၂ဝ၁၇ ခုနှစ် ၊ ဓမ္မာစရိယ ၊ ပါဠိ ပထမပြန်စာမေးပွဲ ၊ နိကာယ် စာမေးပွဲ ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေး ပွဲများတွင် အောင်မြင်တော် မူကြသော စာအောင် ပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ် အောင်လက်မှတ်နှင့် လှူဖွယ် ဝတ္ထုပစ္စည်များ ဆက်ကပ် လှူဒါန်း

0
188

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂ဝ၁၇ ခုနှစ် ၊ ဓမ္မာစရိယ ၊ ပါဠိပထမ ပြန်စာမေးပွဲ ၊ နိကာယ်စာမေးပွဲ ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ များတွင် အောင်မြင်တော်မူကြသော သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂ဝ၁၇ ခုနှစ် ၊ ဓမ္မာစရိယ ၊ ပါဠိပထမ ပြန်စာမေးပွဲ ၊ နိကာယ်စာမေးပွဲ ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ များတွင် အောင်မြင်တော်မူကြသော စာအောင် ပုဂ္ဂိုလ်များအား ဘွဲ့တံ ဆိပ်အောင်လက်မှတ်နှင့် လှူဖွယ် ဝတ္ထု ပစ္စည်များ ဆက်ကပ်လှူဒါန်း သည့် (၃၃)ကြိမ်မြောက် မဟာဘွဲနှင်း သဘင် အခမ်းအနား ကို ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ် ၁၂ နာရီက မန္တ လေးမြို့ ၊ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု ၊အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသောနိုင်ငံတော်သြဝါဒစရိယဆရာတော် ကြီးများ၊ ဓမ္မာစရိယ ၊ ပါဠိပထမ ပြန်စာမေးပွဲ ၊ နိကာယ်စာမေးပွဲ ၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲ များတွင် အောင်မြင်တော်မူကြသော စာအောင် သံဃာတော်များ၊ သီလ ရှင်များနှင့် လူပုဂ္ဂိုလ်များ  ကြွ ရောက် ကြပြီး ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဇနီး ၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက် တာဇော်မြင့်မောင်နှင့်ဇနီး ၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန် ကြီးများနှင့်ဌာနဆိုင်ရာတာဝန် ရှိသူ များ ၊ ဖိတ်ကြားထားသူများ ၊ အလှူ ရှင်များတက်ရောက်ကြည်ညိုကြသည်။

“ယခုကဲ့သို့ နိုင်ငံတော်အစိုးရ က ပရိယတ္တိစာမေးပွဲများကို ကျင်း ပပေးပြီး ရှင်ရဟန်း၊ သံဃာများက ပရိယတ္တိစာပေများ သင်အံကျက်မှတ် ဖြေဆိုအောင်မြင် နေကြပါတယ်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် ပရိယတ္တိစာပေများကို  သင်ကြားပို့ချလျက်ရှိသော ဆရာ တော် သံဃာတော်များ အထင်အရှား ရှိနေသည်ကို  တွေ့မြင်ကြားသိရသဖြင့်  မြတ်စွာဘုရားရှင်၏ သာသနာတော် ကြီး ဆက်လက်တည်တံ့စေရန် အ တွက်အားတက်ရပါတယ်” ဟု သာသ နာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးသူရဦးအောင် ကိုကပြောကြားသည်။ ဘွဲ့နှင်းသဘင် အခမ်းအနား တွင် သာသနဓဇဓမ္မာစရိယအောင် ရဟန်း ၇ဝ၁ ပါး ၊ သီလရှင် ၇၅ ပါး နှင့် အမျိုးသမီး ၁ ဦး ၊ ဓမ္မာစရိ ယအထူးအောင် ၄ ပါး၊ ဓမ္မာစရိယ မြန်မာဂုဏ်ထူးအောင်၃ပါး၊  ဓမ္မာ စရိယပါဠိဂုဏ်ထူးအောင်၃ပါး၊ ပါဌိ ပထမပြန်စာမေးပွဲ အထူးအောင် ၁၂ ပါး ၊ နိကာယ်စာမေးပွဲ အသီး သီးမှ အထူးအောင် အပါး၂ဝ ၊ အဘိ ဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲအတန်း အသီးသီးမှ ထူးချွန်စွာ အောင်မြင် ခဲ့ကြသော ပုဂ္ဂိုလ် ၉ ဦး တို့အား အောင်လက်မှတ်ချီးမြှင့် ပေးအပ်ခဲ့ သည်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here