ၁၀ နှစ်အတွင်း ဗြိတိန်နိုင်ငံအတွက် ၇ ယောက်မြောက် နိုင်ငံ့ခေါင်းဆောင်ကို ရရှိတော့မယ့်သဘောပါပဲ။ ဗြိတိန်နိုင်ငံရေးက ရှုပ်ထွေးမှုတွေကို အဆုံးသတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာ ၂ နှစ်တောင် မပြည့်သေးပေမယ့်၊ ပါတီဝင်တွေက သူ့ကို ဆင်းပေးစေချင်နေတာ သေချာသွားပြီလို့...

​MFF-Royal-D U-15 League မန္တလေးဇုန် ခြေစစ်ပွဲပြီးဆုံး၊

ဒုတိယအဆင့်ကို အသင်း (၈)သင်းဖြင့် ဩဂုတ်လတွင် ဆက်လက်ကျင်းပမည် ​MFF-Royal-D U-15 League 2026 ပြိုင်ပွဲ မန္တလေးဇုန် ခြေစစ်ပွဲကို ဇွန်လ (၁၉) ရက်မှ (၂၁ )ရက်အထိ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ရာ၊ ​ဒုတိယအဆင့်ပြိုင်ပွဲကို လာမည့် ဩဂုတ်လ ပထမပတ်မှ ဒီဇင်ဘာလအထိ နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။ ဒုတိယအဆင့်ပြိုင်ပွဲတွင် ပါဝင်မည့်မန္တလေးဇုန်မှ (၈)အသင်းမှာ STNM FC၊ Shwe Pay Leik FC၊ Sparrow FC၊ Anis akhan FC၊...

မဟာမုနိဘုရားကြီးအား အွန်လိုင်းမှ ၂၄ နာရီပတ်လုံး Live ဖူးမြော်နိုင်

မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား YouTube Channel ဖြစ်သော Mahamuni Pagoda မှ ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်ကြည်ညိုနိုင်ပြီ ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူများ နေ့စဉ် ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်ကြည်ညိုနိုင်ရန် ရည်ရွယ်၍ ထိုသို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။ ယင်းအစီအစဉ်သည် မဟာမုနိ ဘုရားကြီးဂေါပကအဖွဲ့သစ် လက်ထက်တွင် စတင်ဆောင်ရွက်နိုင်ခဲ့သည့် ဝန်ဆောင်မှုတစ်ရပ်လည်း ဖြစ်သည်။ ထို့ပြင် ဘုရားကြီးပရိဝုဏ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071